Monday, April 25, 2016

"မီလျံနာစိတ်ဓါတ် (ချမ်းသာသူ နှင့် ဆင်းရဲသူ) ကွာခြားချက်"












ချမ်းသာစေဖို့ ချမ်းသာဖို့အတွေးတွေးပါဆိုတဲ့ မီလျံနာစိတ်ဓါတ် Secrets of the Millionaire Mind တွင် ချမ်းသာသူများ၏ အတွေးနှင့် ဆင်းရဲသူများ၏ အတွေးများ၏ အတွေးနှစ်ခုကွာခြားပြီး၊ လုပ်ဆောင်ချက်တွေကွာခြားပြီး၊ ဘ၀တွေကွာခြားသွားပုံကို ပြန်လည်ဖော်ပြပေးထားပါတယ်။
ကြွယ်ဝချမ်းသာရေး သဘောတရား - အတွေးတွေက ခံစားချက်တွေဆီ ဦးဆောင်တယ်၊ ခံစားချက်တွေက လက်တွေ့လုပ်ဆောင်မှုကို ဦးဆောင်တယ်။ လက်တွေ့လုပ်ဆောင်မှုတွေက ရလဒ်ကောင်းတွေကို ဆောင်ကြဉ်းတယ်။
လူချမ်းသာတွေက “ငါ့ဘ၀ ငါဖန်တီးတာ” လို့ယုံကြည်တယ်
“ဆင်းရဲသားတွေက အခြေအနေက ဖန်တီးတာ” လို့ယုံကြည်တယ်
လွယ်တာသာလုပ်ရင် ခက်ခဲတဲ့ဘ၀နဲ့ ကြုံရမယ်
ဒါပေမဲ့ ခက်ခဲကြမ်းတမ်းတာကို လုပ်ရင်တော့ ဘ၀ဟာ လွယ်ကူချောမောသွားပါလိမ့်မယ်။
လူချမ်းသာတွေက သူတို့ရဲ့ငွေကို ကောင်းကောင်းစီမံခန့်ခွဲနိုင်တယ်။
ဆင်းရဲသားတွက သူတို့ငွေကို စီမံခန့်ခွဲမှု ညံ့တယ်။
ကြွယ်ဝချမ်းသာရေး သဘောတရား - လက်ထဲရှိထားတာကိုမှ မထိန်းနိုင်ရင် နောက်ထပ်ရမှာ မဟုတ်ပါဘူး။
ကြွယ်ဝချမ်းသာရေး သဘောတရား - ငွေကို စီမံခန့်ခွဲတဲ့ အလေ့အကျင့်ဟာ ငွေပမာဏထက် ပိုအရေးကြီးပါတယ်။
ကြွယ်ဝချမ်းသာရေး သဘောတရား - ကိုယ်ကငွေကို မထိန်းရင် ငွေက ကိုယ့်ကိုထိန်းသွားမယ်။
လူချမ်းသာတွေက ကြောက်စိတ်ရှိပေမယ့် လုပ်တယ်။
လူဆင်းရဲတွေကတော့ ကြောက်စိတ်နဲ့ နောက်ဆုတ်တယ်။
ကြွယ်ဝချမ်းသာရေး သဘောတရား - လက်တွေ့လုပ်ရပ်ဟာ (ကိုယ်တွင်းကိုယ်ဝ) အတွင်းလောကနဲ့ အပြင်လောကကြားမှာ ခင်းပေးတဲ့ တံတားပါပဲ။
လူချမ်းသာတွေက ကြီးကြီးကျယ်ကျယ် တွေးတယ်။
ဆင်းရဲသားတွေက သေးသေးနုပ်နုပ် တွေးတယ်။
ကြွယ်ဝချမ်းသာရေး သဘောတရား - ၀င်ငွေ ဥပဒေသ - သင်ဈေးကွက်ကို ပေးပို့တဲ့ တန်ဖိုးအလျောက် ပြန်ရမှာပါပဲ။

Edit - TYO

"ရွှေသားစစ်စစ် အမွေအနှစ်"













 

တစ်ချိန်တုန်းက ဂျပန်နိုင်ငံမှာ ကြွက်စီကြွက်စီ ဆူညံသွားခဲ့ရတဲ့ အမှုလေးတစ်ခုအကြောင်း ပြောချင်ပါသေးတယ်။ ဘာမဟုတ်တဲ့ အမှုအသေးအဖွဲလေးကြောင့် ကြီးမားတဲ့ ဘဝသင်ခန်းစာတစ်ခုကို တွေ့မြင်ခဲ့ရလို့ အသည်းနှလုံးထဲမှာ စွဲမှတ်ထားခဲ့မိပါတယ်။
နွေဦး ညနေခင်းလေးမှာ တိုကျိုမြို့ရဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ဂျပန်မိသားစုတစ်ခု ညစာ လာစားကြပါတယ်။ အဖေအမေနဲ့ သားသမီးသုံးယောက်တို့ဟာ စားသောက်ဖွယ်တွေ တစ်ပွဲပြီးတစ်ပွဲ မှာရင်း ပျော်ပျော်ရွှင်ရွှင် စားကြသောက်ကြတယ်။ နောက်ဆုံးမှာထားတဲ့ စားသောက်ပွဲကို စားနေရင်း မိခင်က အလန့်တကြားအော်တယ်။
မိခင်ရဲ့ အော်သံကြောင့် စားသောက်ဆိုင်မန်နေဂျာ အပြေးအလွှားရောက်လာတော့ ဟင်းပွဲထဲမှာ ပိုးဟပ်အသေ တွေ့လို့တဲ့။ (ဂျပန်က ပိုးဟပ်တွေဟာ မြန်မာပြည်လို အကြီးကြီးမဟုတ်ဖူး။ အကောင်သေးသေးလေးတွေပါ။) ဒီလို ပေါ့လျော့ချွတ်ယွင်းချက်ရှိလို့ စားသုံးသူက မကျေမနပ် တိုင်ပြီဆိုရင် စားထားသမျှ ကျသင့်ငွေ မယူတော့ဘဲ ဆိုင်တာဝန်ရှိသူတွေ ဦးညွတ်ခါးကိုင်းပြီး ခြေသလုံးဖက်မတတ် တောင်းပန်ရတာ ဂျပန်ထုံးစံပါပဲ။
ခုလည်းပဲ မန်နေဂျာက တောင်းပန်တဲ့အပြင် အဓိကတာဝန်ရှိသူဖြစ်တဲ့ စားဖိုမှူးကိုပါ ဆူပူကြိမ်းမောင်းပြီး သွားတောင်းပန်ခိုင်းတယ်။ စားဖိုမှူးက စည်းကမ်းကြီးပြီး အလုပ်တာဝန်ကို အင်မတန် ရိုသေလေးစားသူ ဖြစ်ပါတယ်။ အမြဲတမ်း စေ့စပ်သေချာအောင် လုပ်ကိုင်စီစဉ်တဲ့ကြားက ဘယ်လိုဖြစ်ပြီး ဟင်းထဲကို ပိုးဟပ်ပါသွားသလဲဆိုတာ သူက သိချင်တယ်။ (ဂျပန်တို့၊ အမေရိကားတို့လို ခေတ်မီနိုင်ငံတွေမှာ အခုလို မသန့်ရှင်းတဲ့ ကိစ္စဖြစ်ရင် အစိုးရကျန်းမာရေးဌာနက စားသောက်ဆိုင်လိုင်စင်ပိတ်တဲ့အထိ အရေးယူခံရနိုင်တဲ့ အမှုမို့ သိပ်ကြောက်ကြပါတယ်။)
ဆိုင်မှာတပ်ထားတဲ့ စီစီတီဗီ လုံခြုံရေးကင်မရာက ဗီဒီယိုမှတ်တမ်းကို စားဖိုမှူးက ပြန်ကြည့်လိုက်တဲ့အခါ အမျိုးသမီးဟာ ပိုက်ဆံအိတ်ထဲမှာ အသင့်ယူလာတဲ့ စက္ကူထုပ်ထဲက ပိုးဟပ်အသေကို ဟင်းထဲ သူကိုယ်တိုင်ထည့်လိုက်တာ တွေ့သွားတယ်။ စားသောက်ဆိုင်မှာ အလကားစားရအောင် ဉာဏ်ဆင်တာ ပေါ်သွားပြီဆိုတော့ စားဖိုမှူးနဲ့ မန်နေဂျာလည်း စိတ်ဆိုးမာန်ဆိုးနဲ့ ရဲကိုတိုင်ပြီး အမှုဖွင့်တော့တာပေါ့။
အမှန်တော့ ဒီလိုအမှုမျိုးဟာ သာမန်အသေးအဖွဲမို့ ဒဏ်ငွေလောက်နဲ့ ပြီးတာပါပဲ။ တရားရုံးမှာ အမှုစစ်ဆေးတာလည်း အမျိုးသမီးတရားသူကြီးမို့ သက်သက်ညှာညှာ စီရင်ချက်ချလိမ့်မယ်လို့ပဲ ထင်ကြတယ်။ ဒါပေမယ့်၊ တရားခံဖြစ်သူ မိခင်ကို ထောင်ဒဏ် ၃ ရက် အပြစ်ပေးတဲ့အပြင် ဖခင်ကိုလည်း ကြံရာပါအဖြစ် ပြည်သူ့အကျိုးပြုလုပ်ငန်း နာရီ ၂၀ လုပ်အားပေးဖို့ စီရင်ချက်ချလိုက်တော့ အံ့အားသင့်ပြီး ပွဲဆူပါလေရော။
ဒဏ်ငွေလောက်နဲ့ ပြီးရမယ့်အမှုမျိုးမှာ သားသမီး ၃ ယောက်ရဲ့ အမေနဲ့အဖေကို ဒီလို အပြစ်ပေးတာ မတရားဘူးဆိုပြီး တရားသူကြီးအမျိုးသမီးကို ဝိုင်းပြီး အပြစ်တင် ဝေဖန်ကြတယ်။ တရားသူကြီးကိုယ်တိုင် သားသမီးရှိတဲ့ မိခင်တစ်ယောက်ဖြစ်လျက်သားနဲ့ ကိုယ်ချင်းစာစိတ်မရှိဘူးလို့ ကဲ့ရဲ့ကြတယ်။ ဂျပန်နိုင်ငံဟာ ယောက်ျားကြီးစိုးတဲ့ဝါဒ အနည်းနဲ့အများ ကျန်နေဆဲ ဖြစ်လို့ အမျိုးသမီးတရားသူကြီး ၁၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အမျိုးသားတရားသူကြီးတောင် ဒီလောက်အကြင်နာတရား မခေါင်းပါးဘူးလို့ ပြောကြတာပေါ့။
သတင်းဌာနတွေက မေးမြန်းတဲ့အခါ တရားသူကြီး ဖြေသွားတာကတော့ သူတို့ မိသားစုဟာ အရင်ကလည်း ဒီနည်းနဲ့ပဲ စားသောက်ဆိုင်တွေကို လိမ်ညာလှည့်ဖြားပြီး အလကားစားခဲ့တာ လေးငါးကြိမ် ရှိခဲ့ကြောင်း အမှုကို ကြားနာစစ်ဆေးရင်း ပေါ်ပေါက်ခဲ့တယ်၊ မိခင်ဟာ သားသမီး သုံးယောက်ကို မကောင်းမှု ရှောင်ကြဉ်ဖို့ ပဲ့ပြင်ဆုံးမရမယ့် အရေးကြီးတဲ့တာဝန်ကို လျစ်လျူရှုတဲ့အပြင် ကလေးတွေ ရှေ့မှာ သူကိုယ်တိုင်က နည်းပေးလမ်းပြ လိမ်လည်မှု ကျူးလွန်ခဲ့တယ်။ ဖခင်ကလည်း မတားမြစ်ဘဲ အလိုတူအလိုပါ အားပေးခဲ့တယ်။
ဒါကြောင့် ဒီလို အပြစ်ဒဏ်ပေးတာဟာ မိဘတွေကို နောင်ကြဉ်အောင် ဆုံးမရုံသာမကဘဲ သူတို့ရဲ့ သားသမီးတွေကိုပါ ကြီးပြင်းလာရင် ဒီလိုမျိုး မလုပ်မိအောင် ပညာပေးလိုက်တာလည်း ဖြစ်တယ်လို့ တရားသူကြီးက ရှင်းပြလိုက်တဲ့အခါ ဝေဖန်သံတွေ မီးပုံကြီးရေဖျန်းလိုက်သလို ရှဲကနဲ ငြိမ်သွားတာပဲဗျာ။
ကျနော်တို့ မြန်မာစကားမှာ "လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဘ" ဆိုစကားရှိသလိုပဲ သားသမီးတွေ ဥပဒေလေးစားလိုက်နာအောင် မိဘတွေက သင်ကြားပေးရမယ့်အပြင် ကိုယ်တိုင်လည်း သူတို့လေးတွေအတွက် စံနမူနာဖြစ်အောင် နေထိုင်ကြရမှာပါ။
ရှေးတုန်းက အင်မတန် ဆိုးသွမ်းသောင်းကျန်းတဲ့ သူခိုးဓားပြ လူဆိုးဗိုလ်ကြီးကို ဖမ်းမိပြီး ရှင်ဘုရင်က ကွပ်မျက်စေတဲ့အခါ မိခင်ကို နောက်ဆုံးစကား ပြောပါရစေလို့ အသနားခံတဲ့ ပုံဝတ္ထုကိုလည်း သိကြမှာပေါ့။ လက်ပြန်ကြိုးတုပ်ထားတဲ့ လူဆိုးဗိုလ်ကြီးက စကားပြောမလိုလိုနဲ့ မိခင်ရဲ့ နားနားကိုကပ်ပြီး နားရွက်ပြတ်အောင် သွားနဲ့ကိုက်လိုက်တော့ ဘုရင်လည်း အမျက်ပြင်းစွာထွက်ပြီး မေးမြန်းတယ်။ သူ ငယ်စဉ်မှာ မိခင်က မဆုံးမတဲ့အပြင် ခိုးတတ်ဝှက်တတ်အောင် သင်ပေးလို့ အခုလို လူဆိုးကြီးဘဝ ရောက်ပြီး သေဒဏ်သင့်ရတာကြောင့် မိခင်ကို စိတ်နာခဲ့ရကြောင်း လျှောက်တင်ခဲ့တဲ့ အဖြစ်သနစ်ကို မြန်မာတိုင်း ကြားဖူးပါတယ်။
အမေရိကားရောက် မြန်မာမိသားစုတွေမှာလည်း ဒီလိုကိစ္စမျိုးတွေ အများကြီးရှိတယ်။ အဝစား ဘူဖေးစားသောက်ဆိုင်တွေမှာ စားကြတဲ့အခါ ဆိုင်ထဲမှာ စားပိုးနင့်မတတ် စားရုံမကဘူး၊ စားကောင်းသောက်ဖွယ်တွေ၊ ဇွန်းခရင်း၊ လက်သုပ်ပဝါ၊ ဆော့စ်ပုလင်း၊ ဆားဘူး၊ ငရုတ်ကောင်းဘူးကအစ ရသလောက်အကုန် အိတ်ထဲထည့် ယူလာတာမျိုးတွေကို သားသမီးတွေ မြင်တော့ မနှစ်မျို့ဘူး။ မိဘမို့ မပြောသာလို့ ငြိမ်နေကြရတာပါ။
လမ်းကူးတဲ့အခါ လူကူးမျဉ်းကျားကမကူးဘဲ ကြုံတဲ့နေရာက ဖြတ်ကူးတော့ "Don't do jaywalking mom" လို့ သားသမီးတွေက မိဘကို စည်းကမ်းမဲ့ လမ်းမကူးဖို့ ပြောကြတယ်။ အသက်ပြည့်နေတဲ့ သားသမီးအတွက် လူကြီးလက်မှတ်မဝယ်ဘဲ အသက်လိမ်ပြောခိုင်းပြီး ကလေးလက်မှတ်နဲ့ ဝင်ခိုင်းတာကို မြန်မာလူငယ်လေးတွေ ရှက်တယ်။ ခိုးကူးပြီး ဖြန့်ဝေတဲ့ ရုပ်ရှင်တွေကို watch32 လို ဝက်ဘ်ဆိုက်မျိုးက ကြည့်တဲ့မိဘတွေကို အမေရိကားမှာ ကြီးပြင်းတဲ့ သားသမီးတွေက မကြိုက်ကြဘူး။
ကားမောင်းတဲ့အခါ လမ်းဆုံမှာ ကားရပ်ပေးရမယ့် stop sign မှာ မရပ်ရင် ကလေးတွေက အပြစ်တင်ကြတယ်။ မိဘက လက်လွတ်စပယ် အမှိုက်ပစ်ရင် သားသမီးတွေက ပြန်ကောက်တယ်။ မိဘတွေက တန်းမစီဘဲ ကြားဖြတ်ဖို့ ကြိုးစားရင် ကလေးတွေက လိုက်မလုပ်ဘဲ ဟိုးနောက်မှာ သွားတန်းစီတယ်။
နိုင်ငံခြားတိုင်းပြည်တွေကို ရောက်လာတဲ့ မြန်မာတွေအတွက် သားသမီးက မိဘကို ပြန်ပြီး စံနမူနာပြနေရသလို ပြောင်းပြန်တွေ ဖြစ်နေတာ မကြာခဏ တွေ့ရပါတယ်။
ဒါဟာ မိဘတွေ မြန်မာနိုင်ငံမှာ နေထိုင်စဉ်တုန်းက ပြုမူကျင့်ကြံပုံတွေ လွဲမှားနေတာကို အထင်အရှား ပြနေတာပဲ မဟုတ်ဖူးလား။
ကျနော်တို့ မြန်မာလူမျိုးတွေဟာ နိုင်ငံခြားရောက်တဲ့အခါရော ပြည်တွင်းမှာနေထိုင်စဉ်မှာပါ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ အတတ်နိုင်ဆုံး ကြိုးစားရမှာပါ။ စည်းမျဉ်းစည်းကမ်းကို ပြည်သူတွေ လေးစားလိုက်နာမှသာ တရားဥပဒေဘောင်ထဲမှာ အေးချမ်းစွာ နေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ သားသမီးတွေက ကိုယ့်ကိုကြည့်ပြီး ကိုယ့်လိုလိုက်လုပ်ကြမယ်ဆိုတာ သတိပြုထားရပါလိမ့်မယ်။
နောင်လာနောက်သား မျိုးဆက်သစ်လေးတွေကို မခိုးမဝှက်၊ မလိမ်မညာအောင် အခြေခံအပြုအမူလေးတွေကအစ သင်ကြားပေးဖို့ လိုအပ်ပါတယ်။ အိမ်ရှေ့မှာ အလှူခံရောက်လာရင်တောင် "လူကြီးမရှိဘူး" လို့ လိမ်ခိုင်းတာ ထမင်းစားရေသောက်လို့ ထင်ကြပေမယ့် တကယ်တော့ ကလေးစိတ်ထဲမှာ လိမ်တတ်ညာတတ်အောင် သင်ပေးသလို ဖြစ်နေတာ သဘောမပေါက်ကြဘူး။
အခုလို သမိုင်းတွင်မယ့် ခေတ်ပြောင်းချိန်မှာ အရေးကြီးတဲ့ မဟာတာဝန်ကတော့ ကိုယ်တိုင်သာမက နောင်မျိုးဆက်တွေပါ ကိုယ့်ကို အတုယူပြီး စည်းကမ်းနဲ့ ဥပဒေကို လေးစားလိုက်နာအောင် လူကြီးတွေက စံနမူနာ ပြပေးရပါလိမ့်မယ်။ မြန်မာပြည်မှာ မိဘတွေကိုယ်တိုင် လာဘ်ပေးလာဘ်ယူကိစ္စတွေ လုပ်ရုံမကဘူး၊ သားသမီးတွေကိုလည်း ပေးတတ်ယူတတ်အောင် သင်ကြတာဟာ အဆိပ်ပင်ရေလောင်းသလိုပါ။ လာဘ်ပေးလာဘ်ယူဟာ ရာဇဝတ်ပြစ်မှု ဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံမှာ လူအများစု မေ့နေသလိုတောင် ဖြစ်နေပါတယ်။
လူကြီးမိဘတွေက ကိုယ့်သားသမီးတွေ ချမ်းချမ်းသာသာ နေနိုင်အောင် ရသလောက် ဂွင်ဖန်ပြီး အိတ်ထဲထည့်တာမျိုးတွေ၊ လာဘ်စားတာမျိုးတွေ၊ ခိုးဝှက် ကဲ့ယူတာမျိုးတွေ မလုပ်သင့်တော့ဘူး။ ဒီလိုလုပ်လို့ ချမ်းသာလာတဲ့ ဥစ္စာဓနဟာ မိဘတွေ ဘယ်လိုရလာတယ်ဆိုတာ သားသမီးတွေက မပြောလည်း သိပါတယ်။ ဒါမျိုးကို အတုခိုးမှားပြီး သားသမီးတွေ လိုက်လုပ်မိရင် ရာဇဝတ်မှုနဲ့ ထောင်ကျသွားနိုင်တဲ့ ခေတ်သစ်တစ်ခုကို ရောက်နေပြီဆိုတာ ကျပ်ကျပ်သတိထားကြပါ။
ကိုယ့်သားသမီးတွေကို လောကအလယ် တင့်တယ်စေချင်တဲ့ မေတ္တာစေတနာ တကယ်မှန်ကန်တယ်ဆိုရင် မတည်မြဲတဲ့ ငွေကြေးဥစ္စာထက် မြင့်မြတ်တဲ့အကျင့်သီလ၊ ကောင်းမွန်တဲ့ စာရိတ္တအမွေကိုသာ ထိုက်ထိုက်တန်တန် ပေးကြပါလို့ပဲ မြန်မာမိဘများကို ပန်ကြားလိုက်ရပါတယ်။

Edit - TYO

"ဘယ်လိုလူတွေ‬ တိုးတက်တာလဲ"













တစ်ပြားတန်အတွေးတွေးတဲ့သူ ဟာ တစ်ပြားပဲရမှာပါပဲ
အိုင်းစတိုင်း
ဖတ်ကြံတွေး
ဘယ်လိုလူတွေတိုးတက် တာလဲဆိုတာကို ကျွန်တော့်ကို မေးလေ့ရှိတယ်။ ကျွန်တော်က တော့ စာဖတ်တဲ့လူတွေ တိုးတက် တယ်လို့ ပြောလေ့ရှိတယ်။
ဒါဟာကျွန်တော်တို့ စဉ်း စားလို့ရတဲ့ အကြောင်းအရာလည်း ဖြစ်ပါတယ်။
ဦးပဂျီငိုအကြောင်းကို စာ တစ်စောင်ပေတဖွဲ့ရေးခဲ့တဲ့ ဆရာ မင်းလှမြတ်ထွေးကတော့ 'ဖတ်ကြံ လုပ်' ဆိုပြီး ပြောဖူးတယ်။
စာဖတ်ရုံနဲ့ မပြီးသေးဘူး။
ကြံစည်ရမယ်။
ကြံနေရုံနဲ့လည်း မရဘူး၊ လုပ်ရပါဦးမယ်။ ဒီတော့ အဆင့် တိုင်းဟာ အရေးပါတယ်။
တကယ်တော့ လုပ်တဲ့အ ခါ အောင်မြင်ချင်မှအောင်မြင်မှာ ပေါ့။ ဒီနေရာမှာ လုပ်တဲ့အလုပ်နဲ့ ပတ်သက်ပြီး တွေးစရာတွေရှိ တယ်။ လူတွေကို မေးကြည့်ပါ။ လူတိုင်းလိုလိုဟာ ဆုံးရှုံးဖူးတဲ့ လူ တွေပါပဲတဲ့။ ဒါပေမယ့် အောင် မြင်နေတဲ့သူတွေ အများကြီးပါပဲ။
သူတို့ယနေ့ ဘာကြောင့် အောင်မြင်သလဲ။ ပထမမှာတော့ မအောင်မြင်ပေမယ့် နောက်ဆုံး အောင်မြင်သွားတဲ့အကြောင်းမှန်း ဆကြည့်နိုင်တယ်။ သူတို့အောင် မြင်တာ ဇွဲရှိလို့ပဲပေါ့။ ဇွဲရှိတဲ့ လူ တွေ တိုးတက်တယ်ဆိုတာကို တွေ့ ရပေမယ်။ ဒါပေမယ့် မှန်ကန်တဲ့ အလုပ်ကိုတော့ လုပ်ဖို့လိုတယ်။
ဒါဆိုရင် 'ဖတ်ကြံတွေး' ဆိုတဲ့ဆီကိုပဲ ပြန်ရောက်သွားပါ တယ်။
မဖြစ်မနေ
ကျွန်တော်ငယ်ငယ်က ကျောင်းကဆရာတွေနဲ့ လက်ပွန်း တ တီးနေဖူးတယ်။ ကျွန်တော်တို့ ကျောင်းမှာ ဆရာလေးတစ် ယောက်ကို ကျွန်တော်မေးခွန်းမေး ဖူးတယ်။
''ဆရာ မြန်မာပြည် ရောက်တဲ့ တရုတ်တွေအများကြီး ဟာ ချမ်းသာကြတယ်။ သူတို့ တကယ်တော်တယ်နော်''
ဆရာလေးက ''မှန်တယ်၊ တကယ်တော့ တရုတ်တိုင်းမချမ်း သာပါဘူး။ တရုတ်ဘိန်းစားလို့ ပြောသံ ကြားဖူးတယ်မဟုတ်လား'' လို့ ပြောပါတယ်။ ဆက်ပြီးဆရာက ''သူတို့ ထဲမှာလည်း အမျိုးမျိုးရှိပါ တယ်။ ဒါပေမယ့် နိုင်ငံရပ်ခြားမှာ ကျားကုတ်ကျားခဲကြိုးစားရတယ်။ သူတို့ အသက်ရှင်ရပ်တည်ရေးအ တွက် ကြိုးစားရင်းနဲ့ လမ်းစတွေ တွေ့ သွားတာပဲ''လို့ ပြောပါတယ်။
ဒီအကြောင်းစဉ်းစားရာ က ရတဲ့အသိတရားတစ်ခုကို ပြောလိုပါတယ်။
ရေထဲတွန်းချရင် ရေကူး တတ်လာတဲ့ သူတွေရှိသလို မြုပ် သွားတဲ့သူလည်းရှိတယ်။
ကျွန်တော်တို့တွေ့တဲ့ လူ တွေက ရေကူးတတ်သွားတဲ့ သူ တွေပါပဲ။ စုံးစုံးမြုပ်သွားသူတွေကို ဘယ်မေးလို့ရတော့မှာလဲ။
ရေကူးတတ်တဲ့ လူတွေ ဒု နဲ့ဒေးပါပဲ။
ကူးတတ်ရုံနဲ့ မရဘူး။ လို တဲ့နေရာကို ရောက်အောင်ကူးဖို့ က အရေးကြီးပြန်ရော။
ဇွဲသတ္တိ
ပုံပြင်လေးတစ်ပုဒ်ကို ဖတ် ဖူးတယ်။
တစ်ခါက တိရစ္ဆာန်ရုံရဲ့ ရေကန်ကြီးနံဘေးမှာ ဝန်ထမ်းတွေ ကို ပိုင်ရှင်သူဌေးကြီးက ခေါ်ပြီး ဂုဏ်ပြုနေ့လယ်စာ ကျွေးသတဲ့။
အဲဒီနောက်တော့ သူတို့ကို ရေကန်နဖူးကိုခေါ်ပြီး ကန်ထဲက မိကျောင်းတွေအတွက် အသား တွေကို ကျွေးစေတယ်။ ကန်ထဲက မိကျောင်းတွေက ဝမ်းသာအားရ သွားဖြူဖြူတွေကို ဖြဲပြီးစားသောက် ကြတယ်။ ရေထဲမှာ ဝုန်းဒိုင်းသံတွေ ဆူညံနေတာပေါ့။
ဒီလို ကျွေးမွေးနေတုန်း သူ ဌေးက ''တကယ်လို့များခုအချိန် လူတစ်ယောက် ရေကန်ထဲကို ဆင်းပြီး ဟိုဘက်ကိုကူးသွားရဲတယ် ဆိုရင် ဒေါ်လာတစ်သောင်းဆုချီး မြှင့်ချင်ပါရဲ့''လို့ ပြောတယ်။
ဒီလိုပြောပြီးတဲ့နောက်မှာ ဝုန်းခနဲ ရေထဲခုန်ဆင်းသွားတဲ့ အ သံကိုကြားလိုက်ရတယ်။
ရေထဲကြည့်လိုက်တော့ လူ တစ်ယောက်ဟာ မိကျောင်းတွေ ကြားကနေ ဟိုဘက်ကမ်းကို တစ် အားကူးနေတာကိုတွေ့ကြသတဲ့။
''ဝေး ဝေး ဝေး''
လူတွေက အော်ဟစ်အား ပေးကြတယ်။ နောက်ဆုံးမှာ အဲဒီ လူဟာ တစ်ဖက်ကမ်းကို ရောက် သွားပြီး လွတ်မြောက်သွားတယ်။
ဒီတော့ သူဌေးလည်း မနေ သာတော့ဘဲ အဲဒီလူကို အထူးရဲရင့် ဆုအနေနဲ့ ဒေါ်လာငွေတစ်သောင်း ဆုချလိုက်သတဲ့။
ပြီးတော့ ဒီလူကို ပရိသတ် တွေကို ဘာပြောချင်သလဲမေး တော့ သူက ''ငါ့ကို ရေထဲတွန်းချ တဲ့ကောင် ဘယ်သူလဲ၊ တွေ့ရင် တော့ အသေပဲ''လို့ ကြိမ်းမောင်း တာကို ကြားရလေသတဲ့။
ဒီပုံလေးက ဟာသ သက် သက်ပေမယ့် ကောင်းပါတယ်။
ဇွဲသတ္တိဆိုတာ ညှစ်အား ဒါမှမဟုတ်တွန်းအား ဒါမှမဟုတ် ဆွဲအားလိုတယ်။ မိကျောင်းတွေက တွန်းအားပါပဲ။
''မမလေးကိုချစ်တဲ့ အာရုံ၊ ရွှေမြင့်မိုရ်တစ်တောင်လုံး တုံးမှတ် လို့ ခုန်''ဆိုတာကတော့ ဆွဲအား ပေါ့။
စိတ်ခွန်အား
လူအချို့ကတော့ စိတ်ခွန် အားကိုမယုံပေ။
မြန်မာတွေပြောတဲ့ ဆန္ဒာ ဓိပတိဆိုတာကို သတိရကြသင့် တယ်။
တကယ်တော့ ဒါဟာ ဗုဒ္ဓ ဘာသာဝင်တွေရဲ့ စကားအဖြစ် တစ်ကမ္ဘာလုံးက စိတ်ပညာရှင်အ တော်များများ လက်ခံကြတယ်။
မိမိလိုချင်တာကို ရေးထား မှတ်ထား။ နေ့တိုင်းသတိရပါ။
မော်တော်ကားလိုချင်ရင် ကားပုံကို ခေါင်းရင်းမှာ ရေးကပ် ထားပါ။ နေ့စဉ် အိပ်ရာဝင် အိပ် ရာထကြည့်ပါ။
ဒီအခါ မိမိမှန်းထားသော အချိန်မှာ ထိုကားကိုရမယ်ဆိုတဲ့ စကားရှိတယ်။
အနောက်တိုင်း၊ အရှေ့ တိုင်းကလူတွေ ဒါကိုယုံကြတယ်။
ဒါကိုစိတ်ခွန်အား သို့မ ဟုတ် စိတ်တန်ခိုးလို့ ခေါ်ကြ တယ်။
စိတ်ပညာကတော့ မသိ စိတ်ထဲကို အသိဆန္ဒရောက်သွား တဲ့အခါ အလိုအလျောက်ဆန္ဒတွေ ကို ဖြည့်ဆည်းတယ်လို့ ဆိုပါ တယ်။ ဘယ်လိုဖြစ်ဖြစ် ဒါဟာ ရည်မှန်းချက်ဆိုတဲ့ အိပ်မက်ကို မှတ်မှတ်သားသားအလေးထားခြင်း လို့ ယူဆနိုင်ပါတယ်။ ကျွန်တော် ကတော့ မသိစိတ်ကပဲဖြစ်ဖြစ် သိ စိတ်ကပဲဖြစ်ဖြစ် ကြံစည်ပြီး လုပ် ကိုင်နေမှသာ အောင်မြင်တယ်လို့ ဆိုချင်တယ်။
အိပ်မက် (Dream)
အောင်မြင်လိုသူတိုင်းမှာ အိပ်မက်တွေထားတယ်။
ဒါပေမယ့် သူတို့အနေနဲ့ ပထမ Capacity ကို မြှင့်ဖို့တော့ လိုတယ်လို့ဆိုတယ်။
အချို့ကလည်း အိပ်မက် အရင်မက်တယ်။ အချို့ကတော့ အရည်အသွေးမြင့်မားအောင် အ ရင်လုပ်တယ်။
ကျွန်တော်တို့ ကျောင်းနေ တာမျိုးဟာ အရည်အသွေးမြှင့် တာပဲပေါ့။ ဒီအချိန်မှာ အချို့က တော့ ရည်မှန်းချက် (အိပ်မက်) တွေရှိတာကိုတွေ့ရမယ်။ များသော အားဖြင့် ပညာသင်တာ အမေ ထားလို့ ကျောင်းသွားတယ်။ ပညာ တတ်ရင် အလုပ်ကြမ်းမလုပ်ရဘူး။ လစာကောင်းကောင်းရမယ်ဆိုတာ မျိုးကို လက်ခံထားကြသူတွေများ တယ်။ ဆရာဝန်ကြီးဖြစ်ချင်တယ်။ အင်ဂျင်နီယာကြီးဖြစ်ချင်တယ်ဆို တဲ့ အိပ်မက်တွေဟာလည်း ရေရေ ရာရာ အိပ်မက်တွေ မဟုတ်ဘူး။
သူများယောင်လို့ ယောင် ရတာမျိုးပါပဲ။
ဒါပေမယ့် တစ်စုံတစ် ယောက်ကို အားကျပြီးမက်တဲ့ အိပ်မက်ကတော့ ရေရာတယ်လို့ ဆိုနိုင်ပါတယ်။
ဒါဆိုရင် ဘာကို ရေရာတဲ့ အိပ်မက်လို့ ခေါ်တာလဲ။
''ရေရာတဲ့ အိပ်မက်ဆို တာ အကောင်အထည်မြင်ရတာ ကို ခေါ်တယ်''လို့ ပြောနိုင်တယ်။
အကောင်အထည်ကို အနီးအနားမှာ မမြင်မတွေ့ရရင်တော့ ဓာတ်ပုံပန်းချီ သို့မဟုတ် ကိုယ် တိုင်ရေးဆွဲပြီး ထင်မြင် လာအောင် မြင် မက်ဖို့လိုသတဲ့။ ဒါမှ အဲဒီအိပ် မက်ဟာ သေချာတယ်။
''ဒါကြောင့် ကျွန်တော်တို့ ဟာ ဗိုလ်ချုပ်အောင်ဆန်းလို
ခေါင်းဆောင်တွေရဲ့ပုံကို ချိတ်ဆွဲ ထားတာပဲ''လို့ မိတ်ဆွေစိတ်ပညာ ရှင်တစ်ဦးက ပြောပြတယ်။
ဒါပေမယ့် ပုံတွေချိတ်ထား တာ အားလုံးဟာ အိပ်မက်တွေ တော့မဟုတ်ပါဘူး။ ကိုယ်တိုင် ကြည်ညိုလေးစားပြီး သူ့လိုဖြစ်ချင် မှ အိပ်မက်ဟာ အကောင်အထည် ပေါ်လာနိုင်ပါတယ်။
နိဂုံး
တစ်ခါက ပရင်စတန် တက္ကသိုလ် အနောက်နား မြင်ခင်း မှာရှိတဲ့ ခုံတန်းလျားလေးတစ်ခုမှာ လူတစ်ယောက်ထိုင်နေတယ်။
အဲဒီရက်က ကျောင်းပိတ် ရက်ဖြစ်တော့ လူအတော်နည်း တာပေါ့။
အဲဒီ ထိုင်နေသူအနားကို နောက်ကျောင်းသားလေးတစ် ယောက်က ဝင်ထိုင်တယ်။
ပြီးတော့ ကျောင်းသား လေးက ထိုင်နေသူကို ''ခင်ဗျားကို သိပါတယ်။ ခင်ဗျားဟာ ရူပဗေဒ ပညာရှင်ကြီး အိုင်းစတိုင်းမဟုတ် လား''လို့ မေးတယ်။
အိုင်းစတိုင်းဟာ လူငယ် လေးကို ဘာမှမပြောဘူး။ သူ့ရှေ့ က ဘာမှမရေးထားတဲ့ စာရွက်ကို ပဲ ငေးကြည့်နေတယ်တဲ့။
ဒီတော့ လူငယ်လေးက ''ခင်ဗျားအတွေးအတွက် တစ်ပြား ပေးမယ် (A penny for your thought) လို့ လှမ်းပြောလိုက် တယ်။ ဒါဟာ အင်္ဂလိပ်စကားမှာ ပြောလေ့ရှိတဲ့ စကားပါ။ နောက် ပြောင်တဲ့ Idiom ပါပဲ။
ဒီအခါမှာ အိုင်းစတိုင်းက လူငယ်လေးကိုကြည့်လိုက်တယ်။ ပြီးတော့ မေးတယ်။
''မင်း ဒီကျောင်းက Ph.D ကျောင်းသားမဟုတ်လား''
''ဟုတ်ပါတယ်၊ ကျွန်တော် ရူပဗေဒက Ph.D ကျောင်းသားပါ။ ဆရာကြီး လက်ချာတက်ဖူးတယ်'' လို့ ဖြေတယ်တဲ့။
''အေး၊ မှန်တာပြောရရင် ငါဘယ်တော့မှ တစ်ပြားတန်အ တွေးမတွေးဘူး။ မင်းလည်းပရင်စတန်က ကျောင်းသားအနေနဲ့ တစ်ပြား တန် အတွေး ဘယ်တော့မှ မတွေးလေနဲ့၊ အတွေးဆိုတာ တန် ဖိုးကြီးလေလေ ကောင်းလေလေပဲ'' တဲ့။
ဆရာကြီးက သူ့စာရွက်ကို ကြည့်ပြီး ပုံဖော်နေရင်း ဆက်ပြော လိုက်တယ်။
တစ်ပြားတန်အတွေးတွေး တဲ့ သူဟာ တစ်ပြားပဲရမှာပါပဲတဲ့။

Edit - TYO

Thursday, April 21, 2016

ခရီးသွားလေ့ရှိတဲ့သူတွေက ဘာလို့အောင်မြင်တတ်လဲ?











ခရီးသွားခြင်းက ဘဝအမောတွေကို ပြေပျောက်စေတယ်၊ အပန်းပြေစေတယ်၊ ဗဟုသုတတွေကို ရစေတယ်။ ဒီလိုအချက်တွေအပြင် ကိုယ်သတိမထားမိတဲ့ အရည်အသွေးတွေကိုလည်း တိုးတက်လာစေပါတယ်။ ဒီအရည်အသွေးတွေဟာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကောင်းတစ်ခုအဖြစ်နဲ့ လုပ်ငန်းခွင်မှာပါ အထောက်အကူပြုလေ့ရှိပါတယ်။
(၁) ပွင့်လင်းတဲ့သဘောထားရှိတယ်။
ခရီးသွားနေတဲ့အခါမှာ လူတစ်ယောက်ရဲ့စိတ်ဟာ ပွင့်လင်းပါတယ်။ သူ့ရဲ့အမြင်နဲ့ခံစားချက်ပေါ်မှာလည်း ရိုးသားပါတယ်။ ပုံမှန်ခရီးသွားလေ့ရှိသူတစ်ဦးအနေနဲ့ ဒီအကျင့်လေးတွေဟာ သူ့ရဲ့ လုပ်ငန်းခွင်ထဲထိ ကူးစက်လာတတ်ပါတယ်။

(၂) လူမှုဆက်ဆံရေး ကျယ်ပြန့်တယ်။
ခရီးအတူသွားတဲ့အခါ ခရီးသွားဖော်တွေရှိမယ်။ နယ်ပယ်အသစ်တွေကို ရောက်တဲ့အခါမှာ နယ်ခံတွေရှိမယ်။ ခရီးသွားရင်းနဲ့ ကိုယ်နဲ့မသိတဲ့ လူပေါင်းများစွာနဲ့ တွေ့ကြုံရပါတယ်။ မိတ်ဆွေအသစ်တွေနဲ့ ခင်မင်အောင် ပေါင်းသင်းဖို့ အခွင့်အရေးတွေ ရတတ်ပါတယ်။
(၃) လူတွေအကြောင်း နားလည်မယ်။
လူတစ်ယောက်အကြောင်း သိချင်ရင် ခရီးအတူသွားကြည့်ဆိုတဲ့ စကားရှိပါတယ်။ ဒီလိုပါပဲ ခရီးမကြာခဏသွားလေ့ရှိသူတစ်ဦးဟာလည်း လူတွေအကြောင်းကို တဖြည်းဖြည်းနားလည်လာပါတယ်။ မကောင်းမြင်စိတ်ထက်စာရင် လူတွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောကို နားလည်လာခြင်းလည်း ဖြစ်ပါတယ်။
(၄) အစီအစဉ်ဆွဲတာကောင်းလာတယ်။
ခရီးတစ်ခုသွားတယ်ဆိုတာ ဒီအတိုင်းကြီး ခြေဦးတည့်ရာ သွားလို့မရပါဘူး။ ဘယ်ကိုသွားမယ်။ ဘယ်ရောက်ရင် ဘာလုပ်မယ်။ စသဖြင့် ကြိုတင်အစီအစဉ်ဆွဲထားရပါတယ်။ ခရီးသွားခြင်းအားဖြင့် ဒီလို planning လုပ်တဲ့အပိုင်းမှာလည်း တိုးတက်လာနိုင်ပါတယ်။
(၅) ဗဟုသုတတိုးမယ်။
ဗဟုသုတ သိုမှီးတဲ့နည်း သုံးခုရှိပါတယ်။ ဒါတွေကတော့ စာဖတ်ခြင်း၊ သူများဆီက နားထောင်ခြင်းနဲ့ ခရီးသွားခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီထဲကမှ အထိရောက်ဆုံးကလည်း ခရီးသွားခြင်းလို့ ဆိုထားပါတယ်။ ခရီးတစ်ခေါက် သွားလိုက်တာနဲ့ ကိုယ့်ရဲ့ ကိုယ်ရော၊စိတ်ပါ အပြောင်းအလဲတွေကို ခံစားမိမှာပါ။
(၆) စိတ်ခွန်အားတက်ကြွနေတတ်တယ်။
ခရီးသွားတဲ့သူအများစုရဲ့ စိတ်တွေဟာ သစ်လွင်နေလေ့ရှိပါတယ်။ အတွေးဟောင်းတွေ၊ ခံစားမှုအဟောင်းတွေကိုလည်း ခရီးသွားခြင်းနဲ့အတူ ချန်လှပ်ထားလေ့ရှိပါတယ်။

Edit - TYO

"Change Yourself "







တစ်နေ့မှာတော့ ကုမ္မဏီတစ်ခုရဲ့ဝန်ထမ်းတွေဟာ ရုံးကိုရောက်ရောက်လာ
ချင်းမှာ Notice Board မှာကပ်ထားတဲ့ စာရွက်တစ်ရွက်ကိုတွေ့လိုက်ရပါတယ်။
အဲ့ဒီစာကတော့ ...
" ဒီရုံးမှာ သင်တို့ရဲ့တိုးတက်ရာတိုးတက်ကြောင်းကို နှောင့်ယှက်နေတဲ့ လူတစ်ယောက်မနေ့ကပဲဆုံးပါသွားပါပြီ။
သူရဲ့ဈာပနကို အားကစားခန်းမထဲမှာပြင်ဆင်ထားပါတယ်။ အားလုံးပဲတက်ရောက်ပေးဖို့ ဖိတ်ခေါ်ပါတယ် "
အားလုံးလည်း ကြောင်တောင်တောင်ဖြစ်သွားပြီး အဲ့လူဟာဘယ်သူပါလိမ့်ဆိုပြီး သိချင်စိတ်ပြင်းပြလာကြတယ်။ ၀န်ထမ်းတွေဟာ စိတ်လှုပ်ရှားစွာနဲ့ပဲ အားကစားခန်းမဆီကို အပြေးသွားခဲ့ကြပြီး အားကစားခန်းမကိုရောက်ရောက်ချင်းမှာပဲ အခေါင်းတစ်ခုကို သူတို့တွေ့လိုက်ကြရတယ်။
ငါတို့ကို နှောင့်ယှက်နေတဲ့လူကဘယ်သူများလဲ အားလုံးကသိချင်ဇောနဲ့ အခေါင်းကို ဆွဲဖွင့်လိုက်တဲ့အခါမှာတော့ မှန်တစ်ချပ်ကိုတွေ့လိုက်ရပြီး ကြည့်လိုက်တဲ့လူအားလုံး
ကိုယ့်ကိုယ်ကိုသာပြန်မြင်လိုက်ကြရပါတယ်။
ဒါဟာ ၀န်ထမ်းတွေအားလုံးကို သင်ခန်းစာတစ်ခုပေးခြင်းဖြစ်ပြီး အဲ့ဒါကတော့
သင်ရဲ့တိုးတက်မှုကို ကန့်သတ်နေတဲ့လူဟာ "သင်" ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာပါပဲ ။
သင်သာလျှင် သင့်ဘ၀ကို ပြောင်းလဲနိုင်စွမ်းရှိသူဖြစ်ပါတယ်။
ကိုယ့်အထက်ကအကြီးအကဲပြောင်းလဲသွားလို့ သင်ပြောင်းလဲမသွားနိုင်ပါ။
သင့်သူငယ်ချင်းပြောင်းလဲသွားလို့ သင်ပြောင်းလဲမသွားနိုင်ပါ။
သင့်ကုမ္ပဏီပြောင်းလဲသွားလို့ သင်ပြောင်းလဲမသွားနိုင်ပါ။
သင်ပြောင်းလဲမှသာ သင့်ဘ၀ပြောင်းလဲသွားမှာဖြစ်ပါတယ်။
လောကကြီးဟာ မှန်တစ်ချပ်ကဲ့သို့ဖြစ်ပြီး သင့်ရဲ့ကြိုးစားမှုတိုင်းဟာ
သင့်ဆီကို တန်ပြန်အကျိုးသက်ရောက်မှုတွေ မလွဲမသွေရောက်ရှိလာမှာပဲဖြစ်ပါတယ်။

Edit - TYO

" ရွှေဥမင် ဆရာတော် ဘုရားကြီး သြဝါဒ "











မြစ်ကြီးလည်း မခမ်းပါစေနဲ့။
သစ်ပင်ကြီးလည်း မလဲပါစေနဲ့။
ထုံးအိုးကြီးလည်း မကွဲပါစေနဲ့။
✿ မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ အေးမြတဲ့စမ်းရေလို ကြည်ကြည်လင်လင် တသွင်သွင်စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီးကို ဆိုလိုတာပါ။
လူလူချင်း မေတ္တာထားကြ။ မေတ္တာတရားတွေ ပွားများကြ။ လူလူချင်း မေတ္တာတွေ မခမ်းကြစေနဲ့ဆိုတဲ့ အဓိပ္ပါယ် ပဲ ။
✿ သစ်ပင်ကြီးလည်း မလဲပါစေနဲ့ တဲ့။ သစ်ပင်ကြီးဟာ အခက်အလက်အရွက်တွေ ဝေေ၀ဆာဆာနဲ့ အရိပ်အာဝါသကိုပေးတယ်။ ထို့အတူပဲ ... ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့အရိပ် အာဝါသကောင်းကို ခိုလှုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို ရတယ်။ ဒီအရိပ်အာဝါသတွေကို အမိအရ ခိုလှုံဖို့ လိုသလို၊ အရိပ်အာဝါသတွေကို မဖျက်ဆီးမိဖို့ ကျေးဇူးမကန်းမိဖို့ လဲသတိထားရလိမ့်မယ်။
သစ်ပင်ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာ
ရောက်တာပဲ။ ဒါကြောင့် သစ်ပင်ကြီးမလဲအောင်လဲ ကြိုးစား ထိန်းသိမ်းကြပါ။
✿ ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ဆိုတာက ရိုးရာဓလေ့ ထုံးစံတွေကို
ပြောတာပါ။ မိဘဘိုးဘွား လက်ထက်ကတည်းက လိုက်နာကျင့်သုံး
လာကြတဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကောင်းတွေကို မပျောက်ပျက်ရအောင် ထိန်းသိမ်းပြီး ဗုဒ္ဓဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့
နေထိုင်ကြပါ ။
( ရွှေဥမင်ဆရာတော်ဘုရားကြီး )

" MANAGEMENT THEORIES ( X ) နဲ့ ( Y ) "










Theory X နဲ့ Theory Y ကို စတင်ဖော်ထုတ်ခဲ့သူကတော့ MIT မှ လူမှုရေးရာစိတ်ပညာရှင် ဒေါက်ကလပ်စ် မတ်ဂရော်ဂျာဖြစ်ပါတယ်။ သူက လူတွေရဲ့ Motivation နဲ့ ပါတ်သတ်လို့ ဆန့်ကျင်ဘက် အယူအဆနှစ်ခုဖြစ်တဲ့ အဆိုပါ သီအိုရီ နှစ်ခုကို ၁၉၆၀ မှာ စတင်ရေးသားခဲ့တာပါ။ အဆိုပါ သီအိုရီများဟာ မန်နေဂျာတစ်ယောက်က သူ့ရဲ့ ၀န်ထမ်းတွေ လုပ်ငန်းခွင်ကို ဘယ်လိုသဘောထားသလဲဆိုတာဟာ သူ့ရဲ့ စီမံခန့်ခွဲပုံကို အကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။
Theory X မှာ ယူဆတာကတော့ ၀န်ထမ်းများဟာ တာဝန်မယူကြဘူး၊ စောင့်ကြည့်မယ့်သူမရှိရင် အလုပ်မှာပျင်းတယ်၊ မတွင်ကျယ်ဘူး။ ပြောဆိုမဲ့သူမရှိရင် ရေသာခိုအချောင်လိုက်တယ်။ စိတ်ဓာတ်တက်ကြွမှုမရှိဘဲ တိုးတက်ချင်စိတ်လဲမဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အဲဒီလိုမျိုး အဖွဲ့အစည်းမျိုးဟာ အာဏာရှင်ဆန်ဆန်အုပ်ချုပ်မှုမျိုး (Authoritarian Management) နဲ့ အုပ်ချုပ်ဖို့ လိုအပ်ပြီး လုပ်ငန်းအဆင့် တခုစီတိုင်းမှာ ကြီးကြပ်ဖို့အတွက် လူလိုပါတယ်။
Theory Y ကျတော့ Theory X နဲ့ ပြောင်းပြန်ပါ။ Theory Y ရဲ့ အဆိုအရ ၀န်ထမ်းတွေဟာ တာဝန်ယူတတ်တယ်။ အဖွဲ့အစည်းရဲ့ ရည်မှန်းချက် ပြည့်မှီဖို့အတွက် မိမိကိုပေးထားတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ကြတယ်။ အထက်က အမိန့်ပေးမှ လုပ်တာမျိုးမဟုတ်ဘဲ မိမိဆန္ဒအလျောက်အစပြုလုပ်ဆောင်တတ်
တယ်။ ဆန်းသစ်တီထွင်တဲ့ နည်းလမ်းတွေစဉ်းစားပြီးတော့ ကြုံတွေ့တဲ့ ပြဿနာတွေကို ဖြေရှင်းတတ်ကြတယ်။ ဒါကြောင့် Y-type အဖွဲ့အစည်းမျိုးမှာတော့ အားလုံးပါဝင်တဲ့ စီမံခန့်ခွဲမှုပုံစံ (Participative Management) နဲ့ အံဝင်ခွင်ကျ ဖြစ်ကြပါတယ်။
Theory X စီမံခန့်ခွဲပုံဟာ တခြားသော စီမံခန့်ခွဲနည်းများထက်စာရင် နိမ့်ကျပေမဲ့ အလွန်ကြီးမားတဲ့ Large Scale Operation လုပ်ငန်းမျိုးနဲ့ ကျွမ်းကျင်မှုလိုနေသေးတဲ့ ကုန်ထုတ်လုပ်ငန်းမျိုးတွေမှာ အသုံးချလို့ရနိုင်ပါတယ်။
Theory Y စီမံခန့်ခွဲမှုမျိုးကတော့ ဦးနှောက်နဲ့အလုပ်လုပ်ရတဲ့ ပညာရပ်ပိုင်းဆိုင်ရာလုပ်ငန်း နဲ့ အကြံပေးဝန်ဆောင်မှုလုပ်ငန်း စတာတွေမှာ လွန်စွာ အသုံးတည့်တာတွေ့ရပါတယ်။
ပြန်ချုံ့ပြီးပြောရရင်တော့ သင့်ရဲ့ ၀န်ထမ်းတွေမှာ Theory X သမားရော Theory Y သမားရော ရောမွှေပြီးပါနေမှာပါ။ ဒါကြောင့် တချို့မှာ Theory Y ပုံစံ စီမံခန့်ခွဲမှုနဲ့ အဆင်ပြေပြီး တချို့ကျတော့ Theory X ပုံစံ စီမံခန့်ခွဲမှုနဲ့ ကိုက်ညီနေတာကို တွေ့ရမှာဖြစ်လို့ နှစ်မျိုးစလုံး အလျင်းသင့်လို အသုံးပြုနိုင်ပါတယ်။

Edit - TYO

" KNOWLEDGE MANAGEMENT "








အဖွဲအစည်းတွေမှာ လုပ်ငန်းတွေအောင်မြင်ဖို့  အတွက် Knowledge Management အသိပညာတွေ အရေးကြီးပုံ ဆုံးဖြတ်ချက်ချ
ဖို့ ဘယ်လို အသိပညာတွေ လိုအပ်တယ်ဆိုတာ Research paper ရေးနေပါတယ်။ ဒါတွေဟာအဖွဲ့အစည်း (Organisation, company, Political Party) တွေသာမက နိုင်ငံတော်တည်ဆောက်တဲ့ခါမှာပါလိုအပ်ချက်ပါ။ ဘာကြောင့်လဲဆိုတော့ အဖွဲ့အစည်းဆိုတာ လူတွေနဲ့တည်ဆောက်ထားလို့ပါ။
Individual Knowledge ဆိုတာ တစ်ဦးတစ်ယောက်ချင်း မှာရှိရမယ့် Knowledge ပါ၊ တစ်ဦးတစ်ယောက်ချင်းမှာ သူရာထူးအလုပ်နဲ့သူကျွမ်းကျင်တတ်မြောက်တဲ့ Knowledge, Skills, Experience တွေရှိရမှာပါ အောက်ခြေ၀န်ထမ်းကနေ ထိပ်ဆုံးရာထူးအထိ Individual Knowledge ဆိုတာမရှိမဖြစ်အရေးကြီးပါတယ်။
Corporate Knowledge ဆိုတာ မိမိလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းရဲ့ Policy, Guideline, Objectives, Rules and Regulations, Rights စသည်တိုကိုနားလည်ဖို့လိုအပ်ပါတယ်။ ဒီအဖွဲ့အစည်းရဲ့အကြောင်းတွေ ဆောင်ပုဒ်တွေ လုပ်ဆောင်ချက်တွေကို နားလည်သိရှိမှ အလုပ်ကိုအောင်မြင်ဖို့အတွက်လိုအပ်ပါတယ်။
Knowledge Sharing ဆိုတဲ့ အချင်းအချင်း တိုင်ပင်ဆွေးနွေးမှုက အဓိကအရေးကြီးပါတယ်။ မိမိသိတဲ့ အတွေကြုံ တွေကို တိုင်ပင်ဆွေးနွေးမှုဟာ သိတ် အရေးကြီးပါတယ်။ လုပ်ငန်းဆိုတာတစ်ယောက်တည်း လုပ်လို့  မရပါဘူး။ ခေါင်းဆောင်ကောင်းတွေလိုအပ်သလို ၀န်ထမ်းတွေရဲ့ အတွေအကြုံ အခက်အခဲတွေကို အကြံပေး ဖြေရှင်းမှသာအောင်မြင်တိုးတက်မှာပါ။ အဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ လုပ်ငန်းလည်ပါတ်နေဖို့ အတွက်အားလုံး ပါဝင်လှုပ်ရှားနေတဲ့နေရာမှာ တစ်ဦိးချင်း (Individual Knowledge) အသိပညာ သာမက Team Knowledge or Group Knowledge
မိမိ တို့ သက်ဆိုင်ရာအုပ်စုအလိုက် လုပ်ငန်းဆောင်ရွက်တဲ့နေရာ Knowledge Sharing က အရေးကြီးပါတယ်။
Knowledge Transferring ဆိုတာက မိမိသိတဲ့ တတ်တဲ့ ပညာ ဗဟုသုတတွေ အတွေအကြုံတွေကို ပြန်လည်ဖြန့်ဝေတာပါ။ ကိုယ်သိတာတတ်တာတွေကို အများသိအောင်ရှင်းလင်းတင်ပြမှသာလျင် လုပ်ဖော် ကိုင်ဖက်တွေအတွက်အကျိုးရှိပါတယ်။
Process Knowledge ဆိုတာ မိမိလုပ်တဲ့အလုပ် မှာ အဆင့်ဆင့်အစမှအဆုံး ပြီးမြောက်အောင်မြင်အောင်လုပ်ရတဲ့ Knowledge ပါ။ ဥပမာ - နေ့စဉ်လုပ်နေတဲ့လုပ်ငန်းမှာ ဆောင်ရွက်ရမယ် အလုပ် (Task) ကိုတဆင့်ပြီးတဆင့်ကျွမ်းကျင်မှုပါ။ လက်ဘက်ရည်ဆိုင် ရှင်တစ်ဦး မနက်ဆိုင်ဖွင့်ချိန်က ဆိုင်ပိတ်ချိန်အထိသူအလုပ်ကိုသူနားလည်ရမှာပါ။ လိုအပ်တဲ့ နို့ဆီသကြား မုန်တို့ကို ကုန်ကြမ်းယူတာက အစ စားသုံးသူအထိဖြန့်ဝေနိုင်တာကိုဆိုလိုပါတယ်။ Process Knowledge ကအရေးကြီးပါတယ်။ မှားလို့ မရပါ။ မှားရင် အချိန်ကုန်လူပန်းဖြစ်တတ်ပါတယ်။
Performance Knowledge ဆိုတာ လုပ်ငန်းတွေကို အမှားအယွင်းမရှိ အချိန်မှီပြီးအောင်လုပ်နိုင်တဲ့ Knowledge ပါ။ Process Knowledge နဲ့မတူပါဖူး။ ဆိုကြပါစို့ - Customer satisfaction ပေါ့။ အလုပ်ကို အမှားအယွင်းမရှိ အချိန်မှီပြီးဖို့ဆိုတာလက်တွေမှာမလွယ်ဖူး။ Process Knowledge နဲ့ Performance Knowledge ကြားမှာ Knowledge Gap ဆိုတဲ့ ကွာဟချက်ဆိုတာရှိနေတတ်တယ်။ ဒီကွာဟမှုရှိနေရင် အလုပ်တွေနှောင့်နှေးကြန့်ကြာနိုင်ပါတယ်။
Decision Making Process ဆိုတဲ့ ဆုံးဖြတ်ချက်ချတဲ့ အဆင့်မှာ ဖော်ပြခဲ့တဲ့ Individual Knowledge, Team or Group Knowledge, Corporate Knowledge, Knowledge Transferring, Process Knowledge, Performance Knowledge စတဲ့ Knowledge တွေကို သိမှ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိင်မှာဖြစ်ပါတယ်။
ကျနော်ရေးနေတဲ့ Research paper ထဲက နေ Knowledge အမျိုးမျိုး ကွဲပြားပုံ အကျိုးသက်ရောက်ပုံအဆင့်ဆင့်ကိုခွဲခြားပြထားတာပါ။ ဒီ Knowledge တွေကိုသိမှ တစ်ယောက်ချင်း တာဝန်ယူမှု ခေါင်းဆောင်ကောင်းမှုတွေဖြစ်မှ အလုပ်တွေအောင်မြင်မှုရရင် အဖွဲ့အစည်းလည်းအောင်မြင်နိုင်ပါတယ်။
ဒါကြောင့် လုပ်ငန်း အဖွဲ့အစည်းရဲ့ Policy, Guideline, Rules and Regulations, Objectives တွေ ကိုလေ့လာလိုက်နာရမှာပါ။ Individual တစ်ဦးချင်း အရည်အချင်းပြည့်ဝရမယ်။ လက်ရုံးရည် နှလုံးရည် အသိပညာ ဗဟုသုတ ဥာဏ်ပညာ ရှိရမယ်။ ပြသနာကိုဆုံးဖြတ်တတ်ရမယ်။ Independently မိမိ ကိုယ်တိုင်လွတ်လပ်စွာလုပ်ကိုင်နိုင်ရမယ်။ Team work အများနဲ့အတူလက်တွဲလုပ်တဲ့အခါမှာ Knowledge Sharing အချင်းချင်းတိုင်ပင်ဆွေးနွေးရမယ်။ Knowledge Transferring မိမိတတ်တဲ့ အသိပညာ အတွေအကြုံတွေကို ပြန်လည်ဖြန့်ဝေရမယ်။
လုပ်ငန်းအဆင့်ဆင့်ကိုနားလည်တတ်ကျွမ်းတဲ့ Process Knowledge ကိုအပြန်အလှန်သုံးသပ်မှ ချိုးယွင်းချက်တွေ အမှားတွေကိုသိနိုင်မယ်။ Performance Knowledge ဆိုတဲ့ အလုပ်ကို ကျွမ်းကျင်တတ်မြောက် ပြီး အမှားမရှိအောင် အချိန်မှီလုပ်ဖို့ လိုအပ်ပါတယ်။ Process Knowledge and Performance ကြားမှာ ရှိတဲ့ Knowledge Gap ကို အမြဲသုံးသပ်ဖို့လိုပါတယ်။
ဒီအဆင့်တွေကိုကျော်မှ နောက်ဆုံးအဆင့်ဖြစ်တဲ့ Decision Making Process ဆိုတဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို အောင်မြင်စွာချမှတ်နိုင်မှသာလျင် မိမိရဲ့ အဖွဲ့အစည်းတိုးတက်အောင်မြင်နိင်မှာဖြစ်ပါ
တယ်။

Edit - TYO

" ဘာ လို အပ် သ လဲ "


တစ်နေ့မှာ တပည့်တစ်ယောက်က သူ့ဆရာ ကွန်ဖူးရှပ်စ်ကို မေးတယ် ...
ဆရာ.. လောက မှာ
ငြိမ်းအေး ချမ်းသာစွာနေဖို့အတွက် ဘာတွေလိုအပ်လဲတဲ့...

ကွန်ဖူးရှပ်စ် ပြန်ဖြေတာကတော့....
အရာနှစ်ခုပဲလိုအပ်တယ်တဲ့
၁. Benevolence - Loving people ဆိုတဲ့ မေတ္တာတရား ကိုယ်ချင်းစာတရားတွေပေါ့... ကိုယ်မလုပ်ချင်တာကို သူများကို မလုပ်ခိုင်းနဲ့ ကိုယ်မကြားချင်တာကို သူများကိုမပြောနဲ့တဲ့....
နောက်တစ်ခုကတော့
၂. Wisdom - Knowing poeple ဆိုတဲ့ ဘယ်သူက လူကောင်းလဲ ဘယ်သူက လူဆိုးလဲ .. ဘယ်သူ့ဆီက ဘာ ဗဟုသုတရမလဲ... ခွဲခြားသိမြင်နိုင်စွမ်းရှိရမယ်တဲ့....
ဒါဆို လောက ကြီးမှာ နေရတာ အဆင်ပြေပြီတဲ့လေ...



 Edit - TYO

Credit 

Thursday, April 14, 2016

"စီမံခန့်ခွဲမှုပညာမှာ အဓိကကျတဲ့ အချက် ၃-ချက်"









ဒီအချက်တွေကို အောင်မြင်သော မန်နေဂျာများနှင့် တိုးတက်သော ကုမ္ပဏီများတွင် အတွေ့များပါတယ်။အဲဒါတွေကတော့-
၁။ Conceptual Skill- ရှုပ်ထွေးသော အခြေအနေများတွင် ပြဿနာတွေ၊ မေးခွန်းတွေကို ရှင်းလင်းထိရောက်တဲ့ အဖြေတွေနှင့် ဖြေရှင်းပေးနိုင်တယ်။ ကိစ္စအ၀၀ကို အပေါ်စီးက ရှင်းလင်းစွာ ကြည့်မြင်နိုင်တယ်။ ရှုပ်ထွေးလှတဲ့ ဒီနေ့ကမ္ဘာကြီးမှာ လူတစ်ဦးမှ နိုင်ငံတစ်ခုထိ ရှင်သန်ရပ်တည်နိုင်ဖို့ အရေးမှာ အလွန်အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ (ဒီအားသာချက်ရှိသူ အဆင့်မြင့် မန်နေဂျာ)
၂။ People Skill- လူတွေ၊ အဖွဲ့အစည်းတွေနှင့် ဆက်ဆံရေးနှင့် လုပ်ငန်းဆောင်တာတွေမှာ အစဉ်ချောတယ်။ အလုပ်ဖြစ်တယ်။ ပတ်ဝန်းကျင်က ချစ်ခင် လေးစားခံရသူတွေမှာ ရှာတွေ့နိုင်ပါတယ်။ ( ဒါက အလယ်လတ် မန်နေဂျာ)
၃။ Technical Skill ကတော့ အထူးကျွမ်းကျင်တဲ့ပညာ နည်းပညာအသုံးချမှုပိုင်းပါ။ (ဒါက Low level manager ပါ)
လူတစ်ယောက်ဟာ Technical Skill- နည်းပညာမှာ ထူးချွန်ပေမဲ့ လူတွေနှင့် ဆက်ဆံရေး People Skill မရှိဘူး။ အမြင်မကျယ်ဘူး Conceptual Skill မရှိဘူးဆိုရင် အောင်မြင်တဲ့ လူတစ်ယောက်၊ မန်နေဂျာတစ်ယောက် မဖြစ်နိုင်တော့ပါဘူး။
ထို့အတူ ဒီဘက်ခေတ်မှာ နည်းပညာကျွမ်းကျင်မှု Technical Skill ကိုလည်း ချန်လှပ်ထားလို့ မရပြန်ဘူး။
ဒီ ၃-ချက်လုံးရှိနေရင် အောင်မြင်တဲ့ လူ။ အောင်မြင်တဲ့ မန်နေဂျာ ဖြစ်ဖို့ အကောင်းဆုံးအခွင့်အလမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။
အဲဒီစီမံခန့်ခွဲမှုမှာ အရိုးစင်းဆုံး အနေနဲ့ အပိုင်းလေးပိုင်း ပါဝင်ပါတယ်။
အဲဒါတွေကတော့ -
Planning
Organizing
Leading
Controlling ဆိုပြီး ဖြစ်ပါတယ်။
Planning ဟာ စ်ီမံကိန်း ရေးဆွဲချမှတ်တာဖြစ်ပြီး ရည်ရွယ်ချက်၊ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု စတာတွေကို အသေးစိတ်ရေးဆွဲရပါတယ်။
Organizing မှာ ဘာတွေလုပ်မယ် ၊ ဘယ်သူတွေကလုပ်မယ် စတာတွေကို စုဖွဲ့ပါတယ်။
Leading ပိုင်းမှာ ပါဝင်မယ့်သူတွေကို Motivate လုပ်တာတို့၊ ညွှန်ကြားတာတို့ ဆက်သွယ်ရေးလမ်းကြောင်း ချမှတ်တာတို့ ၀ိရောဓိတွေ ဖြေရှင်းတာတို့ လုပ်လေ့ရှိ ပါတယ်။
Controlling ပိုင်းမှာ ဆောင်ရွက်မှုတွေကို ထိန်းသိမ်း၊ ညွှန်ကြားတာတွေ၊ စီမံကိန်း အသေးစိတ် အကောင်အထည်ဖော်မှုတွေ လွဲမှားတာတွေပြန်ပြီး တည့်မတ်တာတွေ လုပ်ပါတယ်။
ဆောင်ရွက်နိုင်မှု၊ စွမ်းဆောင်နိုင်မှု ဆိုတဲ့ Ability ဟာ တစ်ဦးချင်းမှာရှိတဲ့ အရည်အချင်းဖြစ်ပါတယ်။ ပေးတဲ့တာဝန်ကို ပြီးမြောက်အောင်၊ အမှားအယွင်း မပါအောင် လုပ်နိုင်တာဟာ Ability ပဲဖြစ်ပါတယ်။
Intellectual Ability ဆိုတာက လုပ်ငန်းတွေကို ဆောင်ရွက်နိုင်တဲ့ စိတ်ပိုင်းဆိုင် ရာ အရည်အချင်း ဖြစ်ပါတယ်။
Multiple Intelligence ဆိုတာကတော့ Cognitive, Social, Emotional နဲ့ Cultural တွေ ပေါင်းစည်းထားတဲ့ အရည်အချင်း ဖြစ်ပါတယ်။ သည်နေ့ခေါင်းဆောင်တွေ မှာ အဲဒီအရည်အချင်းတွေ ပါဝင်ပါတယ်။ တစ်ခုကောင်း ၊ တစ်ပိုင်းကောင်းနဲ့ ခေါင်းဆောင် မှု ပီပြင်တဲ့အချိန် မဟုတ်တော့ပါဘူး။
ပညာ
ပညာ (Knowledge) ကို သိပ္ပံပညာရှင်ကြီး Albert Einstein က
Knowing what to do right things through experiences and education လို့ တိုတိုတုတ်တုတ်နဲ့ ထိထိရောက်ရောက် ပြောခဲ့ပါတယ်။ ဟုတ်ပါတယ်။ ပညာဆိုတာ Education ဆိုတဲ့ အတတ်ပညာနဲ့ အတွေ့အကြုံ (Experience) တွေက ထွက်ပေါ်လာပြီး အမှန်တွေကို ရွေးချယ် လုပ်ကိုင်တတ်ခြင်းပဲ ဖြစ်ပါတယ်။ ထင်ရှားအောင် သူက ထပ်ပြောပါသေးတယ်။
Knowledge is not information. Knowledge is experience, everything else is information.
ပညာဆိုတာ သတင်းအချက်အလက် (Information) မဟုတ်ပါဘူး။ အတွေ့အကြုံ သာဖြစ်ပါတယ်။ ကျန်တာတွေအားလုံးက သတင်း အချက်အလက် ဖြစ်ပါတယ်။ သည်နေရာမှာ အတွေ့အကြုံဆိုတာ အသက်ကြီးသူတိုင်း ရကြတာမဟုတ်ပါဘူး။ အတွေ့အကြုံပေါ်က ထုတ်နုတ်ရယူထားတဲ့ ပညာကိုသာ ဆိုလိုတာပါ။ တချို့အသက်ကြီးပေမယ့် ပြော စမှတ်ပြုလောက်တဲ့ အတွေ့အကြုံ ရရှိခဲ့ကြသူတွေ မဟုတ်ဘူး ဆိုတာသတိထား ကြည့်ရင် တွေ့မှာပါ။
အသက်ငယ်ငယ်နဲ့ တာဝန်ကြီးကြီးထမ်းဆောင်ခဲ့ရသူတွေ လေ့လာမှုရှိသူတွေမှာ အဲဒီ ပညာက ပွားများနေပါတယ်။ ပြည်ပကိုအကြောင်းအမျိုးမျိုးကြောင့် အကြိမ်ကြိမ် ရောက်ဖူး သူတချို့ရှိပါတယ်။ တချို့ဆို ၀မ်းနည်းစရာကောင်းတာက Shopping ထက်မပိုဘူး။ ဘာမှမသိဘူး။ ရောက်ဖူးတဲ့ အတွေ့အကြုံနဲ့ ညီမျှတဲ့ ပညာကို မရကြဘူးဆိုတာကို ပြောချင် တာပါ။
ပညာအခြေခံစီမံခန့်ခွဲမှု
KM ဆိုတဲ့ Knowledge Management (ပညာအခြေခံစီမံခန့်ခွဲမှု) ဟာ ဒီကနေ့မှာ မရှိမဖြစ် ကျင့်သုံးရတဲ့ စီမံခန့်ခွဲမှုဖြစ်နေပါပြီ။ ပညာမျှဝေ ဖလှယ်တဲ့ ယဉ်ကျေးမှုကို ထွန်းကားစေပြီး အဖွဲ့အစည်းတစ်ခုလုံး ပညာအခြေခံစေတာ၊ အားကောင်းတိုးတက်စေတာ ဖြစ်ပါတယ်။

Edit - TYO

Saturday, April 9, 2016










" EFFECTIVENESS & EFFICIENCY "
Effectiveness နဲ့ efficiency
အကြောင်းနည်းနည်းပြောချင်ပါတယ်။
ဒီဝေါဟာရ နှစ်ခုဟာ အတော်အသုံးများသလို ရောထွေးပြီးသုံးနေကြတာလည်း ကြိမ်ဖန်များစွာ တွေ့ကြုံရပါတယ်။ တကယ်တော့ ဒီနှစ်ခု ဟာ ဆက်စပ်နေပေမဲ့ဖလှယ်ပြီးသုံးလို့မရတဲ့ဝေါဟာရ တွေဖြစ်ပါတယ်။
Effectiveness ဆိုတာ ရည်မှန်းချက်၊ ဖြစ်ချင်တဲ့အရာ၊ သတ်မှတ်ထားတဲ့စံနဲ့ သက်ဆိုင်ပါတယ်။ ရည်မှန်းချက်ကို ဘယ်လောက်ထိပြည့်မီအောင်လုပ်နိုင်သလဲဆိုတာနဲ့ တိုင်းပါတယ်။ ဥပမာ။ ဒီလ စုစုပေါင်းကုန်ရောင်းတန်ဘိုး ကျပ်သိန်း ၁၀၀ ရရမယ်လို့ရည်မှန်းချက်ချလုပ်ခဲ့မယ်ဆိုပါစို့။ လကုန်တဲ့အခါ တစ်ရက်ချင်းကုန်ရောင်းတန်ဘိုး တွေကို တစ်လစာ စုစုပေါင်းလိုက်လို့ သိန်း ၁၀၀ ရရင် effective ဖြစ်တယ်လို့ဆိုပါတယ်။ မရရင်တော့ effective မဖြစ်ဘူးဆိုပါတော့။
Efficiency ဆိုတာကတော့ အဲဒီရည်မှန်းချက်ရအောင် အဖွဲ့အစည်းရဲ့အရင်းအမြစ် (organizational resources) တွေဘယ်လောက်သုံးခဲ့လဲဆိုတာနဲ့တိုင်းပါ
တယ်။ organizational resources ဆိုတာကတော့ ငွေ၊ လူအင်အား၊ အချိန်၊ ကုန်ကြမ်း၊ စသည်တို့ကိုဆိုလိုပါတယ်။ ဆိုပါစို့။ ကုန်ရောင်း သိန်း ၁၀၀ ရဖို့ စရိတ်ဘယ်လောက်သုံးခဲ့လဲပေါ့။ လူတွေဘယ်လောက်သုံးခဲ့လဲ။ အချိန်တွေဘယ်လောက်သုံးခဲ့လဲ စတာတွေနဲ့တိုင်းပါတယ်။
တနည်းပြောရရင် efficiency ဆိုတာ output (ရည်မှန်းချက်၊စံသတ်မှတ်ချက် အစရှိသည်တို့) နဲ့ input (organizational resources) တို့ရဲ့ အချိုးဘဲဖြစ်ပါတယ်။ ကုန်ရောင်း သိန်း ၁၀၀ ရဖို့ စရိတ် သိန်း၆၀၀ ကုန်ကျတာနဲ့ စရိတ် သိန်း ၅၀၀ ကုန်ကျတာကိုနှိုင်းယှဉ်ရင် အချိုးများတဲ့ တနည်း စရိတ်နည်းတဲ့ဟာ ကပိုပြီး efficient ဖြစ်တယ်လို့ပြောရပါတယ်။
အဲဒီတော့ effectiveness ဆိုတာ ရည်မှန်းချက်နဲ့တိုင်းတယ်။ efficiency ကတော့ အဲဒီရည်မှန်းချက်ရဖို့ သုံးလိုက်ရတဲ့ organizational resources နဲ့ ရည်မှန်းချက် တို့ရဲ့အချိုးနဲ့တိုင်းပါတယ်။
ဒါကိုကြည့်ရင် ရည်မှန်းချက်မရဘဲ efficiency ကိုတိုင်းလို့မရဘူးဆိုတာတွေ့ပါလိမ့်မယ်။ သဘောက ရည်မှန်းချက်မရရင် efficiency ကိုတိုင်းတာဟာ အဓိပ္ပါယ်မရှိပါဘူး။ ရည်မှန်းချက်ရတာချင်းတူမှ organizational resources အနည်းဆုံးအသုံးပြုသူကို ပိုပြီး efficient ဖြစ်တယ်လို့ပြောတာက အမှန်ဖြစ်ပါတယ်။
ဥပမာ။ ရေတစ်ဗူးခပ်ခိုင်းလိုက်တယ်။ ပထမလူက ၂ နာရီကြာမှပြန်ရောက်လာတယ်။ ရေပါလာတယ်။ ဒုတိယလူက ၁၀ မိနစ်နဲ့ပြန်ရောက်လာတယ်။ ဒါပေမဲ့ ရေပါမလာဘူးဆိုရင်။ ဒုတိယလူက အချိန်ကိုအနည်းဆုံးသုံးပေမဲ့ ရည်မှန်းချက်မရတဲ့အတွက် efficiency တိုင်းစရာကိုမလိုပါဘူး။ ဒီ လိုအခြေအနေမှာ ပထမလူကို effective ဖြစ်တယ်ပြောပြီး ဒုတိယလူကို effective မဖြစ်ဘူးလို့ပြောရပါမယ်။
အကယ်၍ ဒုတိယလူက ရေပါလာရင်တော့ နှစ်ဦးလုံး effective ဖြစ်တယ်။ ဒါပေမဲ့ ဒုတိယလူက ပိုပြီး efficient ဖြစ်တယ်လို့ပြောရပါမယ်။
Efficiency ကိုယ်နှိုက်က ရည်မှန်းချက်ဖြစ်နေတာမျိုးလည်းရှိပါတယ်။ ဥပမာ။ ၁ နာရီကို ဖိနပ် ၁၀ ရံပြီးအောင်ချုပ်ရမယ် (သတ်မှတ်စံ) ။ တကယ်ပြီးရင် effective ဖြစ်တယ်လို့ပြောမယ်။ ဒီထက်ပိုပြီးသူကို ပို efficient ဖြစ်တယ်လို့ပြောပါတယ်။
ဒါကိုကြည့်ရင် ဒီနှစ်ခုထဲက ဘယ်ဟာကပိုအရေးကြီးသလဲလို့ပြောရင် effectiveness ကပိုပြီးအရေးကြီးတယ်လို့ ဆိုရပါမယ်။ ဘာကြောင့်လဲဆိုတော့ ရည်မှန်းချက်မှမရရင် efficiency ဆိုတာ ဘာမှအဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး။ သို့သော် ယှဉ်ပြိုင်မှုတွေရှိတဲ့ လက်တွေ့ဘဝမှာ အမှန်တကယ်အလုပ်လုပ်ပြီဆိုရင် ဒီနှစ်ခုကို တပြိုင်နက်ထဲရအောင် လုပ်နိုင်မှ လုပ်ငန်းဟာ ဆက်လက်ရှင်သန်နိုင်မှာဖြစ်ပါတယ်။ သဘောကပြိုင်ဖက်ထက် ပိုပြီး efficient ဖြစ်အောင်လုပ်နိုင်ရမယ်ဆိုတဲ့သဘောဖြစ်ပါ
တယ်။
ကုန်ထုတ်လုပ်ငန်းတွေမှာတော့ efficiency အစား productivity ဆိုတာကိုသုံးကြပါတယ်။ အဓိပ္ပါယ်သက်ရောက်မှုကတော့အတူတူပါဘဲ။
ဒီစကားလုံးအစား ဟိုအရင်ကအသုံးများပြီး အခုချိန်မှာသိပ်မသုံးတော့တဲ့ efficacy ဆိုတဲ့စကားလုံးလည်းရှိပါတယ်။ သူ့ကိုတော့အများအားဖြင့် ကိန်းဂဏန်း အတိအကျနဲ့တိုင်းတာလို့မရတဲ့ အရာတွေ (qualitative) တွေမှာအများဆုံးသုံးလေ့ရှိပါတယ်။
ဥပမာ။ အစည်းအဝေးတစ်ခုဟာ ဘယ်လောက်အရည်အသွေးရှိလဲဆိုတာကိုတိုင်းတာတဲ့အခါမှာ အဲဒီအစည်းအဝေးက ဆုံးဖြတ်ချက်ဘယ်နှစ်ခုချခဲ့လဲဆိုတာရယ်၊ အဲဒီဆုံးဖြတ်ချက်တွေထဲကဘယ်နှစ်ခုက အကောင်အထည်ဖော်နိုင်ခဲ့လဲဆိုတာ ရဲ့အချိုးနဲ့တိုင်းခဲ့ကြပါတယ်။

Edit - TYO

" ဘဲပုံပြင် "










စာရေးသူတို့ မြန်မာလူငယ်တွေကို တိုက်ရိုက်ပြောနေသလားလို့ ထင်ရတယ့် ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်ပါတယ် …
တစ်ခါတုန်းက တောအုပ်ကြီးတစ်ခုမှာ မြင်းတစ်ကောင်ရယ် … ငှက်တစ်ကောင်ရယ်… ငါးတစ်ကောင်ရယ် … ဘဲတစ်ကောင်ရယ် ရှိကြတယ် … ။ မြင်းဆိုတဲ့ သတ္တဝါက အပြေးသန်တယ် … ငှက်က အမြင့်ပျံနိုင်တယ် … ငါးက ရေကူးမြန်တယ် … ဘဲကတော့ ပြေးလို့လည်း ရတယ် … ပျံလို့လည်း ရတယ် … ရေလည်း ကူးတတ်တယ် …။ အမှတ်တမဲ့ ကြည့်လိုက်ရင် ဘက်စုံတတ်တဲ့သူ ဆိုပြီး အထင်ကြီးနိုင်ပါတယ်။
ဒါပေမယ့် တကယ်သေသေချာချာ စဉ်းစားကြည့်လိုက်ရင် ဘဲဟာ ပြေးတော့လည်း မြင်းလောက် မပြေးနိုင် ပါဘူး …. ပျံတော့လည်း ငှက်လောက် မပျံနိုင်ပါဘူး … ရေကူးတော့လည်း ငါးလောက် မကူးတတ်ဘူး … ဟိုစပ်စပ် ဒီစပ်စပ် နဲ့ ဒီနေ့ခေတ်စကားနဲ့ ပြောရရင် ဘဲဟာ ဘယ်ဘက်မှာမှ professional မဖြစ်ပါဘူး … ။ ဒါကြောင့် ဘက်စုံဆိုတဲ့စကားဟာ အမှတ်တမဲ့ကြည့်လိုက်ရင်တော့အထင်ကြီး
စရာလို့ ထင်ရပေမယ့် ဘက်စုံတတ်တာတော့ ဟုတ်ပါတယ် … တကယ် ကျွမ်းကျင်ရဲ့လားဆိုတာက ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။
စာရေးသူတို့ မြန်မာလူငယ် အချို့ဟာလည်း ပုံပြင်ထဲက ဘဲလိုပဲ ဟိုစပ်စပ် ဒီစပ်စပ်တွေ လိုက်လုပ်ပြီး professional မဖြစ်တာတွေ တွေ့နေရပါတယ် … ။ ခေတ်ရဲ့ လိုအပ်ချက် ဒါမှမဟုတ် လွှမ်းမိုးမှု တွေ အပေါ်မူတည်ပြီး သင်တန်းပေါင်းစုံကို လိုက်တက်ကြပါတယ် … LCCI ဆိုရင် လိုက်ပြီးတော့ LCCI တက်ကြတယ် … Management ဆိုရင် Management … သင်္ဘောသား ဆိုတော့လည်း သင်္ဘောသား … LCCI လောက်နဲ့ မရတော့ဘူး ACCA ဆိုတော့ ACCA ကိုရီးယားသွားတာတွေ ခေတ်စား လာတော့ ကိုရီးယား … ဒီကြားထဲ ဆေးဝါးကျွမ်းကျင်တွေ ဘာတွေတောင် အဆစ်ပါလိုက်သေးတယ် … ။ အခုလည်း MBA ဆို အားလုံးက MBA နေကြပြန်ပြီ …. အဲဒီလို သင်တန်းပေါင်း များစွာကို တက်ပြီးတော့ Certificate တွေ စုထားလိုက်ကြတာ … တစ်ချို့တစ်ချို့တွေမှာ အိမ်ဆောက်ရင် အမိုးအကာတောင် မလိုတော့ဘဲ ရထားတဲ့ လက်မှတ်တွေနဲ့ မိုးလို့ ကာလို့ ရလောက်အောင် များကြပါတယ် … ။
ပြီးတော့ ဘာကို သေသေချာချာ ကျွမ်းကျင်လဲလို့ မေးလိုက်ရင် ဟိုဟာလည်း သိသလိုလို … ဒီဟာလည်း တတ်သလိုလို နဲ့ ဘာမှကို ရေရေရာရာ မတတ်ဘူး ဖြစ်နေတတ်ကြပါတယ် တကယ်စိတ်ဝင်စားလို့ တကယ်လိုအပ်လို့ တက်ရင် ဘယ်သင်တန်းမဆို တက်ပါ … တက်ပြီးရင်လည်း တတ်အောင် လုပ်ပါ … တကယ်တတ်ကျွမ်းကျင်ရင် တကယ် နေရာရှိပါတယ် … ။ ဘာမှ မတတ်ရင်တော့ ဘယ်လောက်ပဲ လက်မှတ်တွေကိုင်ထားပါစေ … နေရာရဖို့ မလွယ်ပါဘူး … ။ ဟိုတစ်လော က “ဆယ်တန်းမှာ ဝိဇ္ဇာ ဘာသာတွဲ ယူတဲ့သူတွေ နည်းလာတယ် လို့” ဂျာနယ်ထဲမှာ ဖတ်လိုက်ရတယ် … ။ ပထဝီ၊ သမိုင်း စတဲ့ ဝိဇ္ဇာ ဘာသာရပ်တွေနဲ့ ကျောင်းပြီးရင် ဘာမှ လုပ်လို့မရဘူးလို့ ယူဆကြတဲ့အတွက် ယူတဲ့ သူတွေ နည်းလာတာပါလို့ ဖတ်ရပါတယ် … ။ ဒါဆိုရင် သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်း၊ မြန်မာစာပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်တို့ လို လူမျိုးတွေ ဘယ်လို ပေါ်ထွက်ခဲ့ပါသလဲ … ။
နိုင်ငံတစ်နိုင်ငံဆိုတာ ကဏ္ဍတစ်ခုတည်းနဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး … သက်ဆိုင်ရာရာ ကဏ္ဍအလိုက် တတ်ကျွမ်းကျင်တဲ့သူတွေ လိုပါတယ် … ။ ကဏ္ဍတစ်ခုတည်းမှာ စုပြုံနေလို့ အဆင်မပြေ ပါဘူး … ။
ဒါကြောင့် ဝင်ငွေကောင်းတာ … လူပြောများတာတွေထက် ကိုယ်တကယ် လုပ်ချင်တဲ့ နယ်ပယ်ကို ရွေးပြီး တတ်ကျွမ်းကျင်အောင် လေ့လာသင်ယူကြစေချင်ပါတယ် … ။
မြန်မာလူငယ်တွေ ပုံပြင်ထဲက ဘဲလို မဖြစ်စေဖို့ ဘယ်နေရာမှာ ဘယ်နယ်ပယ်မှာ ဖြစ်ပါစေ … တကယ်ကျွမ်းကျင်တတ်မြောက်အောင် လုပ်ကြဖို့  တိုက်တွန်းလိုက်ပါရစေ ….
“လူငယ်တိုင်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်တတ်မြောက် ပြီး အောင်မြင်နိုင်ကြပါစေ … ”

Edit - TYO

Friday, April 8, 2016

" Future Leaders - အနာဂတ်ရဲ့ခေါင်းဆောင်များ "









မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းကြောင့် မြန်မာနိုင်ငံကြီးပြောင်းလဲခဲ့တယ်၊ စင်္ကာပူမှာ လီကွမ်ယုကြောင့် စင်္ကာပူနိုင်ငံကြီး ပြောင်းလဲခဲ့တယ်။ လူတွေဖန်တီးထားတဲ့ ငွေ၊ အရာဝတ္တုတွေကတော့ လူတွေရဲ့ကန့်သတ်ချက်ထဲမှာ ရှိနေကြမှာပါ၊ ဒါပေမဲ့ ခေါင်းဆောင်တွေကတော့ အဲ့အရာတွေကို တိုးတက်လာအောင်၊ ဆန်းသစ်လာအောင်၊ ရှေ့တန်းရောက်လာအောင် ဖန်တီးပုံဖော်နိုင်သူတွေပဲဖြစ်ပါတယ်။
ခေါင်းဆောင်လို့ဆိုလိုက်တာနဲ့ ထိုသူဟာ VCM ဆိုတဲ့ အချက် (၃-ချက်) အများနဲ့မတူ သာလွန်စွာရှိနေတတ်ပါတယ်။
V = Vision (အနာဂတ်ကို ကြိုတင်မျှော်မှန်းသုံးသပ်ခြင်း)
C = Commitment (ဖြစ်ရမယ်ဆိုတဲ့ သံဓိဌာန်ကြီးမားခြင်း)
M = Management (စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်နိုင်ခြင်း)
စတဲ့ အခြေခံအချက် (၃-ချက်) ကို ပေါင်းစပ်ပြီး အောင်မြင်ခြင်းကို ဦးဆောင်နိုင်ခြင်းပဲဖြစ်ပါတယ်။
LEADER (ခေါင်းဆောင်) ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာတော့
L = Loyalty (သစ္စာတရား ကြီးမားတယ်)
E = Empathy (ကိုယ်ချင်းစာမှု အပြည့်ရှိတယ်)
A = Ability (လုပ်ဆောင်နိုင်စွမ်း သာလွန်ရှိတယ်)
D = Decisive (ဆုံးဖြတ်ချက် ခိုင်မာပြတ်သားတယ်)
E = Enthusiastic (စိတ်အားထက်သန်မှု အပြည့်ရှိတယ်)
R = Realistic (အပြောမဟုတ် လက်တွေ့ကျဆောင်ရွက်တယ်)
(ရွက်လှေတစ်စင်း ရှေ့ရောက်ဖို့ရာ တိုက်နေတဲ့လေထက်စာလျှင် – မိမိမှာရှိတဲ့ ရွက်ကို လေနဲ့ အလိုက်သင့်ပြောင်းလဲပြီး ဦးတည်ရှေ့ဆက်ခြင်းဖြစ်တယ်ဆိုတဲ့) သံဓိဌါန်နဲ့ လိုချင်တဲ့ရည်ရွယ်ချက်ကို ဖန်တီးဦးဆောင်နိုင်ခြင်းဖြစ်ပါတယ်။
ဒါကြောင့် “ခေါင်းဆောင်မှုဆိုတာ တန်ဖိုးတွေကို လက်တွေ့ ဆောင်ရွက်မှု အဖြစ် ပြောင်းပစ်သူတွေ (Transform values into action)၊ အနာဂတ် အမြင်တွေကို လက်တွေ့ အစစ်အမှန် ဖြစ်စေသူတွေ (Visions into realities)၊ အခက်အခဲတွေကို ကျော်ဖြတ်သူတွေ (Obstacles into innovations)၊ ကွဲပြားခြားနား၊ ပြန့်ကျဲနေတာတွေကို တစ်စုတစ်စည်း ခိုင်မာစေသူ (Separateness into solidarity) ၊ ပြီးတော့ စွန့်စားမှုတွေကို ဆုလာဘ်အဖြစ် လက်ခံတက်သူ (Risks into rewards) စတဲ့ လိုချင်တဲ့ ပန်းတိုင်တွေကို လက်တွေ့ဖန်တီးနေသူတွေပဲဖြစ်ပါတယ်။
ခေါင်းဆောင်စိတ်ဆိုရာမှာတော့ တစ်ဦးတည်းလည်း အများရဲ့အရှေ့မှာ စိတ်ဓါတ်ခိုင်မာစွာ ရပ်တည်နိုင်ဖို့လိုပြီး၊ ဖြစ်ချင်တဲ့ ပန်းတိုင်၊ ရည်ရွယ်ချက်ကို (ဌက်တွေပျံသလို၊ ငါးတွေရေကူးသလို) အရှေ့မှ လိုရာသို့ဦးဆောင်ပေးနေခြင်းပါပဲ။ မိသားစုမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်၊ မြို့ရွာမှာပဲဖြစ်ဖြစ်၊ နိုင်ငံမှာပဲဖြစ်ဖြစ် သေချာတာတော့ (ခေါင်းဆောင်မှု အရည်အချင်း) တွေ ကောင်းမွန်လာနိုင်လျှင် မတူညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဖန်တီးဖော်ဆောင်လာနိုင်မှာအသေချာဖြစ်လို့ အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်များအတွက်.....

Edit - TYO

Thursday, April 7, 2016

" Motivation "










Motivation ဆိုတာကတော့ကျွန်တော်တို့ ဘ၀မှာလိုချင်
တဲ့အရာတွေကိုရရှိရန် ကြိုးစားရာမှာမရှိမဖြစ်လိုအပ်တဲ့
စိတ်ခံစားချက်တွန်းအားတစ်မျိုးပဲဖြစ်ပါတယ်။ ကိုယ်လို
ချင်တဲ့အရာတွေကို ရယူဖို့ဆိုတာ တွန်းအားတစ်ခုလိုအပ်
ပါတယ်။ အဲ့ဒိတွန်းအားကို ကိုယ်ကိုယ်တိုင်ပဲ မွေးထုတ်
ရပါတယ်။ အဲ့ဒိတွန်းအားနဲ့ ကိုယ့်ကိုယ်ကို တွန်းရင်းရှေ့
ကိုတက်ရပါတယ်။ ဒါပေမယ့် အဲ့ဒိ Motivationဆိုတဲ့
တွန်းအားမရှိတဲ့အချိန်မှာတော့ လူတော်တော်များများဟာ
စိတ်ဓာတ်တွေကျပြီး ရပ်တန့်နေလေ့ရှိပါတယ်။ ဒီတော့
Motivation ကိုအမြဲလိုအပ် တာပေါ့။ ကျွန်တော်တို့
နေ့တိုင်းရေချိုးသလိုပဲ Motivation ဟာလည်းမ ရှိမဖြစ်လို
အပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။

‪#‎Motivationမရှိရင်ဘာဖြစ်မလဲ‬?
Motivation မရှိတဲ့သူတစ်ယောက်ဟာ အရမ်းကိုသိ
သာပါတယ်။ သူ့ရဲ့ဘ၀ကို တက်မပါတဲ့ ရွက်လှေတစ်
စင်းလိုရောက်ချင်ရာရောက်မျှောထားတတ်ပါတယ်။
သူ့အတွက် အလုပ်ဆိုတာလည်း နေ့တဒူဝလုပ်နေ
ကျအရာတစ်ခုထက်မပိုပါဘူး။ ထိုအလုပ်ကနေလည်း
အများကြီးသူမျှော်လင့်လေ့မရှိပါဘူး။ သူ့မှာ ခိုင်ခိုင်
မာမာရည်မှန်းချက်လည်း ရှိမနေတတ်ပါဘူး။ ရှိနေ
ရင်တောင် အဲ့ဒိရည်မှန်းချက်အတွက် ဘာမှလုပ်နေ
လေ့မရှိပါဘူး။
‪#‎Motivationရှိနေရင်ရော‬?
Motivation ရှိတဲ့သူကလည်း အရမ်းကိုသိသာပါ
တယ်။ သူက သူ့ဘ၀ရဲ့အစိတ်အပိုင်းအားလုံးကို
မကျေနပ်ရင်တောင် တစ်နေ့နေ့မှာ သူလိုချင်တာ
တွေရကိုရရမယ်ဆိုတဲ့ ခိုင်မာတဲ့စိတ်ဓာတ်တွေရှိ
နေပါတယ်။ အဲ့ဒိအတွက်လည်း သူတစ်ခုခုကိုလုပ်
နေလေ့ရှိပါတယ်။ Motivation ရှိတဲ့သူက အမြဲတမ်း
မတက်ကြွရင်တောင် အချိန်တော်တော်များများမှာ
တက်ကြွနေလေ့ရှိပါတယ်။
‪#‎Motivationကိုဘယ်လိုရအောင်လုပ်မလဲ‬?
Motivation ရဖို့ဆိုတာ နည်းလမ်းများစွာရှိပါတယ်။
အဲ့လိုရှိနေဖို့လည်း အမြဲကြိုးစားနေသင့်ပါတယ်။သင့်
သူငယ်ချင်းတွေထဲမှာ အောင်မြင်တဲ့သူတွေ ဒါမှမဟုတ်၊ ကမ္ဘာကျော်ပြီးအောင်မြင်တဲ့သူတွေကို အားကျတာ
မျိုးရှိနေသင့်ပါတယ်။ ဘယ်သူ့ကိုမှအားမကျပဲ သင်
သာအတော်ဆုံးလို့ တွေးနေလို့တော့မရပါဘူး။
ဒါ့ကြောင့်လည်း Role Model ဆိုတဲ့စကားလုံးဖြစ်
ပေါ်လာတာပါ။ သင်အားကျရတဲ့ စံပြပုဂ္ဂိုလ်တစ်
ယောက် ယောက်ရှိသင့်ပါတယ်။ ပြည်တွင်းကဖြစ်ဖြစ်
ပြည်ပကဖြစ်ဖြစ်ပေါ့။
နောက်တစ်ခုလုပ်နိုင်တာက စာဖတ်ဖို့ပါပဲ။ စိတ်ဓာတ်
ကျတဲ့သူတွေက စာမဖတ်တာများပါတယ်။ စိတ်အား
တက်ကြွလာနိုင်တဲ့ စာပေတွေအများကြီးရှိပါတယ်။
ဥပမာ “Natural Born Winners” ကို ဘာသာပြန်
ထားတဲ့“ကိုယ့်ကိုယ်ကိုသာကိုးကွယ်ရာ” ဆိုတဲ့ စာ
အုပ်လိုမျိုးပေါ့။ သင်စိတ်ညစ်နေတာတွေပျောက်ပြီး
ချက်ချင်းကြီးတောင်အောင်မြင်နိုင်သူတစ်ယောက်
လိုခံစားရလာပါလိမ့်မယ်။ ထိုကဲ့သို့စာအုပ်တွေအ
များကြီးရှိပါတယ်။
စာအုပ်စာပေတွေက လူတွေရဲ့တွေးခေါ်ပုံကို ပြောင်းလဲ
ပြစ်နိုင်ပါတယ်။ တွေးခေါ်ပုံတွေက လူတွေရဲ့ဘ၀ကို
ပြောင်းလဲစေနိုင်ပါတယ်။ ဒါ့ကြောင့် အနှစ်ချုပ်ရရင်
စာအုပ်တွေက သင့်ရဲ့ဘ၀ကို ပြောင်းလဲစေနိုင်ပါတယ်။
ဒါကြောင့် စာအုပ်တွေကနေ Motivationကို ရှာဖွေပါ။

Edit - TYO

"အောင်မြင်ချင်တယ်ဆိုရင်"










သိပ္ပံပညာရှင်ကြီး တစ်ဦးအား မီဒီယာတွေက အင်တာဗျူးတယ်။
ဆရာ ဘာကြောင့် ဒီလောက်ထိ အောင်မြင် နေရပါသလဲပေါ့။
ဒီတော့ သူက ပြန်ဖြေတယ် အဲဒါ ကျွန်တော် တော်လို့ မဟုတ်ဘူးတဲ့။ ကျွန်တော့် မိဘတွေကြောင့်လို့ ပြန်ဖြေလိုပါတယ်။
မီဒီယာတွေ မျက်စိလည်သွားတယ်။ နောက်မှ သူက ထပ်ပြောတယ်။
ကျွန်တော် ငယ်ငယ်က ဘာအမှားပဲ လုပ်လုပ် အမေက မဆူဘူး။
ဒါပေမယ့် အဲဒီအမှားဟာ ဘာကြောင့် မှားသလဲ ဆိုတာကို အဖြေရှာခိုင်း တယ်။
ဥပမာ – ကျွန်တော့် အမေက တစ်ခါတစ်လေ စားပြီးသောက်ပြီး ပန်းကန်တွေကို ဆေးခိုင်းတယ်။ တစ်ခါတစ်လေမှာ ထမင်းတောင်
ချက်ခိုင်း လိုက်သေးတယ်။ ဒီလိုလုပ်ခိုင်းတော့ ဘယ်သူမဆို မွေးလာကတည်းက တတ်မလာဘူးလေ။
ကျွန်တော်က ပန်းကန်တွေ လွှတ်ကျကွဲတယ်။ ထမင်းတွေ ချက်ရင်လည်း မနက်တာတို့ပြဲတာတို့ ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော့် အမေ ဘယ်တော့မှ မရိုက်ဘူး။
ထမင်း ပြဲတာ ရေများလို့ နောက်တစ်ခါ ရေကို လျှော့ထည့်။ ပန်းကန်ကျ
ကွဲတာ ပေါ့ဆလို့ဆိုပြီး အမှားတွေကို ထောက်ပြတယ်။
အဲဒါကြောင့် ကျွန်တော် ဘာပဲလုပ်လုပ် မှားမှာကို မကြောက်တော့တာ
ယနေ့ အထိပါပဲ။
အမှားဆိုတာက တကယ်တော့ အမှန်ကို ရှာတွေ့နိုင်မယ့် လမ်းစ တစ်ခုဆိုတာကို ကိုယ့်ရဲ့ ခေါင်းထဲမှာ မြဲမြဲကြီးမှတ်ဖို့ လိုပါတယ်။ မှားမှာကြောက်လို့ မလုပ်တဲ့ လူထက် လုပ်ပြီး မှားတာက ပိုပြီး တန်ဖိုး ရှိပါတယ်။
” လောကမှာ အလုပ်လုပ်ပြီး မှားသွားတာက အမှား မဟုတ်ပါဘူး။ ဘာမှမလုပ်ဘဲ ထိုင်နေတာကမှ တကယ့် စင်စစ်အမှား” ပါလို့ သိပ္ပံပညာရှင်ကြီးက ရှင်းပြသွား ခဲ့ပါတယ်။
ဒါကြောင့် အောင်မြင်ချင်တယ်ဆိုရင် စွန့်စားပါ။
စွန့်လွှတ်သင့်တာတွေကို စွန့်လွှတ်လိုက်ပါ။ မှားမှာ မကြောက်ပါနဲ့။

Edit - TYO

"သူဌေးဖြစ်ဖို."









ကိုယ့်ထူးကိုယ်ချွန်ပြီး သူဌေးတစ်ယောက်ဖြစ်ဖို့ကို လွယ်မယ်ထင်ပါသလား။ မလွယ်ပေမယ့်
ဒီလိုနည်းနဲ့ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့သူတွေ တကယ်ရှိပါတယ်။
သင်ကိုယ်တိုင်လည်း ကိုယ်ထူးကိုယ်ချွန် သူဌေးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်
လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဒီစည်းမျဉ်းတွေက ဘယ်နယ်ပယ်မှာမဆို သင့်ကိုအောင်မြင်စေဖို့ အထောက်အကူဖြစ်စေမှာမှာ သေချာပါတယ်။
၁။ စိန်ခေါ်ပြီး လုပ်ဆောင်ပါ။
~~~~~~~~~~~~~~~~
ကိုယ့်ထူးကိုယ်ချွန်ပြီး သန်းကြွယ်သူဌေးဖြစ်လာ
သူတွေကို ဘာကြောင့်သူတို့ ဒီလိုအောင်မြင်လာ
တာလဲ မေးကြည့်ရင် အဖြေက ဒေါ်လာသန်းချီပြီး ရရှိဖို့လိုဖြေမှာမဟုတ်ပါဘူး။
တကယ့်အကြောင်းရင်းအစစ်အမှန်က သူတို့အား
လုံးက စိတ်ကူးအိပ်မက်တွေရဲ့ စိန်ခေါ်မှုကို
လက်ခံပြီး ကြိုးစားခဲ့ကြလို့ အောင်မြင်ချမ်းသာ
လာခဲ့ကြတာ ဖြစ်ပါတယ်။
၂။ သက်သာဖို့ မစဉ်းစားပါနဲ့။
~~~~~~~~~~~~~~~~~
ထိပ်ဆုံးရောက်အောင် သွားနေတဲ့ ခရီးမှာ ဒီလောက်ဆိုရပါပြီလို့တွေးပြီး နားနေဖို့ အချိန်
်မရှိပါဘူး။ ကနဦးချမှတ်ထားတဲ့ ရည်မှန်းချက်
်ပြည့်ဝပြီး ၀င်ငွေသန်းချီနေပြီဆိုရင် နောက်ထပ်ရည်မှန်းချက်တစ်ခု ချမှတ်
လုပ်ဆောင်ပါ။ ဘယ်တော့မှ သက်တောင့်
သက်သာဖြစ်ဖို့ မစဉ်းစားပါနဲ့။
၃။ အားလုံးထက် ပိုပြီး လေ့လာကြိုးစားပါ။
~~~~~~~~~~~~~~~~~~~~~~~~~
သင့်မှာ ဘယ်လောက်ပဲအရည်အချင်းတွေ
ရှိနေပါစေ။ အခြားသူတွေထက် ပိုပြီးတော့ လေ့လာကြိုးစားချင်စိတ် မရှိဘူးဆိုရင်
အောင်မြင်မှုကို အပြည့်အ၀ခံစားရမှာမဟုတ်ပါဘူး။ သူများတွေထက် ကြိုးစားတာက ရည်မှန်းချက်တွေအောင်မြင်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။
၎။ အရှုံးတွေ အမှားတွေကနေ သင်ခန်းစာယူပါ။
~~~~~~~~~~~~~~~~~~~~~~~~~~
အမှားတွေ လုပ်မိပြီး အရှုံးတွေနဲ့ ရင်ဆိုင်ကြုံ
တွေ့ရမှာပါ။ ဒီလို ကြုံတွေ့ရတဲ့အခါမှာ ဘယ်လိုတုံ့ပြန်သလဲဆိုတာက သင့်ရဲ့အောင်
်မြင်မှုကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ အပြီးတိုင်လဲပြိုကျသွားရင်တော့ ဘာမှအဖတ်
ဆယ်လို့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျရှုံးမှုရဲ့အကြောင်းရင်းကို ရှာဖွေပြီး
အတွေ့အကြုံအဖြစ်နဲ့ သင်ခန်းစာယူနိုင်ရမှာ
ဖြစ်ပါတယ်။
၅။ နေ့တိုင်းစာဖတ်ပါ။
~~~~~~~~~~~~~
စာဖတ်တာကို ဘယ်တော့မှမရပ်သင့်သလို ဖတ်စရာအကြောင်းအရာတွေ ရှာဖွေမှုကိုလည်း မရပ်တန့်လိုက်ပါနဲ့။ သက်ဆိုင်ရာလုပ်ငန်း
နယ်ပယ်ထဲက နောက်ဆုံးအကြောင်းအရာတွေကို သတိမပြတ်စောင့်ကြည့်ပြီး အားလုံးထက်
ရှေ့ရောက်နေဖို့ လိုပါတယ်။
၆။ စိတ်ရောကိုယ်ပါ ကျန်းမာနေပါစေ။
~~~~~~~~~~~~~~~~~~~~~
အောင်မြင်မှုလမ်းခရီးကို လျှောက်လှမ်းရာမှာ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်နေဖို့က အရေးကြီးလိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပါ။ ကျန်းမာရေးနဲ့
ညီညွတ်တာတွေ စားသုံးပြီး အိပ်ရေး၀၀
အိပ်စက်ပါ။
၇။ အောင်မြင်လိုစိတ်ရှိသူတွေနဲ့ ၀န်းရံထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~
သင့်ရဲ့ပတ်ဝန်းကျင်မှာ ရည်မှန်းချက်ချင်း၊ ဦးတည်ချက်ချင်းတူညီသူတွေနဲ့ ၀န်းရံထားပါ။ အားလုံးကလည်း သင်နဲ့ ထပ်တူထပ်မျှအောင်မြင်
်ချင်သူတွေ ဖြစ်ပါစေ။ ဒီလို ၀န်းရံထားမှသာ သင့်ကို စိတ်အားတက်ကြွစေပြီး အာရုံစိုက်နိုင်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ အလုပ်ကို ဂရုမစိုက်
တတ်ပဲ အပျော်အပါး ဦးစားပေးလွန်းသူတွေကို
ရှောင်ပါ။
၈။ ပေးကမ်းစွန့်ကြဲပါ။ ချစ်သူခင်သူတွေကို
ဂရုစိုက်ပါ။
~~~~~~~~~~~~~~~~~~~~~~~
စိတ်ဓာတ်ရော ခန္ဓာကိုယ်ပါ ကျန်းမာနေရုံနဲ့ မလုံလောက်ပါဘူး။ သင်စိတ်ဝိဉာဉ်ကိုလည်း အားဖြည့်ပေးဖို့လိုပါတယ်။ သင့်ပတ်ဝန်းကျင်နဲ့ အကူအညီလိုအပ်နေသူတွေကို ကူညီပေးဖို့ ဘယ်တော့မှမမေ့ပါနဲ့။
ဒါ့အပြင် ချစ်သူခင်သူတွေကို ဂရုစိုက်ပေးခြင်း
ကလည်း ငွေကြေးအောင်မြင်မှုကို ခံစားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
၉။ ရိုးသားပြီး ပွင့်လင်းမြင်သာမှုရှိပါစေ။
~~~~~~~~~~~~~~~~~~~~~~
လိမ်ညာဟန်ဆောင်မှုတွေက သင်ထင်သလောက် အရာရောက်စေမှာမဟုတ်ပါဘူး။ အမြဲတမ်း
ရိုးသားပြီး ပွင့်လင်းနေဖို့ လိုပါတယ်။ ဒီအချက်က
သင့်ကို ရေရှည်အောင်မြင်မှုကို ရရှိစေဖို့
အရေးကြီးပါတယ်။
၁၀။ ရေရှည်အောင်မြင်ဖို့ကို တွေးပါ။
~~~~~~~~~~~~~~~~~~~~
လူအများစုက ရေတိုအောင်မြင်မှုတွေနဲ့ ရည်မှန်းချက်တွေကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ရေတိုရည်မှန်းချက်တွေကို အာရုံအရမ်းမစိုက်ပါနဲ့။ ဘ၀မှာလိုလားတောင့်တာဆုံးအရာအဖြစ်နဲ့ ရေရှည်ရည်မှန်းချက်ကို ဦးစားပေးပါ။ ဒါမှာ
သင်ကိုယ်တိုင်နဲ့ သင့်မိသားစုအတွက် ခိုင်မာတဲ့ ဓနအင်အားကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

Edit - TYO

"တန်ဖိုးရှိသော သိမှတ်ဖွယ်ရာများ"









 လူသားတို့မကျင့်အပ်သောအရာ( ၅ ) ပါး
၁။ ခြင်္သေ့လိုလဲ မဟောက်နဲ့
၂။ ဖားငယ်လိုလဲ မကြောက်နဲ့
၃။ တောင်လိုလဲ မမောက်နဲ့
၎။ မြစ်လိုလဲ မကောက်နဲ့
၅။ တွင်းလိုလဲ မစောက်နဲ့

ခေါင်းဆောင်ကောင်းတို့၏ အင်္ဂါ ( ၄ ) ပါး
•••••••••••••••••••••••••••••••••••••
၁။ သစ္စာ - ကတိ သစ္စာတည်
၂။ ဓမ္မော - တရားဥပဒေ လမ်းကြောင်းအတိုင်း
ကျင့်သုံးရမည်
၃။ ဒိတိ - တုန်လှုပ်ခြောက်ခြားခြင်း မရှိရ
၎။ စာဂေါ - အသက်စွန့်ရန် အသင့်ရှိရမည်
အသင်းအဖွဲ့ ပျက်စီးခြင်း အကြောင်း ( ၆ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ အမျက်ထွက်လွယ်ခြင်း
၂။ ကျေးဇူးမဲ့ကိုသာ ဆိုခြင်း
၃။ ရန်ငြိုးဖွဲ့ခြင်း
၎။ ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း
၅။ ငြူဆူခြင်း
၆။ ဝန်တိုခြင်း
စည်းရုံးရေး လမ်းစဉ် သင်္ဂဟ တရား ( ၄ ) ပါး
••••••••••••••••••••••••••••••••••••••••
၁။ ဒါန - ပေးကမ်းထောက်ပံ့ခြင်း ငွေကြေးပစ္စည်း
အကူအညီပေးခြင်း
၂။ ပေယာဝဇ္ဇ - ယဉ်ကျေးသိမ်မွေ့သော ချစ်ဖွယ်သော
စကားကို ပြောဆိုခြင်း
၃။ အတ္တစရိယာ - အကျိုးစီးပွားတိုးတက်အောင်
ကိုယ်နုတ်နှစ်ပါးဖြင့် လုပ်ကိုင်ပေးခြင်း
၎။ သမာနတ္တတာ- ကိုယ်နှင့် ထပ်တူပြုခြင်းနှင့် တန်းတူ
ထားခြင်း ဆက်ဆံခြင်း ပြုစုခြင်း တန်းတူ ဒုက္ခခံခြင်း
မတိုင်ပင်အပ်သော သူ ( ၅ ) ယောက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ မိန်းမကျူးသောသူ တစ်ယောက်
၂။ သေရည်သောက်စား သူတစ်ယောက်
၃။ အလိုရမ္မက်ကြီးသောသူ တစ်ယောက်
၎။ အမျက်ဒေါသကြီးသူ တစ်ယောက်
၅။ မလိမ္မာသောသူ တစ်ယောက်
ပညာရှိများ၏ ပျက်စီးရခြင်း အကြောင်း( ၃ ) ပါး
••••••••••••••••••••••••••••••••••••••••••
၁။ ယုတ်မာသောသူကို ပညာသင်မိသောကြောင့်
ပျက်စီးရခြင်း
၂။ မကောင်းသောမိန်းမ မယားပြုမိသောကြောင့်
ပျက်စီးရခြင်း
၃။ မသူတော်နှင့်ပေါင်းမိသောကြောင့် ပျက်စီးရခြင်း
မတင့်တယ်သော အရာ ( ၈ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ မင်းမရှိသည့် တိုင်းပြည်
၂။ ရေမရှိသည့် မြစ်
၃။ သစ်မရှိသည့် တောခြောက်
၎။ အတောက်မရှိသည့် မီး
၅။ စည်းမရှိသည့် ရွာ
၆။ ကြာမရှိသည့် ကန်
၇။ အောင်လံမတည်သည့် ရထား
၈။ လင်မရှိသည့် မိန်းမ
ပစ္စည်းယိုပေါက် ( ၆ ) ခု
••••••••••••••••••••••
၁။ ပျင်းရှိခြင်း
၂။ မေ့လျော့ပေါ့ဆခြင်း
၃။ အလုပ်မကျွမ်းကျင်မှု ခိုကပ်မှုရှိခြင်း
၎။ အိပ်ချိန် အလုပ်နားချိန်များလွန်ခြင်း
၅။ စည်းကမ်းမရှိခြင်း
၆။ အလုပ်ကို အချိန်မှီ မပြီးစီးခြင်း
စီးပွားယုတ်စေသော အကျင့် ( ၆ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ နေမြင့်အောင် အိပ်ခြင်း
၂။ ပျင်းရိခြင်း
၃။ နုတ်လက်ကြမ်းတမ်းခြင်း
၎။ နိုး၍ ထပ်ခဲခြင်း
၅။ တစ်ယောက်တည်းခရီးသွားခြင်း
၆။ ပဒါနကံပြုခြင်း
သင့်မိတ်ဆွေများကိုလည်း ပြန်လည်မျှဝေပေးဖို့ မမေ့နဲ့နော်။

Edit - TYO

" ဘ၀ဆိုတာ ကော်ဖီတစ်ခွက်လိုပါပဲ.... "










တစ်နေ့မှာ လုပ်ငန်းနေရာအသီးသီးမှာ ရာထူးကြီးကြီး၊ လုပ်ငန်းကြီးကြီးတွေနဲ့လုပ်နေကြတဲ့ တက္ကသိုလ်တစ်ခု က ကျောင်းသား၊ ကျောင်းသူဟောင်းတွေက သူတို့ရဲ့ဆရာဖြစ်ခဲ့တဲ့ တက္ကသိုလ်က ပါမောက္ခဆရာကြီး ဆီကိုအလည်လာကြပါတယ်...။ စကားစမြည်ပြောကြဆိုကြရင်းနဲ့ လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုတွေအရမ်းများတဲ့ အကြောင်းတွေကို ရောက်သွား ပါတယ်။
အဲဒီအချိန်မှာ ပါမောက္ခကြီးက ကော်ဖီတိုက်ဖို့အတွက် မီးဖိုချောင်ထဲဝင်သွားပါတယ်...ခဏနေတော့ ကော်ဖီအိုးကြီးတစ် အိုးနဲ့ ခွက်တွေယူပြီးပြန်ထွက်လာပါတယ် ... ။ ခွက်တွေကလည်း အမျိုးအစား အစုံပါပဲ... ကြွေခွက်၊ ဖန်ခွက်၊ ပလတ်စတစ်၊ ခရစ်စတယ် စသည်ဖြင့်ပေါ့ ..တချို့ခွက်တွေက တော်တော်ဈေးကြီး လိမ့်မယ်။ ပြီးတော့ တချို့ခွက်တွေဆို တော်တော်လေးလက်ရာမြောက်ပါတယ်...။ ဆရာကြီးက သူ့တပည့် တွေကို “ကဲ...ကဲ...ကိုယ်ဟာကိုသာ ထည့်သောက်ကြ တော့...” လို့ ပြောပါတယ်...။
တပည့်တွေ အားလုံး ကော်ဖီခွက်တွေ ကိုယ်စီကိုယ်စီ ကိုင်ပြီးကြတဲ့အချိန်မှာ ဆရာကြီးက “မင်းတို့သတိထား ကြည့်မိမယ်ဆိုရင် မင်းတို့ရွေးယူလိုက်တဲ့ ခွက်တွေက...ကောင်းပေ့ညွန့်ပေ့ ဈေးကြီးပေ့လှပါပေ့ ဆိုတာတွေကိုပဲ ရွေးလိုက်ကြတယ်။ အဲဒီလို အကောင်းဆုံးဆိုတာတွေကို ပဲလိုချင်...ရွေးချင်ကြတာကလည်း သဘာဝပါပဲ... မင်းတို့တစ်တွေ ရဲ့စိတ်ဖိစီးမှုတွေ ပြဿနာတွေရဲ့ အရင်းခံကလည်း အဲဒါတွေပါပဲ” လို့ ဆရာကြီးက ပြောပါတယ်...
“ခွက်ကောင်းတယ်...မကောင်းဘူးဆိုတာက ကော်ဖီရဲ့ အရည်အသွေးအရသာကို သက်ရောက်မှုမရှိနိုင်ဘူး ဆိုတာ သေချာပါတယ်...။ တစ်ခါတလေ အဲဒီလိုခွက်ကောင်းကောင်းဆိုတာတွေကို အာရုံစိုက်ပြီး ကိုယ်သောက်နေတဲ့အရာကိုတောင်မှ မေ့နေတတ်တယ်...။ တကယ်သာ မင်းကော်ဖီကိုပဲသောက်ချင်တယ် ဆိုရင် ခွက်အရမ်းကြီးကောင်းနေဖို့ မလိုအပ်ပါဘူး...သင့်တင့်ရုံဆိုရင် ဖြစ်ပါတယ်...။ ဒါပေမဲ့ တစ်ခါ တလေမှာ အဲဒီအပေါ်ယံဖြစ်တဲ့ ခွက်ကောင်းဖို့ကို ပိုပြီးအာရုံစိုက်မိနေ တတ်ပါတယ်...။ ပြီးတော့လည်း ဒီထက်ကောင်း တဲ့...လှတဲ့ နောက်တစ်ခွက်ကို လိုချင်လာတတ်ပြန်ပါတယ်...။ မင်းတို့စဉ်းစားကြည့်ကြပေါ့... ဘ၀ဆိုတာက ကော်ဖီလိုပဲ...အသုံးအဆောင်ပစ္စည်းတွေ၊ ဇိမ်ခံပစ္စည်းတွေ နေအိမ်၊ တိုက်တာအဆောက်အအုံ၊ ကားစတာတွေ က ကော်ဖီခွက်တွေပါ...။ အဲဒါတွေဟာ ဘ၀ဆိုတဲ့ ကော်ဖီကိုထည့်မယ့် အရာတွေပါပဲ... ခွက်အမျိုးအစား ကောင်း/မကောင်းဆိုတာက တကယ်တော့ မင်းတို့ရှင်သန်တဲ့ဘ၀ရဲ့ အရည်အသွေးကို ပြောင်းလဲ မပေးနိုင်ပါဘူး” လို့ ဆရာကြီးက တပည့်တွေကို ဆုံးမပါတယ်...။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့လည်း “အဓိကနဲ့ သာမည” ဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးဖူးပါတယ်...။ ကျွန်တော်တို့တစ်တွေ ဘ၀မှာ လိုချင်တာ (want) နဲ့လိုအပ်တာ (need) ကို ကွဲပြားဖို့လိုပါတယ်...။ လိုချင်တာတွေကတော့ အမြဲလိုလိုရှိနေမှာပါပဲ... တစ်ခုခုလိုချင် လာတိုင်း Need လား Want လားသုံးသပ် ဖို့လိုပါတယ်...။ ဥပမာ ကိုယ်မှာ ဖုန်းတစ်လုံးရှိပေမယ့်လည်း...သုံးလို့ အဆင်ပြေနေပေမယ့်လည်း မော်ဒယ်အသစ်ထွက်ရင် လိုချင်လာပါတယ်...အဲဒါ တကယ်လိုအပ်ပါရဲ့လား... အဲဒီမော်ဒယ်အသစ်မှာပါတဲ့ ဖန်ရှင် တွေရှိမှကိုယ့်ရဲ့ အရည်အသွေးအတွက်အထောက်အကူပြုမှာ လား...သေသေချာချာစဉ်းစားကြည့်ပါ ...အဲဒီလို Need မဟုတ်ဘဲ... Want သက်သက်ဆိုရင် လိုချင်တာက လိုချင်ပေမယ့်မ၀ယ်သင့်ပါဘူး ...။
ပြီးတော့ ကိုယ့်မှာသင့်တင့်တဲ့ အ၀တ်အစားလည်းရှိမယ်...ပွဲ နေပွဲထိုင်အတွက်လည်း အသင့်အတင့်ရှိမယ်ဆို ရင် ထပ်ဝယ်ဖို့ မလိုအပ်သေးပါဘူး။ ဥပမာ အခမ်းအနားတစ်ခုတက်ရမယ်... မင်္ဂလာဆောင်သွားရမယ် ဆိုပါတော့...လိုက်လျောညီတဲ့ သင့်တော်တဲ့ အ၀တ်အစားမရှိဘူးဆိုရင်တော့ ဒါဟာ Need ပါ ၀ယ်သင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ...လစာထုတ်တဲ့နေ့ ရုံးကပြန်လာတယ်... Shopping Mall တစ်ခုကို ၀င်ပတ်ကြည့်တယ် ... လှတာလေးတွေကလည်း တွေ့တယ်...လက်ထဲမှာကလည်း ပိုက်ဆံပါလာတယ်...ဆိုတော့ ကြိုက်မိတာလေး တွေ ၀ယ်လိုက်ပါတယ်... အဲဒါဟာ တကယ်တော့ Need မဟုတ်ပါဘူး... Want ကို သုံးလိုက်တာ ...ပါ။
တကယ်ကိုယ်ရည်ကိုယ်သွေးရှိတဲ့ အဲဒီအသုံးအဆောင် ပစ္စည်းတွေဟာ အဓိကမကျလှပါဘူး...။ လုံးဝမလိုအပ် ဘူးတော့မဟုတ်ပါ။ သင့်တင့်လျောက်ပတ်တဲ့ အခြေအနေတစ်ခုဆိုရင် အဆင်ပြေပါတယ်။ အဲဒီလို Need နဲ့ Want ကို မကွဲပြားဘဲ ...ဖုန်းတွေ မော်ဒယ်အသစ်တွေ ထွက်တိုင်း... အ၀တ်အစားလှလှတွေတွေ့တိုင်း ...အသုံးအဆောင် အသစ်အသစ်တွေ တွေ့တိုင်းဝယ်ချင်...သုံးချင်နေမယ်ဆိုရင်တော့ ...စိတ်ပင်ပန်းမှုတွေ... အလိုမကျမှုတွေ... နဲ့ ကြုံတွေ့ရတတ်ပါတယ်...။
ဒါကြောင့်...စာဖတ်သူများတစ်ခုခုကို တွေးလိုက်တိုင်း... Need လား Want လားဆိုတာကို သုံးသပ်ကြည့် စေချင်ပါတယ်...။

Edit - TYO

"Success For Life"















မြင့်မြင့်ပျံချင်တဲ့ငှက်တစ်ကောင်းအတွက်အတောင်ညောင်းမှာကိုတော့မကြောက်စေချင်ဘူး
ခက်ခဲတာဟာမဖြစ်နိုင်တာမဟုတ်လို့ပိုပြီးကြိုးစားရမယ်လို့ဆိုလိုတာပါ။
လဲကျတဲ့အရေအတွက်ထက်ပြန်ထတဲ့အရေအတွက်တစ်ကြိမ်ပိုရင်အောင်မြင်ပြီလို့သတ်မှတ်လို့ရပါတယ်။
(ဂန္ဒီ)ကပြောခဲ့တယ်----
လူတွေကကျွန်တော့်ကိုခဲနဲ့ပေါက်ကြတယ်
ကျွန်တော်က အဲဒီခဲတွေနဲ့အိမ်ဆောက်လိုက်တယ် တဲ့လေ။
ကျားလိုက်နေတဲ့အချိန်မှာခွေးဟောင်တာကိုဂရုမစိုက်နဲ့ဆိုသလို
အောင်မြင်မှုပန်းတိုင်ကိုအရောက်လှမ်းနေချိန်မှာပတ်ဝန်းကျင်ရဲ့
ကဲ့ရဲ့ပြစ်တင်ခံရမှာကိုမကြောက်စေချင်ဘူး။
သင်ယူတာဟာလူ့ဘဝရဲ့အားလုံးတော့မဟုတ်ပါဘူး
ဒါပေမဲ့-----လူ့ဘဝရဲ့တစ်စိတ်တစ်ပိုင်းလေးကိုတောက်မှမအောင်မြင်နိုင်ရင်
ဘာလုပ်နိုင်ဦးမှာလဲနော်။
ဒီအချိန်မှာအိပ်ငိုက်နေပြီးအကျိုးမရှိအချိန်ဖြုန်းနေမယ်ဆိုရငိ
မင်းအိပ်မက်ပဲမက်နိုင်မှာပေါ့
ဒီအချိန်မှာ-----ကြိုးစားနေမှမင်းအိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်မှာပါ။
သူများထက်ပိုစော ပိုကြိုးစားနိုင်မှအောင်မြင်မှုရဲ့အရသာကိုခံစားနိုင်မှာပါ။
တစ်နေ့တာကုန်ဆုံးသွားရင်ပြန်မလာနိုင်တော့သလို
အခုတောင်မှသင့်ရဲ့ပြိုင်ဖက်က ဘဝရဲ့အောင်မြင်မှု
စာမျက်နှာတွေကိုအဆက်မပြတ်လှန်နေပြီနော်။
မြန်မြန်လေးအကောင်အထည်ဖော်လိုက်ပါ။

Edit - TYO

Wednesday, April 6, 2016

"အကောင်းမြင်စိတ်ဓါတ်"










သင်တစ်နေရာရာသွားချင်တယ်ဆိုရင် ဘယ်နေရာသွားချင်တယ်ဆိုတာနဲ့
အဲ့ဒီနေရာရောက်အောင်ဘယ်လိုသွားရမယ်ဆိုတာ သိထားရပါမယ်။
အဲ့ဒီနောက်ဘယ်တော့မှအရှံးမပေးလိုက်ပါနှင့်။
.
ဘဝရဲ့လျို့ဝှက်ချက်ဆိုတာ သင်ဖြစ်ပျတ်ကြုံ့တွေ့နေရတဲ့အရာတွေမဟုတ်ပါ။
ကြုံတွေ့လာတဲ့အရာရာတိုင်းကို သင်ဘယ်လိုတုံပြန်ဆောင်ရွက်တယ်ဆိုတာသာဖြစ်ပါတယ်။
.
အခြားသူများရဲ့ပြသာနာကိုကူညီဖြေရှင်းဖို့ကြိုးစားပါ။
ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်ရဲ့ပြသနာတွေကိုကိုင်တွယ်ဖြေရှင်းရာတွင်ပို၍လွယ်ကူကြောင်းတွေ့ရပါလိမ့်မယ်။
.
"မဖြစ်နိုင်ဘူး"ဆိုတဲ့စကားကိုထပ်ကာလဲလဲမပြောဆိုပါနှင့်။ဒီစကားကိုအမှိုက်တောင်းထဲထည့်ထားလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။
.
မိမိကိုယ်ကိုယုံကြည်စိတ်ချမှုရှိခြင်းဟာ အောင်မြင်မှုအတွက်အရေးပါဆုံးလျို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။
ဒါကြောင့်မိမိကိုယ်ကိုယုံကြည်မှုရှိပါစေ။
.
အခက်အခဲတွေကို ကြံ့ကြံ့ခံရပ်တည်ပြီး တစ်ခုခုကိုကြိုးစားလုပ်ဆောင်ခြင်းဖြင့်ကိုယ်တွယ်ဖြေရှင်းဖို့ကြိုးစားကြည့်ပါ။
ဒါဆိုရင်သင့်ရဲ့အခက်အခဲဟာ သင်ထင်ထားတာရဲ့တစ်ဝက်လောက်ပင်မရှိကြောင်းတွေ့လာပါလိမ့်မယ်။
.
ပျော်ရွှင်မှုဆိုတာ မျှဝေခံစားခြင်းဖြင့်တိုးပွားလာစေပါတယ်။သင်တစ်ယောက်တည်းအတွက်သာဖက်တွယ်ထားမယ်ဆိုရင်တော့ပျောက်ကွယ်သွားပါလိမ့်မယ်။
ပျော်ရွှင်မှုဆိုတာမျှဝေခံစားခြင်းအားဖြင့် သင်ထင်ထားတာထက်ပိုပြီးတိုးပွားလာပါလိမ့်မယ်။
.
ပြသနာတွေနဲ့ ပတ်သက်တဲ့သင့်ရဲ့သဘောထားဟာ ပြသနာဆိုတာထက်ပိုပြီးအရေးကြီးပါတယ်။ ဒါကြောင့်အကောင်းမြင်စိတ်ဓာတ်မွေးမြူပါ။
.
စွန့်လွှတ်ခြင်းအားဖြင့် ဘဝကိုဖြတ်သန်းပါ။ သင့်မှာရှိတဲ့အရာအားလုံးဘဝကိုပေးလိုက်ပါ။ ဒါဆိုရင် ဘဝကလည်းသူ့မှာရှိသမျှအရာအားလုံး သင့်ကိုပြန်ပြီးပေးပါလိမ့်မယ်။


Edit - TYO

"ဘ၀သင်ခန်းစာများ"









မူကြိုကျောင်းစတက်တဲ့အချိန်ကနေစပြီး ကျွန်တော်တို့တွေဟာ တက္ကသိုလ်တွေရောက်၊ ဘွဲတွေရဖို့ထိဆိုရင် ဆယ်စုနှစ်နှစ်ခုနီးပါး ကြာပါတယ်။
ဒီကာလအတွင်းမှာ ကျွန်တော်တို့တွေဟာ ရင့်ကျက်တန်သမျှ ရင့်ကျက်ခဲ့သလို၊ လေ့လာမှတ်သားသင့်တာတွေကိုလည်း လေ့လာခဲ့ပါတယ်။
ဒါပေမယ့် ဒီကျောင်းတွေက ဘယ်တုန်းကမှ သင်မပေးလိုက်တဲ့ ဘဝမှာအရေးတကြီးလိုအပ်တဲ့ သင်ခန်းစာတစ်ချို့ရှိပါတယ်။
ဒီသင်ခန်းစာတွေကို သင်ဟာ တကယ့်လက်တွေ့ဘဝထဲရောက်မှ နှာဖူးတွေ့၊ ဒူးတွေ့ ကြုံတွေ့ရတာပါ။ တစ်ချို့က ဒီသင်ခန်းစာတွေကို
ကျော်ဖြတ်အောင်မြင်ခဲ့ကြပေမယ့်၊ တစ်ချို့တွေကတော့ ရှုံးနိမ့်ခဲ့ကြပါတယ်။
၁။ ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲမလဲ။
သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းတက်ခဲ့တဲ့ကာလတစ်လျှောက် ကျွန်တော်တို့တွေ ငွေကြေးစီမံမှုအကြောင်း သိပ်ရေရေရာရာ
သဘောမပေါက်ခဲ့ကြပါဘူး။ တစ်နေ့တာ မုန့်ဖိုးအသုံးစရိတ်ဆိုတာကလွဲရင် ငွေဆိုတာနဲ့ မရင်းနှီးခဲ့ပါဘူး။ ကျောင်းသားဟာ ကျောင်းစာလုပ်ရမယ်ဆိုတဲ့
အသိကိုပဲ ကျွန်တော်တို့ သိခဲ့ကြပါတယ်။ ငွေမက်တယ်ဆိုရင် ရှက်စရာကောင်းတယ်လို့ ခံစားမိတဲ့အထိ ကျွန်တော်တို့ ငွေအပေါ်မှာ
အဓိပ္ပာယ်ကောက်လွဲခဲ့ပါတယ်။
ငွေဆိုတာ ဘဝတစ်လျှောက်လုံး ကျွန်တော်တို့နဲ့ ဆိုးလည်းအတူ၊ ကောင်းလဲအတူ အမြဲတွဲလျက်ရှိနေမယ့် မိတ်ဆွေဆိုလည်း မမှားပါဘူး။ ဒီတော့ ငွေအကြောင်းကို
ကျွန်တော်တို့ သေချာနားလည်သင့်ပါတယ်။ ငွေဆိုတာကို ပြည့်ပြည့်ဝဝနားလည်မှ ငွေကို ဘယ်လိုအသုံးချရမလဲဆိုတာကိုလည်း သဘောက်ပေါက်ရင်း
ငွေနောက်လိုက်တဲ့သူတွေ မဟုတ်ဘဲ ငွေက လူနောက်ကို ပြန်လိုက်ရမယ့်သူတွေ ဖြစ်လာမှာပါ။
၂။ ဘဝတစ်လျှောက် အလုပ်တွေအများကြီး ပြောင်းရမယ်။
ငယ်ငယ်တုန်းကသိထားခဲ့တာက ပညာတွေသင်၊ စာတွေတော်ပြီး ဘွဲတွေရရင် အလုပ်အကိုင်ကောင်းကောင်းရမယ်။ ရာထူးကြီးတွေ တက်သွားရာကတစ်ဆင့်
ကိုယ့်ဘဝလည်း အောင်မြင်လာမယ်။ ဒီလောက်ပဲ စာသင်ကျောင်းတွေက ကျွန်တော်တို့ကို သိစေပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့
တက်တက်စင်အောင် လွဲပါတယ်။ ကျွန်တော်တို့ ဘဝတွေ၊ အလုပ်တွေ ခဏခဏပြိုလဲပါတယ်။ အစကနေ ပြန်စတင်ရပါတယ်။
ကြီးကြီးတက်အောင်မြင်ဖို့ အလုပ်တွေပြောင်းရသလို၊ အခက်အခဲတစ်ချို့ကြောင့် အလုပ်တွေကနေလည်း ထုတ်ခံရပါတယ်။
ဒီတော့ အလုပ်အကိုင် အပြောင်းအလဲတွေ၊ ဘဝမှာ အချိုးအကွေ့သဖွယ် ကြုံလာရင် ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့အကြောင်း ကျွန်တော်တို့ သိဖို့လိုပါတယ်။
၃။ ကမ္ဘာကြီးက လှပတဲ့နေရာတစ်ခုပါ။
ကမ္ဘာကြီးက တကယ်တော့ လှပတဲ့နေရာတစ်ခုပါ။ ကျွန်တော်တို့ ကျောင်းသင်ခန်းစာထဲမှာ ကမ္ဘာမြေကြီးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ
သင်ရပါတယ်။ ကိုယ့်သက်ဆိုင်ရာနိုင်ငံနဲ့ ပါတ်သက်တာတွေ သင်ရပါတယ်။ ဘယ်ဒေသက ဘယ်တွင်းထွက်တွေ၊ သယံဇာတတွေ ထွက်တယ်ဆိုတာတွေလည်း
သင်ရပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးကို ချစ်တတ်အောင်တော့ သင်မပေးလိုက်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ အလှအပတွေကို ခံစားတတ်အောင် လေ့မကျင့်ပေးလိုက်ပါဘူး။
သဘာဝတရားနဲ့ ကမ္ဘာကြီးကို တန်ဖိုးထားတတ်ဖို့ဆိုတာ ငယ်စဉ်ကလေးဘဝကတည်းက နှလုံးသားထဲ ရိုက်ထည့်ပေးလိုက်ရမယ့် အသိတရားတွေပါ။
၎။ အိမ်ထောင်ပြုခြင်၊ ကလေးရခြင်းနောက်ပိုင်း ဘဝတွေ ပြောင်းလဲသွားတတ်တယ်။
အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျသွားတဲ့သူတွေကို မြင်မိတိုင်း ဒီအကြောင်းတရားလေးကို တွေးမိပါတယ်။ လူငယ်တွေက အိမ်ထောင်ပြုတယ်ဆိုတာကို
လွယ်တယ်အထင်နဲ့ ပေါ့ပေါ့တန်တန်သဘောထားတတ်ကြပါတယ်။ ဒီတော့ အချိန်မတန်ခင် အိမ်ထောင်တွေကျပြီး ဘဝမှာ လိုတာထက်ပို ခက်ခဲသွားတတ်ပါတယ်။
မိဘတွေ၊ အသိုင်းအဝိုင်းတွေအမြင်မှာ အိမ်ထောင်ပြုတဲ့ကိစ္စဟာ သားတွေ၊သမီးတွေနဲ့ မဆွေးနွေးသင့်တဲ့ကိစ္စ၊ မျက်နှာပူစရာ ရှက်စရာကောင်းတဲ့ကိစ္စဆိုပြီး
သဘောထားတတ်ပါတယ်။ ဒီတော့ လူငယ်တော်တော်များများမှာ အိမ်ထောင်ပြုခြင်းနဲ့ ပါတ်သက်ပြီး သိပ်လေးလေးနက်နက်မတွေးတတ်တော့ပါဘူး။
အိမ်ထောင်ပြုတာက သင့်ဘဝရဲ့တစ်ဆစ်ချိုးပါ၊ ကလေးပါရပြီဆိုရင်တော့ ဘဝဟာ လုံးလုံးလျားလျား ပြောင်းလဲသွားပါပြီ။
၅။ ကိုယ့်ကိုယ်ကိုရဲ့ အကောင်းဆုံး
ကျွန်တော်တို့ ကျောင်းတွေမှာ သူရဲကောင်းတွေအကြောင်း သင်ရပါတယ်။ တစ်ခါတစ်ရံ ကြက်သီးထစရာကောင်းတဲ့အထိ ခံစားရပါတယ်။
တစ်ခါတစ်ရံ ရဲမာန်တက်ကြွသလောက် တစ်ခါတစ်ရံမှာတော့ အားကျမိပါတယ်။ ဒီအဆင့်မှာတင် ကျွန်တော်တို့ ရပ်တန့်လိုက်ကြပါတယ်။
သူရဲကောင်းတွေဆီက ကောင်းတဲ့အလေ့အကျင့်တွေလည်း အတုယူဖို့ မကြိုးစားမိပါဘူး။ စာမေးပွဲမှာ ဖြေရမယ့် သူတို့အကြောင်းတွေ မှတ်သားပြီးလို့
စာမေးပွဲအပြီး တစ်လကြာတာနဲ့ ခေါင်းထဲမှာ မရှိတတ်တော့ပါဘူး။
နောက်ပြီး စာသင်ကျောင်းတွေက ထိပ်တန်းလူတွေအကြောင်းကို သင်ပေးပါတယ်။ ကျွန်တော်တို့ကိုယ်ကို ဘယ်လိုကောင်းအောင် ပြုပြင်နေထိုင်ရမလဲဆိုတာကို
လမ်းမပြပေးခဲ့ပါဘူး။ ကိုယ်ထူးချွန်တဲ့အရာကို ထူးချွန်သည်ထက်ထူးချွန်အောင် မပျိုးထောင်ပေးပါဘူး။
ဒါပေမယ့် ဒီအရာတွေဟာ ကျွန်တော်တို့ကိုယ်တိုင် ကြိုးပမ်းအားထုတ်ရမယ့်အရာတွေပါ။
ကိုယ်လူတော်တစ်ယောက် ဖြစ်ဖို့အတွက် ကိုယ်တက်ခဲ့တဲ့ ကျောင်းမှာ တာဝန်မရှိပါဘူး။ ကိုယ့်ကို သင်ခဲ့တဲ့ဆရာအပေါ်မှာ တာဝန်မရှိပါဘူး။
ကိုယ့်ကိုယ်ကို အပေါ်မှာပဲ တာဝန်ရှိပါတယ်။
မှတ်ချက်။ ။ ဒီစာကိုရေးဖြစ်တာက စာသင်ကျောင်းတွေကို ဝေဖန်တဲ့စိတ်မဟုတ်ဘဲ ဘဝထဲမှာ ကိုယ်ကြုံတွေ့ရမယ့် သင်ခန်းစာတွေကို ကြိုတင်လေ့လာစေလိုတဲ့စိတ်နဲ့ ဖြစ်ပါတယ်။

Edit - TYO

Tuesday, April 5, 2016

"ရုန်းထွက်နိုင်ဖို့ ကြိုးစားပါ"








ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့ အခါ ဖြစ်တဲ့ နေရာမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ် လို့ လူတွေပြောလေ့ရှိကြတဲ့ စကားတစ်ခွန်းရှိပါတယ် … တကယ်တော့ ဒီစကားဟာ ထင်သလောက်တော့ မလွယ်ပါဘူး၊ မလုပ်ချင်တဲ့ကိစ္စတစ်ခုကို အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ဆိုတာ ရိုးရိုးလေး စဉ်းစားကြည့်ပါ။ ကိုယ်မလုပ်ချင်တဲ့ ကိစ္စဆိုရင် သေးသေးလေးက အစ ကြာရှည်မလုပ်ချင်တတ်ကြတာ သဘာဝပါ … တကယ်လို့ မလုပ်မဖြစ်လို့ လုပ်ရတယ်ဆိုရင်လည်း တာဝန်ကျေရုံလောက်ပဲ အာရုံစိုက်ကြပါတယ် … ။ ဒါကြောင့် ဖြစ်နေတဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ဆိုတာ အပြောလွယ်သလောက် အလုပ်ခက် ပါတယ်။
Julio Mellara က Do You Have Time for SUCCESS? စာအုပ်ထဲမှာ ပြောထားတဲ့ စကား တစ်ခွန်းကို အရမ်းကြိုက်ပါတယ် … ဒီဆောင်းပါးနဲ့လည်း ဆက်စပ်နေပါတယ် … ။ “No one ever drowns because they fall in the water. They drown because they stay in the water.” “ဘယ်သူမှ အမြဲတမ်း ရေနစ်မနေပါဘူး … ရေနစ်နေတဲ့သူတွေကလည်း ရေထဲမှာ နေလို့ပါ” လို့ Julio Mellara က ပြောပါတယ်။ တစ်ခါ တစ်လေ လုပ်တော့ လုပ်နေကြတယ် … ဘာမှ ပြောင်းလဲမလာဘူး … တိုးတက် မလာဘူး .. လို့ခံစားနေရ တဲ့အခါ ဘာကြောင့်ဒီနေရာမှာ ဆက်နေတာလဲ … ဆိုတာကို စဉ်းစားကြည့်ဖို့ လိုပါတယ် … ရုန်းထွက်နိုင်ဖို့ ကြိုးစားကြရပါလိမ့်မယ် … ။ ဘာကြောင့် ရုန်းမထွက်နိုင်တာလဲ … ? ဖြစ်နိုင်တာတစ်ခုက ရုန်းထွက်နိုင်တဲ့ အင်အား တနည်းပြောရင် အရည်အချင်းမရှိလို့လည်း ဖြစ်နိုင်ပါတယ် … နောက်တစ်ခုက comfort zone လို့ပြောနိုင်တဲ့ သက်တောင့်သက်တာ နေရတာကို သာယာနေမိ လို့လည်း ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက တက်လမ်းတော့ မရှိဘူး … ဒါပေမယ့် ဒီမှာလုပ်နေရတာက သက်တောင့် သက်တာဖြစ်တယ် … ဟိုဘက်ရွေ့လိုက် ဒီဘက်ရွေ့လိုက်နဲ့ အချိန်ဆွဲရင်း လကုန်ရင် လစာ ထုတ်လို့ရတယ် … ဆိုတာမျိုးပါ။ မိသားစုထဲမှာလည်း ဒါမျိုးတွေ ဖြစ်နိုင်ပါတယ် … တစ်ချို့ဆို အသက်ကြီး နေပြီ ဘာမှဟုတ်တိပတ်တိ မလုပ်သေးတာမျိုးတွေ တွေ့ဖူးကြမှာပါ။ ဒါမျိုးက comfort zone မှာ သာယာ နေတာပါ … ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားဖို့ တွေးလိုက်ရင် ပင်ပန်းမှာ အခက်အခဲတွေ တွေ့မှာကို မရင် ဆိုင်ချင်တာပါ။ ဒါက ထားလိုက်ပါတော့ အလုပ်နဲ့ပတ်သက်တာ ဆက်ပြောပါမယ်။
အလုပ်တစ်ခုကိုလုပ်တဲ့အခါ ကိုယ့်အတွက် … တနည်းပြောရင် အနာဂတ်အတွက် … ရေရှည် အတွက် ဘာတွေအကျိုးရှိမလဲ … ဘယ်လိုအကျိုးရှိမလဲ .. ဘယ်လောက် အကျိုးရှိလဲ … ဒါကို ထည့်သွင်း စဉ်းစားဖို့လိုပါတယ် … ။ စာရေးသူကတော့ စံနှုန်း ၃-ခု ထားပါတယ် … ပထမတစ်ချက်က ပညာပါ … ဒီအလုပ်မှာ ကိုယ်ကလုပ်နေတဲ့အချိန်မှာ လစာမကောင်းပေမယ့် နောင်တစ်ချိန်မှာ ကိုယ်တိုင် အသက်မွေး ဝမ်းကြောင်းပြုနိုင်တဲ့ ပညာရပ်တစ်ခုခု ရမယ် ဆိုရင် ဒီအလုပ်ကို ရေရှည် လုပ်ထိုက်ပါတယ်။ ဒုတိယ တစ်ချက်က ဝင်ငွေပါ … ကိုယ့်အတွက် စုမိဆောင်းမိနိုင်တဲ့ ဝင်ငွေရမယ် … တစ်ချိန်မှာ ကိုယ်ပိုင်လုပ်ငန်း လေးတစ်ခုလောက် စတင် နိုင်မယ့်ဝင်ငွေမျိုး ရနိုင်တယ်ဆိုရင်လည်း လုပ်ထိုက်ပါတယ် … (စာရေးသူတို့ နိုင်ငံရဲ့ လစာနှုန်းထားနဲ့တော့ ဒီအချက်ကို ထောက်ပံ့ပေးနိုင်တဲ့ အလုပ်မျိုးက ရှိတော့ရှိတယ် ရှားတယ် ဆိုတဲ့ အုပ်စုထဲမှာ ပါဝင်လိမ့်မယ် ထင်ပါတယ်)။ တတိယတစ်ချက်က အခြားခံစားခွင့်ပါ … လစာသိပ် မကောင်းပေမယ့် ရှေရှည်မှာ နေရာ/ထိုင်ခင်း စီစဉ်ပေးတာမျိုး …. ကျန်မာရေး စောင့်ရှောက်မှုပေးတာမျိုး စတဲ့ ကိစ္စမျိုးတွေ ကောင်းတယ် ဆိုရင်လည်း ရေရှည် လုပ်ထိုက်ပါတယ် ။ ကိုယ်လုပ်နေတဲ့ အလုပ်က အဲဒီအချက် ၃-ချက်မှာ တစ်ချက်မှ မကိုက်ညီဘူး ဆိုရင်တော့ ရုန်းထွက်ဖို့ ကြိုးစားရပါတော့မယ်။
ဒါကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက မင်္ဂလသုတ်မှာ ဟောကြားတော်မူထားပါတယ် … “ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတ ပုညတာ။ အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။” “ကုသိုလ် ပညာ ဥစ္စာရဖို့ သင့်ရာ ဒေသ အမြဲနေ” အစချီတဲ့ မင်္ဂလာကဗျာလေးကို သိကြပြီးသားပါ … လက်တွေ့ကျင့်သုံး ကြဖို့ အရေးကြီးပါတယ်။ ဒီလိုရုန်းထွက်ဖို့ ကြိုးစားတဲ့အခါ … ဘာတွေရင်ဆိုင်ရနိုင်လဲ … ဘာတွေဆုံးရှုံးနိုင်လဲ …. ဒါတွေကိုလည်း ထည့်သွင်းတွက်ချက်ဖို့ လိုပါတယ် … ။ အဲဒီလို ရုန်းထွက်ဖို့ ကြိုးစား တဲ့အခါ တစ်ချို့တွေက ကိုယ့်မှာ ရုန်းထွက်နိုင်တဲ့ အရည်အချင်းမရှိတာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကို မယုံမရဲ ဖြစ်နေတာမျိုးတွေလည်း ရှိတတ်ပါတယ် … နောက်တစ်ချက်က ဒီအလုပ်ကထွက်လိုက်ရင် ကြုံလာမယ့် risk ကို စိုးရိမ်ကြောင့်ကြတာလည်း ပါပါတယ်။ အဲဒီ risk ကို စိုးရိမ်ကြောင့်ကြနေတယ် ဆိုတာကိုက comfort zone ကို သာယာနေတာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ risk ကို ကျော်ဖြတ်နိုင်ဖို့အတွက် ကိုယ့်ရဲ့ အရည်အချင်းက ဘာတွေလိုအပ်လဲ …. အချိန်ဘယ်လောက် ယူဖို့လိုအပ်လဲ … ဒါတွေကို ထည့်သွင်းတွက်ချက်ဖို့ လိုပါတယ် … ။
အရည်အချင်းဖြည့်ဖို့အတွက် လက်ရှိအလုပ်ထဲကပဲ … အချိန်ယူမလား … အလုပ်ကို တစ်ခါတည်းထွက်ပြီး အချိန်အပြည့်အဝ ယူမလား ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ် … ။ risk အတွက် စဉ်းစားတွက်ချက်ပြီးရင် နောက်ထပ် ဆက်လုပ်မယ့် အလုပ်အတွက် ဆက်ပြီး အစီအစဉ်ချဖို့လိုပါတယ် … ဘယ်လိုအလုပ်မျိုးကို လုပ်ချင်တာလဲ … ဘာကို လိုချင်တာလဲ … ဘာကြောင့်လိုချင်တာလဲ … ဘယ်လောက်လိုချင်တာလဲ … ဘယ်အချိန်မှာ လိုချင်တာလဲ … ဒီအကြောင်းတွေ ဆက်တွေးကြည့်ပါ … သေသေချာချာ သိပြီဆိုရင် အသေးစိတ် အစီအစဉ် ချမှတ်ပါ … ။
ဒါတွေအာလုံး စဉ်းစား တွက်ချက်၊ အစီအစဉ်ချပြီးသွားတဲ့ အခါ … အထက်မှာပြောခဲ့တဲ့ အချက် ၃-ချက်မှာ တစ်ချက်မှ မကိုက်ညီဘူးဆိုရင် … ဘုရားဟောဒေသနာတော်နဲ့လည်း မကိုက်ညီတဲ့ “ပတိရူပ ဒေသ၀ါသော စ၊” မဟုတ်တဲ့အခါ …. ရုန်းထွက်နိုင်ဖို့ ကြိုးစားပါလို့ တိုက်တွန်းလိုက်ပါတယ် … ။

Edit - TYO

"အရေးကြီးတာ အရင်လုပ်ပါ"














တစ်ခါတုန်းက ဒသနိကဗေဒ ပါမောက္ခတစ်ယောက် က အတန်းမစခင်မှာ စားပွဲပေါ်မှာ ပစ္စည်း ပစ္စယ တချို့ တင်ပြီးတော့ ရပ်နေပါတယ် … ။ အတန်းလည်းစရော … ဘာမပြောညာမပြော နဲ့ ခရား အလွတ်တစ်ခု ကို ယူပြီးတော့ ကျောက်ခဲတွေ ထည့်လိုက်ပါတယ်။
ပြီးတော့မှ “ဒီ ခရားက ပြည့်နေပြီလား” လို့ ကျောင်းသားတွေကို မေးလိုက်ပါတယ် … ကျောင်းသား တွေကလည်း “ပြည့်နေပါပြီ” လို့ ဖြေကြပါတယ် … ။
အဲဒါနဲ့ ပါမောက္ခကြီးက ကျောက်စရစ်ခဲလေးတွေ ကောက်ပြီးတာ့ ခရားထဲကို လောင်းထည့် လိုက်ပါတယ် … ။ ခရားကို ဖြည်းဖြည်းခြင်း လှုပ်ပြီးတော့ ဆက်ထည့်ပါတယ် … ။ ကျောက်စရစ်ခဲလေး တွေက ပထမ ထည့်ထားတဲ့ ကျောက်ခဲတွေကြားက နေရာလွတ်လေးတွေကို … ရသလောက် နေရာဝင်ယူ ကြပါတယ်။
ပါမောက္ခကြီးက ကျောင်းသားတွေကို “ဒီ ခရားက ပြည့်နေပြီလား” လို့ ဆက်မေးပြန်ပါတယ် … ။ ကျောင်းသားတွေကလည်း “ပြည့်နေပါပြီ” လို့ ထပ်ဖြေကြပြန်ပါတယ် … ။
ဆက်ပြီးတော့ ပါမောက္ခကြီးက သဲတစ်ဗူးကို ယူပြီးတော့ ခရားထဲကို လောင်းထည့်ပြန်ပါတယ် … ။ သဲတွေကလည်း ခရားထဲမှာရှိတဲ့ နေရာလွတ်မှန်သမျှ နေရာဝင်ယူလိုက်ပါတယ် … ။
နောက်ထပ်တစ်ကြိမ် ဆက်ပြီးတော့ ပါမောက္ခကြီးက “ခရားက ပြည့်ပြီလား” မေးပြန်ပါတယ် … ။ ကျောင်းသားများကလည်း “ဟုတ်ကဲ့ပါ” လို့ တစ်ညီတစ်ညွတ်တည်း ဖြေကြပါတယ် …. ။
“ကဲ … ဒီခရားကို မင်းတို့ ဘဝ လို့ ဆိုကြပါစို့ … ကျောက်ခဲတွေက မင်းတို့ဘဝရဲ့ အရေးကြီးတဲ့ အရာတွေပဲ … ဆိုလိုတာက ကိုယ့်ရဲ့မိသားစု၊ ကျန်းမာရေး၊ တွေပေါ့ … ကျန်တဲ့အရာတွေ ဆုံးရှုံးရင် တောင်မှ အရေးကြီးတာတွေက ကိုယ့်ဘဝထဲမှာ ကျန်နေသေးပါတယ် … ။ ကျောက်စရစ်ခဲတွေကတော့ မင်းတို့ရဲ့ အလုပ်အကိုင်၊ အိမ်၊ ကား စတဲ့ အခြားကိစ္စတွေပေါ့ … ၊ သဲတွေကတော့ ဘဝရဲ့ အသေးအဖွဲ့ကိစ္စ လေးတွေပေါ့ …
တကယ်လို့သာ မင်းတို့က သဲတွေကိုသာ ခရားထဲကို အရင်ထည့်လိုက်မယ် ဆိုရင် ကျောက်ခဲတွေ၊ ကျောက်စရစ်ခဲတွေ ထည့်ဖို့ နေရာ ရှိမှာ မဟုတ်တော့ဘူး …
မင်းတို့ရဲ့ လုပ်နိုင်သမျှ စွမ်းအားတွေ၊ အချိန်တွေကို အသေးအဖွဲ့ ကိစ္စလေးတွေအတွက်ပဲ အသုံးပြု လိုက်မယ်ဆိုရင် အခြားအရေးကြီးတဲ့ ကိစ္စတွေကို လုပ်နိုင်တော့မှာ မဟုတ်တော့ပါဘူး … ။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ကြပါ … ၊ မိသားစုကို အချိန်ပေးပါ၊ အလုပ်ကိစ္စတွေကို ဂရုစိုက်ပါ … ကျန်တာတွေ ကတော့ သဲတွေလိုပါပဲ … ” လို့ ပါမောက္ခကြီးက ဆုံးမပါတယ် … ။
ကျွန်တော်တို့ ဘဝတွေတိုင်းဟာ အချိန်တွေနဲ့ တည်ဆောက်ထားတာပါ … ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်လိုချင်လို့ မရပါဘူး … ဒါကြောင့်မို့ ရထားတဲ့ လူဘဝ အချိန်ခဏလေးကို ဘဝအတွက် အရေးမပါတာတွေ နဲ့ မကုန်ဆုံးစေဘဲ … အရေးကြီးတာတွေကို အရင်လုပ်ပြီး … တန်ဖိုးရှိအောင် လုပ်ကြပါစို့ …. ။

Credit
Edit - TYO

သင့်ဘ၀လမ်းကို ဘယ်လိုလျှောက်မလဲ









သင့်ဘ၀လမ်းကို ဘယ်လိုလျှောက်မလဲ
(ဆရာကြီးအောင်သင်း၏ အမှာစကားများ)
(၁) မိမိ အတွင်းစိတ် နှင့် စွမ်းရည် ကို စစ်ဆေး၍ ဘဝ အထုံ ကို ရှာပါ။
(၂) ဘဝကံကြောင့် မိမိလိုချင်သည့် ပန်းတိုင်ကို တိုက်ရိုက် မသွားနိုင်စေဦးတော့ အစားထိုး အောင်မြင်နိုင်သည်ကို သတိရပါ။
(၃) ထိုပန်းတိုင် ကို ရောက်နိုင်ရန် ဆုမတောင်းပါနှင့်၊ ဆုပန်ပါ။
(ခိုင်မာသော အဓိဌာန်ချပါ)
(၄) ကြိုးပမ်းနေခိုက်တွင် မုချကြုံရမည် ဖြစ်သော လောကဓံ ကို သည်းခံ ရင်ဆိုင် နိုင်အောင် စိတ်ကို လေ့ကျင့်ထားပါ။
(၅) ငယ်ငယ် နှင့် မသေအောင် ဂရုစိုက်ပါ။ ကျန်းမာအောင်နေပါ။ (သေလျှင် ဘာမှ မလုပ်နိုင်၊ မကျန်းမာလျှင်လည်း ဘာမှ မလုပ်နိုင်။ ဘာမှ မလုပ်နိုင်လျှင် ဘာမှ မဖြစ်နိုင်ကြောင်း သတိရပါ။)
(၆) တာဝန်သိသော လူကြီးများက မိမိတို့အတွက် ရေးထားပေးခဲ့သမျှ စာ၊ လုပ်ပေးခဲ့သမျှ အသီးအပွင့် ကို ရအောင် ဆည်းပူးပါ။
(၇) ကိုယ့်အလှည့် ရောက်လာလျှင်လည်း မျိုးဆက်သစ် အတွက် တစ်ခုခု လုပ်ပေးရမည် ဟူသော တာဝန်သိစိတ်ကို ယခုကတည်းက မွေးပါ။

Credit
Edit - TYO

😷မိဘတွေကို မပြောသင့်သော စကား (၁ဝ)ခွန်း ထိုစကားများ ပြောခြင်းမှ အထူးရှောင်ကြဉ်ပါနော်) -----------------------------------------------------






 





မိဘတွေကို မပြောသင့်သော
စကား (၁ဝ)ခွန်း ထိုစကားများ ပြောခြင်းမှ အထူးရှောင်ကြဉ်ပါနော်)
-----------------------------------------------------
လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ်...
တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။
သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို
ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.....
လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊
သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။
ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ
ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။
သင် ဘာအမှားပဲလုပ်လုပ်.. သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။
မိဘရဲ့ရင်ခွင်ဟာ... သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာ ဆိပ်ကမ်းဖြစ်ပါတယ်။

(၁) အင်းပါ! အင်းပါ! သိပြီ...၊ အရမ်းရှုပ်တာပဲ!
(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို
ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့
(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!
(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။
သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။
ဒါပေမဲ့... ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်။
(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။
ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်။
(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့။
(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို
ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။
ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ..။
(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။
ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်။
(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။
(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!
မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။
သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ... နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက
ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား...!

Monday, April 4, 2016

"အနေအထိုင် အေးဆေးသူတွေရဲ့ လျှို့ဝှက် (၇) "










၁ - သူများထက်ခင်တတ်တယ်
အနေအေးပေမဲ့ သူတို့ကို အရမ်းခင်တယ်လို့ ခံစားရပြီး သူတို့ကလည်း အရမ်းခင်တယ့်လူဆို စကားတွေ အများကြီးပြောပါတယ်။
၂ - သူများထက်ပိုသိ၊ ဒါပေမဲ့ မပြော
သူတို့က လူတွေနဲ့ဆက်ဆံတဲ့ အခါ လေ့လာစောင့်ကြည်နေသူတွေဖြစ်ပါတယ်။ စကားတွေအများကြီး မပြောလို့ ဘာမှမသိဘူး မထင်ပါနဲ့။ သူတို့က အားလုံးကို တိတ်တိတ်လေး အကဲခတ်နေသူမို့ သူများထက် ပိုသိတတ်ပါတယ်။
၃ - သူငယ်ချင်း
သူငယ်ချင်းနည်းပေမဲ့ အရင်းကြီးလို့ ပြောလို့ရတဲ့ သူငယ်ချင်းရှိပါတယ်။
၎ - နားထောင်ခြင်းရဲ တန်ဖိုး
သင်စကားပြောနေတဲ့အချိန်မှာ စကားဖြတ်ပြောချင်တဲ့ အရိပ်အယောင်မျိုး သူက ပြမှာ မဟုတ်ပါဘူး။ လူတွေကို စကားတွေပြောပြီး ဆက်ဆံရတာထက် နားထောင်ပြီး ဆက်ဆံတတ်သူတွေပါ။
၅ - အလုပ်
အနေအေးလို့ အလုပ်ထဲမှာ မထင်ပေါ်ပဲ အလုပ်မလုပ်နိုင်ဘူးလို့ မထင်လိုက်ပါနဲ့။ စကားနည်းနည်းပြောတဲ့လူက အလုပ်များများလုပ်တဲ့လူတွေပါ။
၆ - အထီးမကျန်ပါ
အနေအေးပြီး အပေါင်းအသင်းနည်းလို့ သူတို့ကမ္ဘာက ပျင်းစရာကောင်းတယ် မထင်လိုက်ပါနဲ့။ ဒီလိုလူမျိုးတွေမှာ စွဲစွဲမြဲမြဲ ဝါသနာတွေ ရှိတတ်ပါတယ်။ ဒီဝါသနာတွေပေါ် နှစ်မြှပ်နေရတာကို ကျေနပ်နေသူတွေပါ။ စာအုပ်ဖတ်မယ်၊ ရုပ်ရှင်ကြည့်မယ်၊ ကဗျာရေးမယ် သူတို့ကမ္ဘာမှာလည်း ရွေးချယ်စရာတွေ အများကြီးပါ။
၇ - အရည်အချင်း
သူတို့က လူအများကြီးနဲ့ နေရတာထက် အပေါင်းအသင်းအုပ်စုသေးသေးလေးကို သဘောတွေ့သူပါ။ မိတ်ဆွေဆက်ဆံရေးမှာ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးသူတွေပါ။

"လူငယ်များဖတ်ဖို."












လူငယ်တို့သည် အတောင်ပါသော ငှက်ကလေးများဖြစ်ကြသည်။
ပျံသန်းခွင့်.........ပေးလိုက်ပါ။
သစ်သားနှင့်တူပေမဲ့ နံ့သာတုံးက ထင်းမဖြစ်ပါ။ သူ့ရဲ့ သင်းပျံ့တဲ့ မွှေးရနံ့ကြောင့်ပေါ့။
အသေအချာဆုံး ရင်းနှီးမြှုပ်နှံမှု့ကတော့ ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။
ဆုံးဖြတ်ချက်ဆိုရင် ဖြေးဖြေးချ။ လုပ်စရာရှိရင် မြန်မြန်လုပ်။
ရိုးရိုးကန်ရုံနဲ့ မအောင်မြင်နိုင်ဘူး ရုန်းပြီးကန်လိုက်စမ်းပါ။
တစ်ခါမှ အမှားမလုပ်ဖူးတဲ့သူဟာ ဘာမှ မလုပ်ဖူးတဲ့သူပဲ။
တံခါးဖွင့်ထားတယ် တွန်းပြီးဝင်လာရမှာက မင်းအလုပ်။
သက်သာဖို့မကြိုးစားပါနဲ့ အရည်အချင်းရှိဖို့ ကြိုးစားပါ။
ဒူးထောက်ပြီး အသက်ရှင်ရတာထက် မက်တပ်ရပ်ပြီး သေရတာကမြတ်တယ်။
ပညာဆိုတာ ရတဲ့နေရာမှာယူ လိုတဲ့နေရာမှာသုံး။
ရိုးသားခြင်းက ခိုးစားခြင်းထက် ပိုပြီးမြတ်တယ်။
ဝီရိယဆိုတာ ပင်ပန်းစွာ လုပ်ခိုင်းတာမဟုတ်ပါ။ နိုးကြားထကြွခြင်းကိုသာ ဆိုလိုတာပါ။
စွန့်ပစ်သင့်တဲ့ လူ့ဘ၀ရဲ့ အမှိုက်လေးမျိုးရှိတယ်။ အဲ့ဒါ.... လောဘ၊ ဒေါသ၊ အတ္တ၊ မာန။
ကလဲ့စားချေတယ်ဆိုတာ ကိုယ်ရှုံးနိမ့်ခဲ့ဖူးကြောင်း ၀န်ခံလိုက်တာပါပဲ။
မရိုးသားဘူးဟု ထင်ရသူထက်စာလျှင် ရိုးသားချင်ယောင်ဆောင်သူက ပိုကြောက်စရာကောင်းပါသည်။
လောကကြီးမှာ မင်းထက်တော်တဲ့လူ မရှိဘူး၊
လောကကြီးမှာ မင်းထက်ကြိုးစားနေတဲ့ လူတွေပဲရှိတယ်။
ဒုက္ခဆိုတာ ကိုယ်စိုက်ခဲ့သော သစ်ပင်ဖြစ်သည်။
မာနဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီးတူးဆွခံနေရတဲ့ ပေါက်ချွန်းတစ်လက်ပါ။
ပိုက်ဆံရှိတိုင်း.... လူချမ်းသာမဟုတ်ဘူး။ စာရိတ္တမွဲရင်...လူမွဲပဲ။
အလုပ်မလုပ်သောသူများသည်
အလုပ်လုပ်သော သူများထက်ပိုပြီး မောပန်းလွယ်ကြ၏ ။
နိုင်ရင်ခေါင်းမော့ချင်မော့။ ဒါပေမဲ့ရှုံးရင်တော့.... ခေါင်းမငုံ့မိပါစေနဲ့ ။
ဒုက္ခတွေထဲမှာ မျှော်လင့်ခြင်းများစွာနဲ့ အသက်ရှင်နေရတာလည်း
ဒုက္ခတစ်ခုပါပဲနော်။
ဆင်းရဲခြင်းများ၊ ပူလောင်ခြင်းများ၊ ငိုကြွေးခြင်းများဖြင့် အထပ်ထပ်
ရစ်ပတ်နှောင်ဖွဲ့ခံထားရတဲ့ သတ္တ၀ါကို လူဟုခေါ်ပါသည်။
လူတစ်ယောက်ရဲ့ အနာဂတ်ကို သိချင်ရင် အဲဒီလူရဲ့ ပစ္စုပ္ပန်အလုပ်ကို ကြည့်ရတယ်တဲ့။
အောင်မြင်တယ်ဆိုတာ အခက်အခဲတွေနဲ့ ဒုက္ခတွေကို အနိုင်ရခဲ့ခြင်းဖြစ်တယ်။
တိုးတက်ချင်တဲ့သူဟာ ဝေဖန်ခြင်းကို လက်ခံရတယ်။

Edit - TYO

" အမြင် ကိုပြောင်းလဲ ရမှာ "








တစ်ခါတုန်းက
တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိတယ်
ဘုရင်ကြီးမှာ ထူးဆန်းတဲ့ မျက်စိဝေဒနာတစ်မျိုး စွဲကပ်နေသတဲ့
သူ့မျက်စေ့ဟာ မခံရပ်နိုင်အောင်ကျိန်းစပ်နေပါတယ်...။ သမားတော်မျိုးစုံနဲ့လည်းကုသပြီးပြီ။ ဆေးမျိုးစုံလည်း သောက်ပြီးပြီ။ ဒါပေမယ့် ဝေဒနာက လုံးဝမသက်သာဘူးတဲ့။
တစ်နေ့မှာတော့ ဘုရင်ကြီးရဲ့ဝေဒနာကို ကုသပေးနိုင်မယ့် ရသေ့ကြီးတစ်ပါးကို အမတ်ကြီးတစ်ပါးကပင့်လာခဲ့ပါတယ်...။
ရသေ့ကြီးဟာ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေအပြီးမှာ ဘုရင်ကြီးကိုပြောတယ်...
" အရှင်မင်းကြီး... ဘာမှမစိုးရိမ်ပါနဲ့
ဘာဆေးမှလည်းသောက်ဖို့မလိုပါဘူး... အရှင်မင်းကြီးမျက်စိဟာ အစိမ်းရောင်တစ်ရောင်ကလွဲလို့ တခြားအရောင်တွေကို လက်မခံနိုင်ပါဘူး... အခြားအရောင်တွေ မြင်တာနဲ့ အရှင်မင်းကြီး မျက်စိဟာ ကျိန်းစပ်နေမှာပါပဲ.... ဒါ့ကြောင့် အစိမ်းရောင်ကလွဲလို့ ကျန်တဲ့အရောင်တွေမျက်စိပေါ်မကျပါစေနဲ့...
ကျုပ်လည်း နောက်ရက်အနည်းငယ်ကြာမှပဲ ပြန်လာကြည့်ပေးပါမယ်.... "
လို့ဆိုပြီး သူနေထိုင်ရာ တောထဲကို ပြန်ကြွသွားပါတယ်...
ဒီလို့...နဲ့
ရက်အနည်းငယ်အကြာမှာတော့ ရသသေ့ကြီးဟာ နန်းတော်ထဲကို ပြန်ကြွလာပါတယ်...
ဘုရင်ကြီးရဲ့ အဆောင်မဝင်ခင်တံခါးဝအရောက်မှာတော့ တံခါးစောင့်ဟာ အစိမ်းရောင်ဆေးပုံးတစ်ပုံးယူလာပြီး ရသေ့ကြီးအပေါ်လောင်းချလိုက်ပါတော့တယ်။
ရသေ့ကြီးလည်း ရုတ်တရက်ဆိုတော့ အံ့သြသွားတာပေါ့...။ အနီရောင်သင်္ဃန်းရုံထားတဲ့ ရသေ့ကြီးခမျာ တစ်ကိုယ်လုံး အစိမ်းရောင်ဆေးတွေဖုံးအုပ်သွားခဲ့တယ်။
ဘာကြောင့်ဒီလိုလုပ်ရတာလဲလို့ စုံစမ်းတော့မှ ဘုရင်ကြီးဟာ အစိမ်းရောင်မှလွဲပြီးတခြားအရောင်တွေကို မြင်လို့မရတဲ့အတွက်ကြောင့် ဘုရင်ကြီးမြင်နိုင်မယ့်အရာမှန်သမျှကို ဆေးသုတ်သမားတွေခေါ်ပြီး အစိမ်းရောင်သုတ်ထားကြောင်း သိရတယ်။ ဒီတော့မှ ရသေ့ကြီးက ဟက်ဟက်ပက်ပက်ရယ်မောပြီး ဘုရင်ကြီးကို ပြောတယ်...
" ဟား... ဟား...ဟား... ဖြစ်မှဖြစ်ရလေ အရှင်မင်းကြီးရယ်...
အသပြာလေး အနည်းလောက်သာကုန်ကျမယ့် အစိမ်းရောင်မျက်မှန်လေးဝယ်တပ်လိုက်ရင် ပြီးမယ့်ဟာကို ဒီလောက်အကုန်ကျခံ အပင်ပန်းခံပြီး ဆေးတွေလိုက်သုတ်နေရသလား... မင်းကြီးက တစ်ကမ္ဘာလုံးကို ဆေးလိုက်သုတ်နိုင်လို့လား...
တကယ်လုပ်ရမှာက မင်းကြီးရဲ့အမြင်ကိုပဲပြောင်းလဲရမှာ..."
လို့ မိန့်လိုက်သတဲ့ကွယ်....။
ဒီလိုပါပဲ ...
လောကမှာ အရာရာက ကိုယ့်စိတ်နဲ့ အဆင်ပြေမယ့်အရာတွေချည်း ၊ လူတိုင်းက ကိုယ်နဲ့စိတ် သဘောထားချင်းတိုက်ဆိုင်တဲ့သူ
တွေချည်း ဘယ်တွေ့နိုင်ပါမလဲ...
ကိုယ်နဲ့ အယူအဆ မတူသူတိုင်းကို ကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့အခြေနေတိုင်းကို ကိုယ်နဲ့တူအောင် လိုက်ပြောင်းနေလို့မဖြစ် နိုင်ပါဘူး ...
တကယ်ပြောင်းလဲရမှာက
ကြုံလာတဲ့အခြေနေတိုင်းကို ကိုယ့်ဘက်က ဘယ်လို ခံယူမလဲဆိုတဲ့ ကိုယ့်ခံယူချက် ကိုယ့်အမြင်ကိုပဲ
ကိုယ်တိုင်ပြောင်းလဲရမှာ ဖြစ်ပါတယ်
Ref : ဦးသုည