Monday, April 4, 2016










" TIME MANAGEMENT "
အချိန်ကို ကောင်းစွာစီမံခန့်ခွဲခြင်း
အချိန်ကို ကောင်းစွာ စီမံခန့်ခွဲတတ်ခြင်းက
ဘ၀အောင်မြင်မှုအတွက် အခြေခံအကျဆုံး စည်း
မျဉ်းစည်းကမ်းတစ်ခုပဲဖြစ်ပါတယ်။အချိန်စီမံခန့်  ခွဲမှု(Time Management)ဟာသိပ်ကိုအရေးပါ တယ်ဆိုတာအားလုံးသိပြီးသားပါပဲ။
ဒီအကြောင်းကိုစာအုပ်
တွေမှာ ဖတ်ဖူးကြမှာဖြစ်သလို ဟောပြောပွဲအချို့
မှာလည်း ကြားဖူးပြီးသားဖြစ်မှာပါ။ ဆရာတွေနဲ့
အကြံပေးပုဂ်္ဂိုလ်တွေကလည်း အချိန်ကို စနစ်တကျစီမံခန့်ခွဲဖို့ လိုအပ်ကြောင်း တိုက်တွန်းရေးသားပြောဆိုလေ့ရှိကြတာပါပဲ။
ဒါဆိုဘာဖြစ်လို့ ဒီအကြောင်းကို ဆောင်းပါး
တစ်ပုဒ်အဖြစ် တစ်မျိုးတစ်ဖုံ ထပ်မံရေးသားနေရ
တာလဲ။ အဖြေကတော့ ရှင်းပါတယ်။ လူအတော်
များများဟာ အချိန်ဟာ
တန်ဖိုးရှိမှန်းသိကြပါတယ်။
အချိန်စီမံခန့်ခွဲမှု အရေးပါမှန်းသိကြပါတယ်။ ဒါပေမဲ့ တကယ်လိုက်နာကျင့်သုံးမှုတွေတော့ မလုပ်ကြပါဘူး။ အချိန်ဟာအဖိုးတန်တယ်၊ အရေးကြီးတယ်လို့သိနေတဲ့ ကြားကပဲ အချိန်တွေကိုဖြုန်းတီးနေတတ်
ကြပါတယ်။ အချိန်တွေ ဆွဲနေတတ်ကြပါတယ်။
အချိန်ကို မလေးမစား လုပ်နေကြပါတယ်။ အချိန်
စီမံခန့်ခွဲမှုကိုလက်တွေ့မလုပ်ကြဘဲနေ့စဉ်ဘဝ
တွေကို အဆင်ပြေသလိုပဲ ဖြတ်သန်းနေတတ်ကြပါ
တယ်။ ဒါကြောင့်လည်း အခုလိုရေးသားပြီးထပ်မံ
သတိပေးတိုက်တွန်းရခြင်းဖြစ်ပါတယ်။
ပြောပြီးသားစကားကို ထပ်မံပြောပါရစေ။
အချိန်စီမံခန့်ခွဲမှု (Time Management) ဟာ သိပ်အရေးကြီးပါတယ်။ “ဒါကို ကျွန်တော်သိပြီးသားပါ
ဗျာ”လို့ ပြောချင်ပြောနိုင်ပါတယ်။ သိနေရုံနဲ့ မပြီး
သေးပါဘူး။ အရေးကြီးတာက
တကယ်လုပ်ဖို့ပဲဖြစ်ပါတယ်
ဒီတော့သင့်ကိုယ်သင်ပြန်မေးပါ။ စနစ်တကျ
အချိန်စီမံခန့်ခွဲမှုတွေနေ့စဉ်လုပ်နေသလားလို့။
သင့်အဖြေက “လုပ်နေပါတယ်” ဆိုရင်တော့
သင်ဟာ သင့်ရဲ့ဘ၀ကို ပိုကောင်းအောင် ပြောင်း
လဲဖို့ ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ
ကြောင့် သင့်အတွက် ဂုဏ်ယူပါတယ်။ သင့်ရဲ့
အဖြေက “မလုပ်ဖြစ်ပါဘူး” ဆိုရင်တော့
အခုဒီစာကိုဖတ်ပြီးတာနဲ့ စတင်လုပ်ဆောင်ဖို့ တိုက်တွန်းပါရစေ။
သင်အောင်မြင်ဖို့ သင်ကိုယ်တိုင်စတင်ပြောင်း
လဲချင်စိတ်ရှိရပါမယ်။ အချိန်တွေကို အကျိုးရှိရှိ
စနစ်တကျ စီမံခန့်ခွဲပါမှ သင့်ဘ၀ဟာ အခုအခြေ
အနေထက် ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။
စီမံခန့်ခွဲတယ်ဆိုတာ ထိရောက်မှုရှိအောင်၊
အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်တာ ဖြစ်ပါ
တယ်။ လူတွေအားလုံး တန်းတူညီမျှပိုင်ဆိုင်ထား
ကြတဲ့ အချိန်တွေကို ထိရောက်အောင်၊ အကျိုး
ဖြစ်အောင် လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းပေါ်မှာ
မူတည်ပြီး အောင်မြင်သူတွေ၊ မအောင်မြင်သူတွေ
ကွာခြားသွားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့အချိန်တွေကို အကျိုးဖြစ်ထွန်းအောင် ထိထိရောက်ရောက် လက်တွေ့စီမံခန့်ခွဲဖို့ နည်းလမ်းတွေကိုမျှဝေပေးပါရစေ။
၁။ ကိုယ်ပိုင်အချိန်ဇယား (Time Table) တစ်ခု
ကို စတင်ဆွဲလိုက်ပါ။
ကိုယ်ပိုင်အချိန်ဇယားကို စတင်ဆွဲလိုက်တာနဲ့
သင့်ရဲ့ နေ့စဉ်ဘ၀ဟာ အဓိပ်္ပာယ်ရှိလာပြီး စနစ်တကျနဲ့ တိုးတက်ကောင်းမွန်လာတာကို မျက်မြင်တွေ့
ရှိရမှာပါ။ မနက်ဘယ်အချိန်ထမယ်၊ ညဘက် ဘယ်အချိန် အိပ်ယာဝင်မယ်၊ ဘယ်အချိန် စားမယ်၊ဘယ်အချိန်နားမယ်၊ ဘယ်အချိန်မှာ စာဖတ်မယ်၊လေ့လာမယ်၊ ဘယ်အချိန်မှာ ဘာအလုပ်တွေ လုပ်မယ်စတာတွေကို သင်ကိုယ်တိုင် စိတ်တိုင်းကျ
ထည့်သွင်းနိုင်ပါတယ်။ သင့်အချိန်ဇယားကို သင်
ကိုယ်တိုင် ဖန်တီးရေးဆွဲထားတာဖြစ်တဲ့အတွက်
သင်ပိုင်ပါတယ်။ လိုတိုး ပိုလျော့ အနုတ်အသွင်း
စိတ်ကြိုက်လုပ်နိုင်ပါတယ်။ စိတ်တိုင်းကျပြင်ဆင် ရေးဆွဲပြီး အတည်ပြုပြီးပြီဆိုရင်တော့ သင့်အချိန်
ဇယားအတိုင်း သင်ကိုယ်တိုင် မပျက်မကွက် လိုက်နာလုပ်ဆောင်နိုင်ရပါမယ်။
အချိန်ဇယားဟာ သင့်ကို မလွတ်လပ်အောင်
ဘောင်ကန့်သတ်လိုက်တာ မဟုတ်ပါဘူး။ အဲ့လို
အတွေးဟာ မှားယွင်းတဲ့ အယူအဆတစ်ခုပါပဲ။
အချိန်ဇယားနဲ့ စနစ်တကျလုပ်ဆောင်တတ်တာ
ဟာအလေ့အကျင့်ကောင်းတစ်ခု၊အပြုအမူ
ကောင်းတစ်ခုဖြစ်ပါတယ်။ နေ့စဉ်ဘ၀ကို စည်းနဲ့ကမ်းနဲ့သပ်သပ်ရပ်ရပ် နေထိုင်ဖြတ်သန်းနေခြင်းလည်းဖြစ်ပါတယ်။
၂။ နေ့စဉ် လုပ်ဆောင်စရာ (To Do Lists) များကို စာရင်းပြုစုပါ။
လုပ်ဆောင်စရာ အလုပ်တွေဘာတွေရှိလည်း
စဉ်းစားပါ။ သင်ဘာတွေလုပ်ဆောင်ချင်သလဲ
ဆုံးဖြတ်ပါ။ စာရွက်ပေါ်မှာချရေးပြီး စာရင်းပြုစုပါ။
လုပ်ဆောင်မှုစာရင်းပြုစုခြင်းဟာ ကိုယ်ဘာတွေ
လုပ်ရမယ်၊ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာ သိနေစေတဲ့အတွက် စိတ်အေးလက်အေးနဲ့ အလုပ်တွေပြီးမြောက်အောင်ဆောင်ရွက်နိုင်
ပါတယ်။
၃။ ဦးစားပေး အလုပ်များကို အစဉ်တိုင်းသတ်
မှတ်ပါ။
လုပ်ဆောင်ရမယ့် စာရင်းတွေထဲက ဘယ်
အလုပ်တွေဟာဦးစားပေးလုပ်ရမလဲသတ်မှတ်ပါ။
ဦးစားပေးလုပ်သင့်တာတွေကို အရင်ဆုံးလုပ်ပါ။
နောက်မှ လုပ်သင့်တာကို နောက်မှလုပ်ပါ။ ဦးစား
ပေးအဆင့်တွေနဲ့ အချိန်တွေကို ကောင်းစွာ စီမံနိုင်စေဖို့ စာရေးဆရာကြီး Brian Tracy ရဲ့ “ဦးစားပေးABCDE နည်းလမ်း”လေးကို အသုံးပြုစေချင်ပါတယ်။
- ဦးစားပေး A မှာ ချက်ချင်းလုပ်ရမယ့် အရေး
ကြီးတဲ့ အလုပ်တွေပါဝင်ပါတယ်။
- ဦးစားပေး B တော့ A လောက် အရေးမ
ကြီးပေမယ့် လုပ်ဖြစ်အောင် လုပ်ရမယ့် အရာတွေပါဝင်ပါတယ်။
- ဦးစားပေး C မှာ တခြားသူတွေကို လုပ်ခိုင်း
ရမယ့် အလုပ်တွေ ပါဝင်ပါတယ်။
ဩ ဦးစားပေး D မှာ လုပ်မယ်ဆိုရင် ပျော်ရွှင်
စရာကောင်းပေမယ့် သိပ်အရေးမကြီးတဲ့ အလုပ်
တွေ ပါဝင်ပါတယ်။ (ဥပမာ - Facebook သုံးတာ၊
သူငယ်ချင်းတွေနဲ့ Chatting ပြောတာ၊
Shopping ထွက်တာ၊ TV ကြည့်တာ၊ သီချင်းနားထောင် တာ)
- ဦးစားပေး E ကတော့ အရေးလည်းမကြီး၊
မလုပ်လည်းဖြစ်တဲ့ အလုပ်တွေ ပါဝင်ပါတယ်။ (ဥပမာ- အပျင်းပြေ Game ကစားတာ၊ လက်ဖက်ရည်ဆိုင်ထိုင်တာ၊ အကျိုးမရတဲ့အလုပ်တွေနဲ့ အချိန်ဖြုန်းတာ)
၎။ အရေးကြီးတာအရင်လုပ်ပါ။
လူအတော်များများ အချိန်တွေမလောက်မငှ
ဖြစ်နေကြရတာဟာ အရေးမကြီးတဲ့ ကိစ္စလေးတွေ
(ဥပမာ- ဦးစားပေးD နဲ့ Eတွေ) ကို အရင်ဆုံး
လုပ်မိနေပြီး တကယ်ဦးစားပေးအလုပ်တွေ (ဦးစားပေး A နဲ့ B ကို နောက်မှ လုပ်တာကြောင့် ဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက လူတွေဟာ
သူတို့လုပ်ရမယ့် အရာရာအားလုံးကို အရေးကြီး
တယ်လို့ ထင်နေကြပါတယ်။ အရာရာတိုင်းသာ
အရေးကြီးနေရင် အလောတကြီးတွေဖြစ်ပြီး အချိန်
မလုံလောက်မှုတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်
“အမှန်တကယ် အရေးကြီးတာ ဘာလဲ” ဆိုတာ
သိဖို့က သိပ်အရေးကြီးပါတယ်။
၅။ တစ်ကြိမ်မှာ အလုပ်ကိစ္စတစ်ခုကိုသာလုပ်ပါ။
ကိုယ့်အတွေးထဲမှာ “ဒါတွေလည်း လုပ်ရဦး
မယ်၊ ဟိုဟာတွေလည်လုပ်ရဦးမယ်” လို့ တွေးပြီး
ဗျာများနေရင် ဘာကိုမှ ထိရောက်ပြီးမြောက်
အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ တစ်ပြိုင်နက်
အလုပ်တွေအများကြီးကို ခေါင်းထဲထည့်ထားပြီး
လုပ်လေလေ၊ စွမ်းဆောင်ရည်တွေ ကျလေလေ၊
ထိရောက်မှုနည်းလေလေဆိုတာ သိထားပါ။ တစ်
ကြိမ်မှာ အလုပ်ကိစ္စတစ်ခုကိုသာအာရုံစိုက်ထားပြီး
လုပ်မယ်ဆိုရင် ပိုပြီး ထိရောက်ပါတယ်။
၆။ အချိန်သတ်မှတ်ချက် (Time Limit) ထား
ပြီးလုပ်ပါ။
အချိန်သတ်မှတ်ချက်မထားဘဲ လုပ်ရင် ပြီးချင်
တဲ့အချိန်မှ ပြီးပါလိမ့်မယ်။ ကိုယ့်စိတ်ကလည်း
လုပ်ချင်တဲ့ အချိန်မှ လုပ်မယ်ဆိုတာမျိုး ဖြစ်လာ
တတ်ပါတယ်။ ဘယ်အလုပ်ကို ဘယ်အချိန်မှာပြီး
အောင်လုပ်မယ်ဆိုတာ သတ်မှတ်ပါ။ အချိန်မဆွဲ
ပါနဲ့။ သတ်မှတ်ချိန်အတွင်း တကယ်ပြီးမြောက်
အောင်လည်းလုပ်ပါ။ အချိန်တွေ အများကြီး
သက်သာလာပြီး အချိန်ပိုတွေ ထွက်လာပါလိမ့်မယ်။
၇။ မပင်ပန်းပါစေနဲ့။့။
လုပ်ဆောင်စရာတွေ ရှိတယ်ဆိုပေမယ့် တစ်ခု
ပြီးတာနဲ့တစ်ခု ဆက်တိုက်လုပ်မနေဘဲအနားယူတဲ့
အချိန်လေးတွေကိုလည်း စီမံတတ်ဖို့လိုပါသေး
တယ်။ အချိန်ပြည့် အလုပ်တွေ၊ တာဝန်တွေနဲ့ တရစပ် မနားတမ်းလုပ်နေမယ်ဆိုရင် ပင်ပန်းလာပါလိမ့်မယ်
ညောင်းညာနွမ်းနယ်လာတတ်ပါတယ်။ ဒီလို
ဖြစ်လာရင် ရလဒ်ကောင်းတွေ မရနိုင်ပါဘူး။ ဒါ့အ
ပြင် သင့်ရဲ့ အချိန်တွေနဲ့ ခွန်အားတွေကိုအောင်
ဖြုန်းတီးပစ်သလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်
အချိန်စီမံခန့်ခွဲမှုဇယားမှာ သင့်အနားယူချိန်လေး
တွေကိုလည်း နည်းနည်းစီ ထည့်သွင်းထားဖို့ လိုပါတယ်။ သင့်ကိုယ်သင် မပင်ပန်းအောင် ဂရုစိုက်ပါ။
၈။ပြီးမြောက်မ်မှုကှုကို ပြန်လည်စစ်ဆေးသုံးသပ်ပါ။
ဘာတွေ လုပ်ပြီးပြီလဲ ၊ ဘာတွေ ဆက်လုပ်
စရာကျန်သေးလဲ အမြဲဆန်းစစ်ပါ။ အရေးကြီးတဲ့
အလုပ်တွေ ပြီးအောင်လုပ်ပြီးပြီလား၊ရလဒ်ကောင်း
တွေထွက်ရဲ့လား ပြန်လည်သုံးသပ်ပါ။ဘာဖြစ်လို့
လဲဆိုတော့ ကိုယ်က အရေးကြီးတယ်ထင်ပြီး
လုပ်လိုက်ပေမယ့် အမှန်တကယ် အရေးမကြီးတာတွေ
ဖြစ်နေတတ်ပါတယ်။ လုပ်ပြီးတဲ့ အလုပ်တွေကို
အမှန်ခြစ်လေး ခြစ်ထားပါ။ တစ်ခုပြီးမြောက်သွား
တိုင်း စိတ်ကျေနပ် အားရမှုတွေပါ ရရှိလာတာကို
ခံစားသိရှိရမှာပါ။ဒီနည်းလမ်းလေးတွေဟာ သင့်ရဲ့ အချိန်တွေကို ကောင်းစွာအကျိုးဖြစ်ထွန်းစေပါတယ်။ သင့်
ဘ၀ကို တန်ဖိုးထားရင် သင့်အချိန်တွေတိုင်းကို
တန်ဖိုးထားပါ။ လေးလေးနက်နက် စီမံခန့်ခွဲပါ။
တန်ဖိုးရှိတဲ့ ကိုယ့်အချိန်တွေကို အလဟဿ မကုန်
သွားစေပါနဲ့။ လမ်းမှာ ကားပိတ်နေတဲ့အချိန်တွေ၊
တစ်ခုခုကို စောင့်ဆိုင်းနေရတဲ့ အချိန်တွေမှာ စာ
ဖတ်ပါ။ အသံသွင်း သင်ခန်းစာတွေ၊ ဟောပြော
ချက်တွေ၊ တရားဓမ်္မတွေကို နားထောင်ပါ။ ဒါမှ
မဟုတ် ဒီလိုအချိန်မျိုးတွေမှာ သင့်ကို ပျော်ရွှင်စေ
မယ့် အလုပ်မျိုးတွေ (ဥပမာ - ဦးစားပေး D တွေ)
လုပ်နိုင်ပါတယ်။
လူသားတွေအားလုံး အချိန်တွေကို တန်းတူ
ညီတူရရှိထားကြပေမယ့် အောင်မြင်မှုကို တန်းတူ
ညီတူ မပိုင်ဆိုင်ထားကြတာဟာ အချိန်တွေကို
အသုံးချမှုတွေ ကွာခြားသွားကြလို့ဖြစ်ပါတယ်။
သင်လည်း သင်ပိုင်ဆိုင်ထားတဲ့ အချိန်တွေကို
အကျိုးရှိရှိ ကောင်းစွာ စီမံခန့်ခွဲမယ်ဆိုရင် လအ
နည်းငယ်အတွင်း လုံးဝသိသိသာသာ ပြောင်းလဲ
တိုးတက်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။
အခုပဲ အချိန်စီမံခန့်ခွဲမှုကို စတင်လိုက်ပါတော့။

Edit - TYO

No comments: