Monday, April 4, 2016

" JOB SATISFACTION "









" JOB SATISFACTION "
ဝန်ထမ်းတည်မြဲဖို့ အတွက် ဘာတွေ လုပ်ဆောင်ရမလဲ လို့ မေးထား၊ ဆွေးနွေးထားတာတွေ ကို ဖတ်ရင်း .. သံဝေဃ ရပါတယ်၊ ဘာလို့ ဒီလိုတွေ ဖြစ်နေကြတာလဲ .. လူစွမ်းအားအရင်အဖြစ်စီမံခန့်ခွဲမှုအသင်း SHRM ရဲ့ သုတေသန တစ်ခုမှာတော့-2012 Employee Job Satisfaction and Engagement မှာ ပါတဲ့ - Employee Job Satisfaction – ၀န်ထမ်းများရဲ့ အလုပ်အပေါ်မှာကျေနပ်မှု ရှိမရှိဆိုဆိုတာကို အောက်ပါအချက်တွေမှာ အခြေခံပြီး တိုင်းတာပါတယ် တဲ့ဗျာ။
ဒီတော့ ဒီတိုင်းတာတဲ့ အကြောင်းတရားတွေအပေါ် မှာ မိမိတို့ လုပ်ငန်းအနေဖြင့် ဘယ်လောက်ထိ အာရုံ စိုက် ဖြည့်ဆည်းဆောင်ရွက်ပေးထား သလဲ . မိမိတို့ ပေးထားတဲ့ အရာတွေကို ၀န်ထမ်းတွေက ဘယ်လောက်ထိ ကျေနပ်နေကြလိမ့်မယ်လို့ ထင် ပါသလဲ လို့ ပြန်မေး ရမယ့် သဘောတွေ ဖြစ်လာ ပါတယ်။ မိမိ တို့လုပ်ငန်း ရဲ့ အောက်ပါအချက်တွေအပေါ် မှာ ဘယ်လို မူဝါဒ တွေ၊ ဆောင်ရွက်ချက်တွေ၊ ရှိသလဲ ဆိုတာကို ဆန်းစစ်ကြည့်နိုင်ဖို့ ပါ။
1) ပထမဆုံး တိုင်းတာ စောင့်ကြည့်တဲ့ အကြောင်းတရား ကတော့ Career Development - ၀န်ထမ်းတွေရဲ့ အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်မှု .ဘယ်လောက်ရှိသလဲဆိုတာကို ကို စတင် တိုင်းတာ ပါတယ်။ ဒီတော့ ဒီအကြောင်းတရားတွေ ကို မိမိတို့ လုပ်ငန်းမှာ ဘာတွေ ဆောင်ရွက်ပေးထား ပါသလဲ။ အဲ့ဒီမှာ ပါတဲ့ အချက်တွေကတော့ -
a. ၀န်ထမ်းတွေ အနေဖြင့် သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး စွမ်းရည်တွေကို အပြည့်အ၀ အသုံးချနိုင်ခွင့် ရှိ ပါရဲ့လား…
b. ၀န်ထမ်းတွေ အနေဖြင့် ဒီအဖွဲ့အစည်းမှာ လုပ်ကိုင်ခြင်းဖြင့် သူတို့တွေရဲ့ အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းတိုးတက်မှု အခွင့်အလမ်း ရှိ ပါရဲ့ လား..
c. လုပ်ငန်းအနေဖြင့် ၀န်ထမ်းတွေရဲ့ ကျွမ်းကျင်ပညာရှင်အဆင့်သို့ ဖြစ်တည် တက်ရောက်နိုင်ခွင့်- နိုင်ဖို့ အတွက် အာရုံ စိုက် ဆောင်ရွက်ပေးထား ပါသလား…
d. လုပ်ငန်းနှင့် ပတ်သက်တဲ့ လိုအပ်တဲ့သင်တန်းတွေ ပေးထား ပါသလား.. အမြဲမပြတ် ပေးတာလား၊ တစ်ခါတစ်ရံပေးတာလား၊ စ၀င်ခါစ တစ်ခါ ပဲ ပေးတာလား..
e. ရာထူးတိုးတက် ရရှိနိုင်တဲ့ အခွင့်အလမ်း ဘယ်လောက် ဖွင့်ပေးထားပါသလဲ၊ လူတိုင်း ဒီအကြောင်းကို သိနေပါရဲ့လား၊ ရာထူးတိုးမြင့်ပေးမှု မူဝါဒ တွေ ဘယ်လို ချမှတ်ဆောင်ရွက်ပေးနေပါသလဲ၊ ပွင့်လင်းမြင်သာမှု နှင့် မျှတမှု ရှိ ပါရဲ့လား၊
f. ၀န်ထမ်းတွေဟာ သူတို့ကိုယ်တိုင် သူတို့ စိတ်ဝင်စားတဲ့ ပညာရပ်ကို သင်ယူ လေ့ကျင့်မယ် ဆိုပါက ကုန်ကျစရိတ်ကျခံပေးမှု အစီအစဉ်၊ အလုပ်ချိန် ညှိနှိုင်းပေး မှု အစီအစဉ်တွေ ရှိ ပါသလား..
g. အချင်းချင်း ဆက်သွယ် ဆောင်ရွက်နိုင်ခွင့် . အသိုင်းအ၀န်းအတွင်းမှာ ပါဝင်နေထိုင်ခွင့် ဘယ်လောက် ရှိ ပါသလဲ။
2) ဒုတိယ အချက်ကတော့ Employee Relationship with Management - အပေါ်အောက် ဆက်ဆံရေး ဖြစ်ပါတယ်။ ၀န်ထမ်းတိုင်းက အထက်လူကြီး နှင့် ခင်မင်ရင်းနီးလိုကြ ပါတယ်။ ဆက်ဆံလုပ်ကိုင်ရတာမျိုး ကို သဘောတွေ့ ကြ ပါတယ်. ဒီတော့
a. စီနီယာ စီမံခန်ကခွဲမှု အဆင့် အရာရှိကြီးများ နှင့် အောက်က၀န်ထမ်းများ အကြား ဆက်ဆံရေး ကို ဘယ်ပုံ တည်ဆောက်ထား ပါသလဲ..
b. ၀န်ထမ်းတွေနှင့် သူတို့ရဲ့ ဌာန တာဝန်ခံ အထက်လူကြီး နှင့် ဆက်ဆံရေး ပြေပြစ်မှု ရှိ မ၇ှိ ဆိုတာကို ဘယ်လို မူ ချမှတ်ဆောင်ရွက်နေပါသလဲ..
c. ၀န်ထမ်းတွေရဲ့ လုပ်ငန်းလုပ်ဆောင်မှု ရလဒ်တွေ အပေါ် မှာ အထက်လူကြီးတွေက ဘယ်အတိုင်းအတာမျိုး ဖြင့် အသိအမှတ်ပြု ကြောင်း ပြသ ပါသလဲ၊ ပုံ မှန်လား၊ ကြုံ မှလား.. မူချမှတ် ဆောင်ရွက်တာမျိုး လား..
d. အလုပ်လုပ်တကြ အခါမှာ ဘယ်အတိုင်းအတာထိ လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြု ထား ပါသလဲ .လုပ်ပိုင်ခွင့်ပေးထားတကြ ပုံ စံ ကို ဘယ်လို သတ်မှတ်ပေးထား ပါသလဲ ..
3) တတိယ အဆင့်ကတော့ Compensation and Benefits - လုပ်ခ လစာ နှင့် အခြားခံစားခွင့်တွေ ဖြစ် ပါတယ်။ အဲ့ဒီမှာ ပြန်ကြည့်ဖိုက လိုတာကတော့ -
a. လစာ ပေးထားတဲက အနေအထား ဘယ်လို ၇ှိလဲ၊ တခြားလုပ်ငန်းတူတေါ နှင့် ယှဉ်ကြည့်ဖူးလား၊ သူများထက် မသာရင်တောင် မနဲတဲက အနေအထား ၇ှိ ပါရဲ့လား. ဘောနပ်ပေးထားမှု၊ ကော်မ၇ှင်ပေးထားမှု၊ အခြားသွေသုံးစွဲ မှုခံစားခွင့် ဘာတွေရှိ လဲ..
b. အခြား ခံစားခွင့်တေါ အနေဖြင့် ဘာတွေ စီစဉ်ထား လဲ .. အခြား ခံစားခွင့် ဆိုတာ ကို ဘယ်လို နားလည် ပြီး ဘယ်အချက်တွေကို ထည့်သွင်း အကောင်အထည် ဖေါ် ပေးနေပါသလဲ ..
c. ၀န်ထမ်းတွေရဲ့ ဘ၀လူနေထိုင်မှု ပုံစံ နှင့် အလုပ်က ပေးထားတဲ့ ခံစားခွင့်တွေ လိုက်လျောညီထွေ ဖြစ်နေ ပါရဲ့ လား ..
4) နောက်ဆုံးတစ်ခုကတော့ Work Environment အကြောင်း ဖြစ်ပါတယ်။ အဲ့ဒီမှာ
a. ၀န်ထမ်းများရဲ့ အလုပ်ခွင်တည်မြဲမှု
b. လုပ်ငန်းရဲ့ အလုပ်နှင့် ဘဏ္ဍာရေး အနေအထား တည်မြဲ မှု
c. လုပ်ငန်းက မိမိ ခြေထောက်ပေါ် မိမိရပ်တည်နိုင်တဲ့ လုပ်ငန်း ဖြစ်ရဲ့လား
d. အလုပ်ခွင် လုံခြုံမှု၊ ဘေးအန္တရာယ် ကင်းရှင်းမှု၊ သန့်ရှင်း သပ်ရပ်မှု၊ ကျန်းမာရေး နှင့်ညီညွတ်မှု
e. လုပ်ငန်းရဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှု ပုံစံ
f. လုပ်သား အချင်းချင်း ဆက်ဆံ ဆက်သွယ် ပူးပေါင်းဆောင်ရွက်တတ်မှု ပုံစံ
g. လုပ်နေရတဲ့ အလုပ်က အနှစ်သာရ ရှိကြောင်း ပြသနေမှု
h. ရည်မှန်ချက်ကို ရောက်အောင် ပါဝင်ခွင့်၊ သိရှိခွင့်
i. ဆောင်ရွက်ရတဲ့ အလုပ် အမျိုး အစားတွေက ဘာတွေလဲ
j. CSR ဘယ်လောက် ကောင်းသလဲ
စသည်ဖြင့် ပြောထား ပါတယ်။
ကဲ မိမိ ကိုယ်တိုင် ဆန်းစစ်နိုင်ပါပြီလို့ ထင်ပါတယ်…………

Edit - TYO

No comments: