Thursday, March 31, 2016

Point Of View














" Point of View "
မိမိရဲ့company ဒါမှမဟုတ်
လုပ်ငန်းတခုလုံးကို
ဘက်ပေါင်းစုံကနေမြင်အောင်
ဖြန့်ကြည့်တတ်ဖို့တော့လိုပါတယ်

ကြည့်တဲ့နေရာမှာ
Henry Ford ပြောခဲ့သလို
"ပြသာနာကိုတွေ့ဖို့ထက်အဖြေကိုတွေ့ဖို့က
ပိုအရေးကြီးပါတယ်"

ပြသာနာတွေကြုံတွေ့ရတဲ့အခါ
အများစုကသူများကိုအပြစ်ရှာ
အပြစ်တင်နေတာနဲ့ပဲအချိန်ကုန်နေကျတယ်
အပြစ်ရှာမဲ့အစားကိုယ့်ကိုအရင်ဆုံးဆန်းစစ်ပါ
ခေါင်းဆောင်ဆိုတာတာဝန်ယူရဲရမယ်
ဖြေရှင်းပေးနိင်ရမယ်

မိမိစီးပွားရေးလုပ်ငန်းတခုကို
မျက်ခြည်မပျက်အောင်ဂရုတစိုက်နဲ့
အချိန်ပေးပါ လူတော်တော်များများက
မိမိလုပ်ငန်းအောင်မြင်လာပြီဆိုတာနဲ့
အာရုံစူးစိုက်မှုတွေတဖြည်းဖြည်းနဲ့
လျှော့ကျလာပြီးမလိုအပ်တာတွေ
အရေးမကြီးတာတွေနဲ့အချိန်ကုန်
နေတတ်ပါတယ်။ လုပ်ငန်းတခုကို
ဦးဆောင်နေသူများဟာ မိမိရဲ့
လုပ်ငန်းမှာဘာတွေဖြစ်နေတယ်
ဘာတွေပြောင်းလဲနေတယ်ဆိုတာ
အမြဲသိနေဖို့အရေးကြီးပါတယ်။

ဒါမှ မိမိလုပ်ငန်းရဲ့အားနည်းချက်
တွေကိုအားသာချက်ဖြစ်အောင်
ပြောင်းလဲနိင်ပြီး
အားသာချက်တွေကိုအားနည်းချက်
မဖြစ်သွားအောင်တားဆီးနိင်မှာပါ။

သင်ဟာ
ခေါင်းဆောင်ကောင်း
တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်
သစ်ပင်တစ်ပင်တည်းကိုကြည့်နေလို့မရပါ
တောအုပ်တခုလုံးကိုမြင် အောင် ကြည့်
တတ်အောင်ကြိုးစားရပါမယ်


Credit - SMN
Edit - TYO

Change your brain , Change your life











တစ်ခါတုန်းကပေါ့ မြို့တစ်မြို့မှာ သူတောင်းစား တစ်ယောက်ရှိတယ်။
🌟ဆင်းဆင်းရဲရဲ တောင်းစားနေရတာကို မကြည့်ရက်လို့  သိကြားမင်းက လူပြည်ဆင်းလာပြီး " အသင် လူသား ငါသင့်ကို ကူညီမယ် ဒါပေမဲ့ သင်ဘယ်လိုလုပ်မလဲဆိုတာကိုတော့ အမှန်အတိုင်းပြောပါ " လို့ပြောလိုက်တော့ သူတောင်းစား က " ကောင်းပါပြီ " လို့ပြန်ပြောတော့ သိကြားမင်းက " ငါ နင့်ကို ပိုက်ဆံ ငါးသိန်းပေးရင် သင် ဘာလုပ်မလဲ " ဆိုတော့ သူတောင်းစားက စဉ်းစားပြီး " ဖုန်းဝယ်မယ် " တဲ့၊
🌟သိကြားမင်းက ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲဆိုတော့ သူတောင်းစားသူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ဘယ်နေရာတောင်းကောင်းလဲမေးပြီး အဲ့ ဒီနေရာသွားတောင်းမယ်တဲ့၊
🌟သိကြားမင်းက အင်း ဒီငွေလောက်နဲ့ သူ့ဘဝမပြောင်းဘူးဆိုပြီ ဒါဆို သိန်းငါးဆယ် ပေးမယ် ဘာလုပ်မလဲဆိုတော့ သူတောင်းစား ကတချက်ထပ်တွေးလိုက်တယ်၊ဆိုင်ကယ်တစ်စီး ဝယ်ပြီးတောင်းလို့ ကောင်းတဲ့နေရာတွေကို မြန်မြန်သွားတောင်းလိုက်မှာပေါ့တဲ့၊
🌟သိကြားမင်းက မဖြစ်သေးပါဘူး ဆိုပြီး သိန်း တစ်ရာပေးမယ်ကွာ... ဘာလုပ်မလဲမေးတော့ သူတောင်းစားက ကားဝယ်ပြီး တစ်မြို့လုံး လိုက်တောင်းမယ်တဲ့၊
🌟သိကြားမင်းက မဖြစ်ပါဘူး နောက်ဆုံးအနေနဲ့ သိန်းငါးရာပေးမယ် ဘာလုပ်မလဲဆိုတော့ သူတောင်းစားက ပျော်ပြီး ဟာ တစ်မြို့လုံးမှာရှိတဲ့ သူတောင်းစားတွေကို ပိုက်ဆံပေး နှင်ထုပ်ပြီး တစ်မြို့လုံးကို သူတစ်ယောက်တည်း တောင်းစားမှာပေါ့တဲ့၊
🌟ဒီပုံပြင်လေးက အတွေးအခေါ်မရှိတဲ့လူ ကိုဘာပေးပေး ဘာမှမဖြစ်လာပါဘူး ၊အခွင့်အရေး ဘယ်လောက်ရရ အတွေးအခေါ် မပြောင်းနိုင်သ၍ ကောင်းမွန်တဲ့ ရလဒ် ဆိုတာ မဖြစ်ပေါ်လာပါဘူး။
🌟ဒီသူတောင်းစားလေးကို ကြည့် ရအောင် ၊သူ့မှာ သူ့လုပ်ငန်းချဲ့ ထွင် ကြီးထွားဖို့ ( Skill set ) ဆိုတဲ့ ကျွမ်းကျင်မှု အပြည့်ရှိပါတယ် ၊ ဒါပေမယ့် ချမ်းသာဖို့ အခွင့်အရေး ရနေတာတောင် တောင်းစားနေတဲ့( Mind Set ) ကို မပြောင်းလဲ နိုင်တာက သူ့ ဘ၀ ရဲ့ အဖြေ ဖြစ်သွားပါတယ်။
🌟မတူညီ တဲ့ ကောင်းမွန်တဲ့ဘ၀ ရဲ့ ရလဒ်ကို လိုချင်သူအတွက် မတူညီတဲ့ လုပ်ဆောင်ချက် တွေကို ပြုလုပ်မယ်ဆိုရင်တော့ သေချာပါတယ် သူများနဲ့မတူတဲ့ အကောင်းဆုံးဆိုတဲ့ ရလဒ်တွေကို တောင့်တလိုက်ရုံနဲ့ ရမယ့် ဘဝမျိုးကို ပိုင်ဆိုင်လာမှာပါ။
★★★ Change your brain,change your Life ★★★
Edit- TYO

တိုးတက်လိုသော လူငယ်များအတွက်


 
လူငယ်ဆိုတာ…….
အလုပ်ကြိုးစားရတယ်။
သင်ယူလုပ်ကိုင်လိုစိတ်ရှိရတယ်။
တွေးခေါ်မျှော်မြင်မှုရှိရတယ်။
စူးစမ်းလိုစိတ်တွေ ရှိရတယ်။
ရိုးသားကြိုးစားနေထိုင်တတ်ရတယ်။
အသောက်အစား အပျော်အပါးနည်းပါးရတယ်။
စိတ်ထားဖြူစင် မွန်မြတ်သန့်စင်ရတယ်။
စကားအပြောအဆို ချိုသာယဉ်ကျေးရတယ်။
လူကြီးမိဘဆရာသမား အကြီးအကဲတွေကို ရိုသေတတ်ရတယ်။
ဘာသာတရားလည်း ကိုင်းရှိုင်းယုံကြည်မှုတွေလည်း ရှိတတ်ရတယ်။

ဒီ အကျင့်ကောင်းမွန်လေးတွေ ပိုင်ဆိုင်နေပြီဆိုရင်……..
ဒီလူငယ်တစ်ယောက် တိုးတက်အောင်မြင်ဖို့ဆိုတာသေချာပါတယ်။
အကယ်၍ မပိုင်ဆိုင်နိုင်သေးဘူးဆိုရင်လည်း… လူငယ်ဆိုတဲ့အတွက် လက်ရှိပိုင်ဆိုင်ထားတဲ့အချိန်နဲ့ ကျန်ရှိသေးတဲ့ အချိန်များစွာ တွေမှာ ဒီအကျင့်ကောင်းလေးတွေကို ပြင်ဆင်ကျင့်သုံးလိုက်နာရင်း ထူးချွန် ထက်မြက် အောင်မြင်တဲ့လူချွန်လူကောင်းလေးတွေ ဖြစ်လာနိုင်ပါတယ်။
Edit - TYO

"ခဲတံပုံပြင်"










" ခဲတံပုံပြင် "
HR အကြောင်းဆက်မပြောခင်မှာ ဖတ်ဖူးတဲ့ Pencil Story ဆိုတဲ့ပုံပြင်လေးတစ်ပုဒ် အရင်ပြောချင်ပါတယ်။ ပုံပြင်လေးကဒီလိုပါ။
ခဲတံလေးတစ်ချောင်းကို ထုတ်လုပ်ပြီး ခဲတံဘူးထဲကိုမထည့်ခင်မှာ သူ့သခင်က "ခဲတံလေးရေ မင်းကိုဒီဘူးလေးထဲမထည့်ခင် မင်းသိဖို့လိုတဲ့အချက် (၅) ချက်ကို ငါပြောပြချင်တယ်။ အဲဒီအချက် (၅) ချက်ကို မင်းသေချာမှတ်ထားပြီး လိုက်နာဆောင်ရွက်ပါ။ လုံးဝမမေ့မလျော့ဘဲ အဲဒီအချက်တွေအတိုင်း မင်းလိုက်နာသွားမယ်ဆိုရင် မင်းဟာအကောင်းဆုံးခဲတံတွေထဲကတစ်ချောင်း ဖြစ်လာလိမ့်မယ်" လို့ဆိုပါတယ်။
ပြီးတော့ သူ့သခင်က အခုလိုဆက်ပြောပါတယ်။
ပထမအချက်ကတော့ ခဲတံလေးရေ မင်းဟာလောကထဲကို ရောက်သွားတဲ့အခါ အင်မတန်မှကြီးကျယ်ခမ်းနားတဲ့ အရာတွေကို မင်းစွမ်းေ ဆာင်နိုင်မယ်ဆိုတာ ငါသံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့ အဲဒီလိုစွမ်းဆောင်နိုင်ဖို့အတွက် မင်းတစ်ယောက်တည်းစွမ်းဆောင်လို့ရမှာ မဟုတ်ဘူး။ မင်းဟာတစ်စုံတစ်ယောက်သောသူရဲ့ လက်ထဲမှာရှိနေမှသာ ဖြစ်နိုင်မှာပါ။ (ခဲတံကို တစ်ယောက်ယောက်က ကိုင်းပြီးရေးမှသာ ရေးလို့ရတာပါ။)
ဒုတိယအချက်က လောကထဲကို မင်းရောက်တဲ့အခါ အချိန်အမြဲတမ်းကြုံတွေ့ရမှာက မင်းရဲ့အသားတွေကို အလွှားလိုက်လှီးထုတ်ပြီး မင်းကိုနာကျင်စေမယ့် ချွန်စက်ပဲဆိုတာ မင်းသိရမယ်။ ဒါပေမဲ့ အဲဒီချွန်စက်ကြောင့်ပဲ မင်းဟာအသုံးဝင်တဲ့ ခဲတံတစ်ချောင်းဖြစ်လာမယ်ဆိုတာ မင်းမမေ့နဲ့နော်။
တတိယအချက်တော့ မင်းပြုလုပ်ခဲ့တဲ့အမှားတွေကို မင်းရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ ပြန်လည်ပြင်ဆင်နိုင်ရမယ်။ အဲဒီလိုလုပ်နိုင်ဖို့အတွက် မင်းရဲ့ကိုယ်မှာ ခဲဖျက်ပါဝင်ပြီးသားပဲ မဟုတ်လား။
စတုတ္ထအချက်ကတော့ မင်းရဲ့အရေးအကြီးဆုံးအစိတ်အပိုင်းဟာ မင်းရဲ့အတွင်းအဇ္ဈတ္တဆိုတာ မင်းသိရမယ်။ (ခဲတံတစ်ချောင်းမှာ အရေးအကြီးဆုံးက အတွင်းဆုံးအပိုင်းမှာရှိတဲ့ ခဲသားပါ။)
ပဉ္စမအချက်ကတော့ ဘယ်လိုကြမ်းတမ်းတဲ့မျက်နှာပြင်မျိုးမှာ ရေးခြစ်ရတာပဲဖြစ်စေ မင်းရဲ့တာဝန်က မင်းအဲဒီနေရာကို ရောက်ခဲ့တယ်ဆိုတဲ့ အမှတ်အသားတစ်ခု မင်းချန်ထားခဲ့နိုင်ရမယ်။ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ မင်းငြင်းဆန်ခွင့်မရှိဘူးနော်။ မင်းရေးကိုရေးခြစ်ရမှာပဲ။
သူ့သခင်ရဲ့ စကားဆုံးသွားတဲ့အခါမှာ ခဲတံလေးက ဟုတ်ကဲ့ပါသခင်။ ကျွန်တော်မျိုးနားလည်ပါတယ်။ သခင့်စကားအတိုင်း လိုက်နာဆောင်ရွက်ပြီး သခင်ဖြစ်စေချင်တဲ့ အကောင်းဆုံးခဲတံတစ်ချောင်းဖြစ်အောင် ကြိုးစားပါမယ်လို့ ကတိပေးပြီး ခဲတံဘူးလေးထဲကို ဝင်သွားပါတယ်။
ခဲတံပုံပြင်နှင့် HR မန်နေဂျာများ
ကဲ..... အဲဒီခဲတံလေးရဲ့နေရာမှာ ကျွန်တော်တို့ HR မန်နေဂျာတွေကို အစားထိုးကြည့်ကြရအောင်။
ပထမအချက်။ ကျွန်တော်တို့တွေဟာ ဘဝမှာ ခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေ အများကြီးရရှိအောင် စွမ်းဆောင်နိုင်ပေမဲ့ အဲဒီလိုအောင်မြင်မှုတွေ ရရှိနိုင်အောင် ကျွန်တော်တို့ဟာ ကိုယ်ကျင့်သိက္ခာရဲ့ ထိန်းကွပ်မှုအောက်မှာ ရှိနေဖို့လိုပါတယ်။ မူရင်းဇာတ်လမ်းမှာကတော့ (if you allow yourself to be held in God's hand) လို့ ဆိုပါတယ်။
ဒုတိယအချက်။ လုပ်ငန်းခွင်ထဲကို ရောက်သွားတဲ့အခါမှာ နောက်ကနေ ပခုံးကိုလှမ်းပုတ်ပြီး အခွင့်အရေးတွေ လက်ထဲထိုးထည့်ပေးမယ့်သူရှိမှာ မဟုတ်ပါဘူး။ သေချာတာကတော့ ကိုယ်ကလှည့်ကြည့်လိုက်တဲ့အချိန်မှာ မျက်နှာတည့်တည့်ကို လက်သီးတစ်လုံးဝင်လာတာမျိုးပဲ တွေ့ရဖို့များပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ လုပ်ငန်းရှင်တွေဘက်ကလည်း ဝန်ထမ်းတွေရဲ့ ဘက်တော်သားတစ်ယောက် ထပ်တိုးလာပါပြီ။ ကုန်ကျစရိတ်တွေ ထပ်တက်လာတော့မှာပဲလို့ စဉ်းစားတာမျိုးတွေရှိနိုင်သလို ဝန်ထမ်းတွေဘက်ကလည်း ငါတို့ကိုကြပ်မယ့်သူတစ်ယောက်တော့ တိုးလာပြန်ပြီဆိုပြီး ဆန့်ကျင်ဖို့ကြိုးစားမှုတွေ တွေ့လာရနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ ကျွန်တော်တို့ရဲ့အရည်အသွေးကို တောက်ပြောင်လာစေမယ့် ကျွန်တောတို့ကိုသွေးပေးတဲ့ ဖြစ်ရပ်တွေလို့ခံယူပြီး ကိုယ့်တာဝန်ကိုယ်ကျေအောင် ဆက်လုပ်ကြရမှာပါ။
တတိယအချက်။ နောက်တစ်ချက်အနေနဲ့ကတော့ ခုနကပြောခဲ့တဲ့ ခဲတံကလေးလိုပဲ ကျွန်တော်တို့ဟာ တစ်ချိန်ချိန်မှာအမှားတွေကို ကျူးလွန်မိကြမှာ ဓမ္မတာပါ။ ဒါပေမဲ့ အလုပ်လုပ်ရင် အမှားတွေ့ရတတ်စမြဲပါ။ အမှားတွေ့မှာကြောက်လို့ အမှားလုံးဝမရှိအောင် ဘာမှအလုပ်ဘူးဆိုရင်တောင် ဘာမှမလုပ်တဲ့အမှားတစ်ခု ကျူးလွန်မိဦးမှာပါ။ အမှားကိုတွေးကြောက်မယ့်အစား ကိုယ့်အမှားကို ဝန်ခံရဲတဲ့သတ္တိမွေးပြီး အမှန်ရောက်အောင် ပြင်ရဲတဲ့သတ္တိရှိဖို့ လိုပါတယ်။ အမှားတွေကို သင်ခန်းစာယူပြီး ပိုမိုတောက်ပြောင်တဲ့ ဘဝတစ်ခုဖန်တီးနိုင်အောင် ကြိုးစားရမှာပေါ့။
စတုတ္ထအချက်။ လေးအချက်အနေနဲ့ အရေးပါဆုံးအစိတ်အပိုင်းဟာ ကိုယ့်ရဲ့အတွင်းအဇ္ဈတ္တပဲ ဆိုတာ နားလည်ထားဖို့လိုပါတယ်။ ခဲတံမှာ ခဲသားကောင်းမှ ရေးလို့ကောင်းသလို လူတွေမှာ ပင်ကိုအရည်အချင်းရှိမှ လုပ်ငန်းတွေအောင်မြင်အောင် ဆောင်ရွက်နိုင်မှာပါ။
ပဉ္စမအချက်အနေနဲ့က ဘယ်လိုအခက်အခဲမျိုးကို ကြုံတွေ့ရသည်ဖြစ်စေ ရောက်ရာနေရာမှာ မိမိတို့ရဲ့အရည်အချင်း၊ လုပ်ရည်ကိုင်ရည်ကို ပြသနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
You were made to do Great Things! ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။
အခုဖော်ပြခဲ့တဲ့ အချက် (၅) ချက်က HR Manager ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အခြေခံအချက်တွေပဲဖြစ်ပါတယ်။ ဒီ (၅) ချက် ပြည့်စုံရုံနဲ့ ပြည့်စုံလုံလောက်ပြီလို့ မဆိုလိုနိုင်ပါဘူး။
နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ကိုယ်လုပ်ဆောင်ရမယ့် ဝတ္တရားတွေကို တိတိပပနားလည်သဘောပေါက်ထားဖို့ လိုအပ်တာပဲဖြစ်ပါတယ်။ HR Manager တစ်ယောက်အနေနဲ့ ကိုယ်လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေနဲ့ ပတ်သက်တဲ့သီအိုရီတွေကို သင်ယူတတ်မြောက်ထားဖို့ လိုအပ်သလို အဲဒီသီအိုရီတွေကို လက်တွေ့အသုံးချတတ်ဖို့လည်း လိုပါတယ်။
သီအိုရီတွေကို ကျောင်းတွေသင်တန်းတွေမှာ သင်ယူလို့ရနိုင်ပေမဲ့ အသုံးချတတ်ဖို့က ကိုယ့်ရဲ့အတွေ့အကြုံတွေက သင်ယူရမှာဖြစ်သလို ကိုယ့်ရဲ့ပတ်ဝန်းကျင်ကနေ၊ အတွေ့အကြုံကြွယ်ဝသူတွေဆီကလည်း သင်ယူရမှာဖြစ်ပါတယ်။ တစ်ခါတပည့်ခံဖူးရင် အခါတစ်ရာ ဆရာလုပ်လို့ရတယ်ဆိုတာ မမေ့စေချင်ပါဘူး။ လက်ရှိကျွန်တ်ာတို့တွေ တွေ့နေရတာကတော့ HR Manager ရယ်လို့ ခန့်အပ်တာဝန်ပေးပြီးသွားတာနဲ့ ဘယ်ကနေစပြီး ဘာလုပ်ရမယ်ဆိုတာ မသိတဲ့လူငယ်တချို့ကို တွေ့နေရပါတယ်။ သူတို့ဟာ အများအားဖြင့် သီအိုရီကို ထုံးလိုချေ၊ ရေလိုနှောက် တတ်ကျွမ်းကြတယ်။ ဒါပေမဲ့ သင်ယူခဲ့တဲ့ပညာရပ်တွေကို လက်တွေ့လုပ်ငန်းခွင်ထဲမှာ အသုံးချဖို့ကျတော့ အတွေ့အကြုံနည်းပါးတာရယ်၊ သင်ယူလေ့လာမှုအားနည်းတာရယ် ဆိုတဲ့အချက်တွေကြောင့် အခက်တွေ့နေရကြတာကို တွေ့ရပါတယ်။
ကျွန်တော်တို့ရဲ့ ဆရာတစ်ယောက်ပြောဖူးပါတယ်။ သူ့တပည့်တစ်ယောက်ကို သူကိုယ်တိုင် HR Manager Post အတွက် Interview လုပ်ဖူးပါတယ်တဲ့။ အင်တာဗျူးမှာ အဲဒီလူငယ်က လုပ်ငန်းရှင်ကို HR နဲ့ ပတ်သက်တဲ့ သီအိုရီတွေကို ရွှန်းရွှန်းဝေအောင် ပြောသွားနိုင်လို့ လုပ်ငန်းရှင်က အရမ်းသဘောကျပြီး သူတောင်းဆိုတဲ့လစာနဲ့ HR မန်နေဂျာ ခန့်လိုက်ပါတယ်တဲ့။ အလုပ်စဝင်ပြီး တစ်လလောက်ကြာတဲ့အခါမှာ အဲဒီလူငယ်က ကျွန်တော့ဆရာဆီ ဖုန်းလှမ်းဆက်ပါတယ်။ ဆရာ ကျွန်တော်ဘယ်ကစပြီး လုပ်ရမလဲတဲ့။
အဲဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တောတို့လူငယ်တွေဟာ သီအိုရီတွေအလွတ်ကျက် အာဂုံဆောင်ထားနိုင်ပေမဲ့ အသုံးချတဲ့ဘက်တွေမှာ အားနည်းနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ လုငယ်တွေကို မင်းတို့ညံ့တယ်လို့ အပြစ်တင်လိုက်ရုံနဲ့ သူတို့တွေတော်လာမှာ မဟုတ်ပါဘူး။ သူတို့တွေ ညံ့တယ်လို့ပြောရင် အဲဒီလို ညံ့တဲ့အကြောင်းအရင်းထဲမှာ ကျွန်တော်တို့လူကြီးတွေပါတယ် ဆိုတာ မမေ့စေချင်ပါဘူး။ လူငယ်တွေမတတ်သေးရင် သင်ပေးဖို့၊ နားမလည်ရင် ရှင်းပြဖို့က ကျွန်တော်တို့လူကြီးတွေရဲ့တာဝန်ပါ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ၊ အခက်အခဲဖြေရှင်းပုံတွေ၊ ပြသနာဖြေရှင်းပုံတွေကို သူတို့ကို မျှဝေပေးခဲ့မယ်ဆိုရင် သူတို့ရဲ့စွမ်းဆောင်ရည်တွေ တိုးတက်လာမှာဖြစ်ပါတယ်။ 

Credit
Editor - TYO

မိမိရဲ.လုပ်ရပ်တိုင်းဟာ မိမိရဲ. ရရှိမယ့်အရာများ











တစ်ခါက သူဌေးတစ်ယောက်မှာ အလုပ်သမားဖြစ်တဲ့ လက်သမား ဆရာကြီးတစ်ယောက်ရှိတယ်။ အသက်၆၀ပြည့်တော့ လက်သမားကြီးက သူဌေးကို အလုပ်အနားယူဖို. တောင်းဆိုတာပေါ့။ ဒီတော့ သူဌေးကြီးက နောက်ဆုံးအိမ်တစ်အိမ်တော့ ဆောက်ပေးခဲ့ဖို.သူ.လက်သမားကြီးကို တောင်းပန်ခဲ့တယ်။ လက်သမားကြီးကလည်း မဆောက်ပေးနိုင်တော့ကြောင်း ပြန်ပြောတော့ သူဌေးကြီးက ခယစွာဘဲ နောက်ဆုံးတောင်း ပန်တာကြောင့် လက်သမားကြီးက စိတ်မပါဘဲနဲ .နောက်ဆုံး အိမ်တစ်ဆောင်ကို ဆောက်ပေးခဲ့တယ်လေ။ ၁နှစ်ဆောက်ရမယ့်အိမ့်ကို ၆လ နဲ.ပြီးအောင်  ဆောက်ပေးခဲ့ပါတယ်။ အိမ်ဆောက် ပြီးတော့ အိမတံခါးကို သော့ခပ်ပြီးတော့ သူဌေးဆီ ကို သော့သွားအပ်တယ်။ သူဌေးမင်းအိမ်ပြီးသွားပါပြီး ဒီမှာ အိမ်တံခါးသော့ပါလို. ပေးလိုက်တယ်။ သူဌေးက သော့ကို ကိုင်ပြီးတော့ အဲဒီအိမ်က မင်းအတွက် အသက် ၆၀ပြည့်အောင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ငါ့ရဲ. လက်ဆောင်ဘဲတဲ့။ လက်သမားကြီးဟာ လက်မှိုင်ကြသွားတယ် ။ ဒီလိုမှန်းသိရင် သံ၊အုပ်၊သစ်ဝါး အကောင်းဆုံးနဲ. ဆောက်ပါလေရဲ. သူ.စိတ်ထဲမှာ တွေးပြီး ၀မ်းနည်းစွာနဲ. အိမ်ပြန် လာရတော့တယ်။ ဒါကြောင့် ကိုယ်လုပ်ရပ်ကို ကိုယ်ပိုင်ဆိုင်ရပါတယ်။ ကိုယ့်လုပ်ရပ်ကို ကိုယ့်ပိုင် ဆိုင်နိုင်ကြပါစေ။

Monday, March 28, 2016

တကယ်တတ်ချင်ရင် DSL မှာ သင်တန်းတက်ပါ။ DSL သင်တန်းသားများကို တကယ်တတ်ဖို.အာမခံပါသည်။

အလုပ်မှာ ပျော်ရွှင်စေဖို့ ၁၀ ချက်
၁။ အလုပ်နဲ့ မဆိုင်တဲ့ အပြင်က ပြဿနာတွေကို အလုပ်ကို သယ်မလာနဲ့။
၂။ မိမိ အလုပ်ကို မိမိကိုယ်တိုင် ချစ်ပါ။ တန်ဖိုးထားပါ။ လေးစားပါ။
၃။ မိမိတာဝန်ယူပြီး လုပ်ဆောင်ရမယ့် အခန်းကဏ္ဍကို တိုးတက်အောင်လုပ်ပါ။
၎။ ကျန်းမာရေး ကောင်းအောင် ဂရုစိုက်ပါ။ သို့မှ စိတ်ကကြည်လင် ပါလိမ့်မယ်။
၅။ အဖွဲ့အစည်းနဲ့ လုပ်တတ်အောင် ကြိုးစား။
၆။ မိမိတစ်ယောက်တည်း သီးသန့် မနေနဲ့။
၇။ လုပ်ဖော် ကိုင်ဖက် အချင်းချင်း ဖေးမ ကူညီ။
၈။ ကိုယ့်ကိုယ်ကိုယ် အမြဲသုံးသပ်။
၉။ အားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံ။ မနာလို ဝန်တို မဖြစ်စေနဲ့။
၁၀။ အရာရာကို အကောင်းဘက်မှ မြင်တတ်ပါစေ။
 





 Development Success Life





၁) . တစ်နေ့တာ အစီအစဉ်များကိုချမှတ်ပါ
လူ တော်တော်များများက ရည်မှန်းချက် ၊ ရည်ရွယ်ချက်တွေကို ရေရှည်အတွက် စဉ်းစားထားတာများပြီး နေ့စဉ်လုပ်ဆောင်ရမယ့် အစီအစဉ်တွေကိုတော့ ပေါ့လျော့ကြတယ် ။ တစ်နေ့တာ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို တစ်နေ့ပြီး တစ်နေ့ ပြီးမြောက် အောင်လုပ်ဆောင် ရမှာဖြစ်ပြီး နေ့စဉ် မိမိရဲ့ တိုးတက်မှုရလဒ်ကို ကိုယ်တိုင် ဆန်းစစ်ဖို့လိုတယ် ။ ဖြစ်မလာသေးတဲ့ အနာဂတ်ကို အကောင်အထည်ဖော်ဖို့အတွက် လက်ရှိအချိန်ကစလို့ တစ်နေ့တာ အစီအစဉ်များကိုချက်မှတ် လုပ်ဆောင်ခြင်းက သင့်ရဲ့ ပန်တိုင်းကို ပိုပြီး နီးကပ်စေပါတယ် ။

၂) . လူတွေရဲ့  ခံစားချက် ၊ စကားသံတွေကို နားစွင့်ပါ
လုပ်ငန်းတစ်ခု စတင်ဖို့အတွက် စကားနည်းနည်းသာပြောပြီး များများနာထောင်တာက သင့်အတွက် အတွေ့အကြုံပိုရပါလိုက်မယ် ။ လူတွေဘာကြိုက်တတ်လဲ သိဖို့အတွက် ရယ် ၊ သူတို့ရဲ့ အတွေ့အကြုံတွေကို နားထောင်ပြီး မိမိကိုယ်တိုင် ဝေဖန်ပိုင်းခြားလို့ တိုးတက်ဖို့
အတွက် အကောင်းဆုံး အသိဥာဏ်တွေကို ရရှိစေပါတယ် ။

၃) . ကိုယ့်ရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပါ
အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ၊ လုပ်ရည်ကိုင်ရည်စွမ်း ကောင်းဖို့ဆိုတာ ကျန်မားတက်ကြွတဲ့ လူတစ်ယောက် ဖြစ်နေဖို့ လိုပါတယ် ။ အကြီးစားလေ့ကျင့်ခန်းတွေ မလုပ်နိုင်ရင်တောင် အသေးစား ၊ အပေါ့စား ကျန်မာရေးမျိုးကို နေ့စဉ်လိုက်စားသင့်ပါတယ် ။ ကြိုးခုန်တာပဲဖြစ်ဖြစ် ၊
စက်ဘီးနင်းတာပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ် ။ နေ့စဉ်လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းက စိတ်ဖိစီးမှု သက်သာစေပြီး ကျန်မာသန်စွမ်းမယ့်အပြင် လုပ်ငန်းခွင်ဖန်တီးနိုင်မှုအမြင် ပိုမိုမြင့်မားစေပါတယ် ။

၎) . အဆက်သွယ်ကောင်း ပတ်ဝန်းကျင်ကောင်းရှာဖွေပါ
မိမိလုပ်ငန်းအောင်မြင်ဖို့ ဒါမှမဟုတ် မိမိရဲ့ စီးပွားရေး ချဲ့ ထွင်ဖို့အတွက် အဆက်သွယ်ကောင်း ၊ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးထားတတ်ဖို့ လိုတယ် ။ ဥပမာ နယ်ပယ်အသီးသီးကျင်းပတဲ့ event ပွဲလမ်းသဘင်တွေ တက်ရမယ် ၊ တွေ့စုံပွဲတွေ မရှက်မကြောက်သွားဖို့လိုတယ် ။ သွားတဲ့ အခါတိုင်းမှာလည်း ကိုယ့်ကို ကိုယ်မိတ်ဆက်ဖို့အတွက် ယုံကြည်မှုရှိရန် လိုအပ်တယ် ။

၅) . တီဗီအစီအစဉ်တွေအနည်းငယ်ကြည့်ရှုပေးပါ
အောင်မြင်တဲ့လူအများစုက သူတို့ရဲ့ အချို့ အချိန်တွေကို တီဗီရှေ့ မှာ ကုန်ဆုံးလေ့ရှိကြတယ် ။ ဘာကြောင့်လဲဆိုတော့ တီဗီမှာလာတဲ့ ကြော်ငြာအစီအစဉ်တွေ ၊ ရုပ်သံလိုင်းတွေ နဲ့ အခြားသော စိတ်ဝင်စားဖွယ်ရာ ကဏ္ဍတွေကိုကြည့်ရှုရင်း ကိုယ့်လုပ်ငန်းအတွက် ပိုမိုကောင်းမွန်တဲ့ အကြံအဥာဏ် အိုင်ဒီယာတွေကို ရယူနိုင်လို့ဖြစ်တယ် ။

၆). နေ့စဉ်စာဖတ်ပါ
စာဖတ်ခြင်းဖြင့် ဘဝကိုပြောင်းလဲစေတယ် ၊ အသိဥာဏ်ကြွယ်ဝစေတယ် ၊ အမှန် ၊ အမှားခွဲခြားနိုင်စွမ်း ၊ အမြော် အမြင်ရှိလာတယ် ။ လူတစ်ယောက် တိုးတက်ဖို့အတွက် အကောင်းဆုံးပြောင်းလဲပေးနိုင်တာ စာဖတ်ခြင်းပဲ ။ ဒါကြောင့် အားနေတဲ့အချိန်တွေမှာ စာစောင်တွေ ဝယ်ဖတ်လို့ပဲဖြစ်ဖြစ် ၊ သတင်းဆိုဒ်တွေ ၊ ဗဟုသုတရစေမယ့် ပေ့ခ်ျတွေမှာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ နောက်ဆုံးရသတင်းတွေကို ဖတ်ရှုလေ့လာတာ အကောင်းဆုံး အချိန်ဖြုန်းခြင်းပါပဲ ။

၇). ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို အမြဲမြှင့်တင်ပါ
လက်ရှိ ကိုယ့်စီမှာရှိတဲ့ လုပ်နိုင်စွမ်း ၊ အရည်အချင်းတွေကို တစ်နေ့ထက်တစ်နေ့ကောင်းမွန် တိုးတက်အောင် သင်ယူလေ့လာပါ ။ သင့်ရဲ့  အရည်အချင်းတွေကို နေ့စဉ်အောင်တိုးတက်အောင် လုပ်ဆောင်ခြင်းဟာ သင့်ရဲ့ လစာငွေကို မြင့်မားစေမယ့်အပြင် ၊ သင့်ရဲ့ ပြိုင်ဘက်တွေထက် အမြဲရှေ့ ကိုကြိုရောက်နေစေတယ် ။

၈) . အကောင်းမြင်စိတ်ရှိပါ
Positive thinking လို့ခေါ်တဲ့ အကောင်းမြင်စိတ်ရှိခြင်းဟာ သင့်ဘဝတိုးတက်ဖို့ကို ပိုပြီး အထောက်အကူဖြစ်စေတယ် ။ အမှားအမှန်ကိုခွဲခြားသိမြင်ပြီး ကိုယ်ကို တိုင် ပြင်လွယ် ၊ တတ်လွယ်သူ ဖြစ်ဖို့လိုအပ်တယ် ။ အကောင်းမြင်စိတ်ရှိခြင်းဟာ ဆက်ဆံရေးပိုင်းမှာလည်း ပိုမိုကောင်းမွန်စေပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း တိုးပွားစေတယ် ။

၉) . ငွေစုပါ
အရေးကြီးဆုံးအချက်ဖြစ်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်လည်း ခုချိန်ထိမလုပ်နိုင်သေးသလို တော်တော်များများလည်း မလုပ်နိုင်တာကိုတွေ့ရတယ် ၊ လုပ်နိုင်တဲ့သူတွေကိုတော့
ချီးကျူးပါတယ် ။ ပိုမှမစုပဲ စုလို့ပိုတာ ကိုသုံးခြင်းအားဖြင့် အနာဂတ် အာမခံချက်ပိုပြီး ရှိစေတယ် ။

၁၀) . ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းတွေကို မကြာမကြာအချိန်ပေးပါ
သူငယ်ချင်းတွေနဲ့ မကြာမကြာတွေ့ဆုံခြင်းဟာ စိတ်ဖိစီးမှုကိုလည်း သက်သာစေသလို သူတို့ဆီမှာရှိတဲ့ လုပ်ငန်းခွင်အတွေ့အကြုံ ၊ ကိုယ့်လုပ်ငန်းခွင် အတွေ့အကြုံတွေကို ဖလှယ်ကာ အမြင်မတူတဲ့ အတွေ့အကြုံသစ်တစ်ခု တိုးပွာစေပါတယ် ။