ထိပ်တန်းအဆင့် အောင်မြင်မှု.အတွက် DSL မှာ သင်တန်းတက် ......
Friday, April 1, 2016
" Right man, Right Place"
" Right man , Right Place "
ခေါင်းဆောင်ပဲဖြစ်ဖြစ် ။လက်ထောက်ပဲဖြစ်ဖြစ်။ နောက်လိုက်ပဲဖြစ်ဖြစ် မှန်ကန်တဲ့နေရာမှာ ထိုက်ထိုက်တန်တန်ရှိနေဘို့လိုအပ်ပါတယ်။
မိမိရဲ့ စိတ်သဘောထား ပြည့်ဝမှု ကတော့ နံပတ် တစ်အရေးကြီးဆုံးပါ။ မေတ္တာ ကိုအခြေခံတဲ့ဦးဆောင်မှု ။ ပူးပေါင်းမှု အရေးကြီးပါတယ်။ ဘာမဆို မိမိနဲ့ စာနာပြီး ငါသာဆိုရင် ဆိုတဲ့စိတ်နဲ့ အလုပ်လုပ်ကြဘို့လိုပါတယ်။
နောက်တစ်ချက်က တော့ သင်ယူမှု ကျွမ်းကျင်မှု ပါပဲ။ မိမိအလုပ် ကို မိမိပိုင်နိုင်ကျွမ်းကျင်ဘို့လိုပါတယ်။ သေသေချာချာ ထဲထဲဝင်ဝင် လေ့လာသင်ယူထားဘို့လိုပါတယ်။ အပြန်အလှန် သင်ယူရင်း မျှဝေရင်း အဖွဲ့အစည်းတစ်ခုလုံးဟာ ကျွမ်းကျင်သူများ နဲ့တည်ဆောက်ထားတာမျိုးဖြစ်ရပါမယ်။
မိမိအလုပ်ကို စိတ်ဝင်စားဘို့တန်ဘိုးထားဘို့လိုသလို လုပ်ဖော်ကိုင်ဘက် အထက်အောက်ဝဲယာကို လည်း လေးစားမှုရှိရပါတယ် ရိုးသားစွာ နေထိုင်လုပ်ကိုင်ရင်း လူချစ်လူခင်ပေါများ ဘို့လည်းလိုပါမယ်။အပြန်အလှန်ကူညီကြဘို့လည်းလိုပါတယ်
အများနဲ့ ပူးပေါင်း လုပ်ကိုင်တတ်ဘို့ မိမိရဲ့ စိတ်သဘောထားနဲ့ခံယူချက်ကိုအဆင်သင့်ဖြစ်
နေရပါမယ်။
နေ့စဉ် အလုပ်ကို ပြီးပြတ်အောင်ဆောင်ရွက်နိုင်တာထက် ဘာပိုကောင်းအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အ
တွေးမျိုးတွေးနိုင် ဘို့ ကြိုတင် စီမံမှုမျိုးလည်း လုပ်ဆောင်နိုင်ရပါမယ်။
မိမိကိုယ်မိမိ အရေးပါအရာရောက်သူဖြစ်အောင်အမြဲ ပြင်ဆင် ကြိုးစား နေပါမှ မိမိနဲ့ထိုက်တန်တဲ့ နေရာ ဆိုတာ ကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
အဖွဲ့သားအားလုံး လူမှန် နေရာမှန်ရှိနိုင်ကြပါစေ။
မိမိနေရာကိုမိမိပိုင်ဆိုင်နိုင်ပါစေ။
Ref : The Builders
Subscribe to:
Post Comments (Atom)
No comments:
Post a Comment