ထိပ်တန်းအဆင့် အောင်မြင်မှု.အတွက် DSL မှာ သင်တန်းတက် ......
Thursday, April 21, 2016
" ရွှေဥမင် ဆရာတော် ဘုရားကြီး သြဝါဒ "
မြစ်ကြီးလည်း မခမ်းပါစေနဲ့။
သစ်ပင်ကြီးလည်း မလဲပါစေနဲ့။
ထုံးအိုးကြီးလည်း မကွဲပါစေနဲ့။
✿ မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ အေးမြတဲ့စမ်းရေလို ကြည်ကြည်လင်လင် တသွင်သွင်စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီးကို ဆိုလိုတာပါ။
လူလူချင်း မေတ္တာထားကြ။ မေတ္တာတရားတွေ ပွားများကြ။ လူလူချင်း မေတ္တာတွေ မခမ်းကြစေနဲ့ဆိုတဲ့ အဓိပ္ပါယ် ပဲ ။
✿ သစ်ပင်ကြီးလည်း မလဲပါစေနဲ့ တဲ့။ သစ်ပင်ကြီးဟာ အခက်အလက်အရွက်တွေ ဝေေ၀ဆာဆာနဲ့ အရိပ်အာဝါသကိုပေးတယ်။ ထို့အတူပဲ ... ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့အရိပ် အာဝါသကောင်းကို ခိုလှုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို ရတယ်။ ဒီအရိပ်အာဝါသတွေကို အမိအရ ခိုလှုံဖို့ လိုသလို၊ အရိပ်အာဝါသတွေကို မဖျက်ဆီးမိဖို့ ကျေးဇူးမကန်းမိဖို့ လဲသတိထားရလိမ့်မယ်။
သစ်ပင်ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာ
ရောက်တာပဲ။ ဒါကြောင့် သစ်ပင်ကြီးမလဲအောင်လဲ ကြိုးစား ထိန်းသိမ်းကြပါ။
✿ ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ဆိုတာက ရိုးရာဓလေ့ ထုံးစံတွေကို
ပြောတာပါ။ မိဘဘိုးဘွား လက်ထက်ကတည်းက လိုက်နာကျင့်သုံး
လာကြတဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကောင်းတွေကို မပျောက်ပျက်ရအောင် ထိန်းသိမ်းပြီး ဗုဒ္ဓဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့
နေထိုင်ကြပါ ။
( ရွှေဥမင်ဆရာတော်ဘုရားကြီး )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment