
လူငယ်ဆိုတာ…….
အလုပ်ကြိုးစားရတယ်။
သင်ယူလုပ်ကိုင်လိုစိတ်ရှိရတယ်။
တွေးခေါ်မျှော်မြင်မှုရှိရတယ်။
စူးစမ်းလိုစိတ်တွေ ရှိရတယ်။
ရိုးသားကြိုးစားနေထိုင်တတ်ရတယ်။
အသောက်အစား အပျော်အပါးနည်းပါးရတယ်။
စိတ်ထားဖြူစင် မွန်မြတ်သန့်စင်ရတယ်။
စကားအပြောအဆို ချိုသာယဉ်ကျေးရတယ်။
လူကြီးမိဘဆရာသမား အကြီးအကဲတွေကို ရိုသေတတ်ရတယ်။
ဘာသာတရားလည်း ကိုင်းရှိုင်းယုံကြည်မှုတွေလည်း ရှိတတ်ရတယ်။
ဒီ အကျင့်ကောင်းမွန်လေးတွေ ပိုင်ဆိုင်နေပြီဆိုရင်……..
ဒီလူငယ်တစ်ယောက် တိုးတက်အောင်မြင်ဖို့ဆိုတာသေချာပါတယ်။
အကယ်၍ မပိုင်ဆိုင်နိုင်သေးဘူးဆိုရင်လည်း… လူငယ်ဆိုတဲ့အတွက် လက်ရှိပိုင်ဆိုင်ထားတဲ့အချိန်နဲ့ ကျန်ရှိသေးတဲ့ အချိန်များစွာ တွေမှာ ဒီအကျင့်ကောင်းလေးတွေကို ပြင်ဆင်ကျင့်သုံးလိုက်နာရင်း ထူးချွန် ထက်မြက် အောင်မြင်တဲ့လူချွန်လူကောင်းလေးတွေ ဖြစ်လာနိုင်ပါတယ်။
Edit - TYO
No comments:
Post a Comment