တစ်ခါက
သူဌေးတစ်ယောက်မှာ အလုပ်သမားဖြစ်တဲ့ လက်သမား ဆရာကြီးတစ်ယောက်ရှိတယ်။ အသက်၆၀ပြည့်တော့
လက်သမားကြီးက သူဌေးကို အလုပ်အနားယူဖို. တောင်းဆိုတာပေါ့။ ဒီတော့ သူဌေးကြီးက နောက်ဆုံးအိမ်တစ်အိမ်တော့
ဆောက်ပေးခဲ့ဖို.သူ.လက်သမားကြီးကို တောင်းပန်ခဲ့တယ်။ လက်သမားကြီးကလည်း မဆောက်ပေးနိုင်တော့ကြောင်း ပြန်ပြောတော့ သူဌေးကြီးက ခယစွာဘဲ နောက်ဆုံးတောင်း ပန်တာကြောင့် လက်သမားကြီးက စိတ်မပါဘဲနဲ .နောက်ဆုံး အိမ်တစ်ဆောင်ကို
ဆောက်ပေးခဲ့တယ်လေ။ ၁နှစ်ဆောက်ရမယ့်အိမ့်ကို ၆လ နဲ.ပြီးအောင် ဆောက်ပေးခဲ့ပါတယ်။ အိမ်ဆောက်
ပြီးတော့ အိမတံခါးကို သော့ခပ်ပြီးတော့ သူဌေးဆီ ကို သော့သွားအပ်တယ်။ သူဌေးမင်းအိမ်ပြီးသွားပါပြီး
ဒီမှာ အိမ်တံခါးသော့ပါလို. ပေးလိုက်တယ်။ သူဌေးက သော့ကို ကိုင်ပြီးတော့ အဲဒီအိမ်က မင်းအတွက်
အသက် ၆၀ပြည့်အောင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ငါ့ရဲ. လက်ဆောင်ဘဲတဲ့။ လက်သမားကြီးဟာ လက်မှိုင်ကြသွားတယ်
။ ဒီလိုမှန်းသိရင် သံ၊အုပ်၊သစ်ဝါး အကောင်းဆုံးနဲ. ဆောက်ပါလေရဲ. သူ.စိတ်ထဲမှာ တွေးပြီး
ဝမ်းနည်းစွာနဲ. အိမ်ပြန် လာရတော့တယ်။ ဒါကြောင့် ကိုယ်လုပ်ရပ်ကို ကိုယ်ပိုင်ဆိုင်ရပါတယ်။
ကိုယ့်လုပ်ရပ်ကို ကိုယ့်ပိုင် ဆိုင်နိုင်ကြပါစေ။
No comments:
Post a Comment